မင်းအောင်လှိုင် ရုရှားရောက်နေချိန် ဒုချုပ်စိုးဝင်းက အစိုးရအဖွဲ့ဝင်တွေကို အရေးပေါ်ခေါ်တွေ့

News

မင်းအောင်လှိုင် ရုရှားရောက်နေချိန် ဒုချုပ်စိုးဝင်းက အစိုးရအဖွဲ့ဝင်တွေကို အရေးပေါ်ခေါ်တွေ့

#DeltaNewsAgency

အကြမ်းဖက်စစ်အုပ်စု ခေါင်းဆောင် မင်းအောင်လှိုင် ရုရှားကိုခရီးထွက်နေချိန်မှာ စစ်ကောင်စီခန့်ထားတဲ့ အစိုးရအဖွဲ့ဝင် ဝန်ကြီးတွေကို ဒုချုပ်စိုးဝင်းက နေပြည်တော်ပေါင်းလောင်းဂေါက်ကလပ်မှာ ဒီနေ့မနက် ၅ နာရီ အရောက်လာဖို့ အမိန့်ပေးပြီး အရေးပေါ်ခေါ်တွေ့တယ်လို့ တပ်တွင်းသတင်းရင်းမြစ်တဦးက DNA ကိုပြောပါတယ်။

“သတင်းပေါက်ကြားမှာ စိုးလို့ ညကမှ အသိပေးတယ်လို့ သိရတယ် ၊ ဒီနေ့မနက် ငါးနာရီအရာက်လာဖို့ ဆိုပြီး အမိန့်ပေးတယ် ၊ ရန်ကုန်-မန္တလေးလမ်းမကြီးက လာလို့မရဘူး အတွင်းလမ်းသုံးပြီးတော့ လာရမယ်ဆိုပြီး ခေါ်တာ၊ ဂေါက်လည်းရိုက်မယ် ၊ စားသောက်ပွဲလည်း ရှိမယ်လို့ သိရတယ် ၊ အဲဒီဝန်းကျင် တခုလုံးကို အကြမ်းဖက်တိုက်ဖျက်ရေးအင်အားအကုန်သုံးပြီး လုံခြုံရေးချထားတယ်”လို့ ပြောပါတယ်။

DNA အနေနဲ့ နေပြည်တော်အဝန်းအဝိုင်းကို စုံစမ်းရာမှာ အရေးပေါ်ခေါ်တယ်ဆိုတာကို ရာနှူန်းပြည့်နီးပါး အတည်ပြုနိုင်ပေမယ့် ဘာကြောင့် ကြိုတင်အသိမပေးပဲ ညတွင်းချင်းအမိန့်ပေးပြီး ခေါ်တွေ့တယ်ဆိုတာကိုတော့ မသိရသေးပါဘူး ။ မင်းအောင်လှိုင်ရဲ့ အိမ်ပြန်ခရီးကို လေဆိပ်က ကြိုဖို့ စီစဉ်တာဆိုရင် ဂေါက်ကွင်းမှာ လူစုတာဟာ သဘာဝမကျတဲ့အတွက် တခြားရည်ရွယ်တဲ့ အကြောင်းအရာတခုခု ရှိနိုင်တယ်လို့လည်း နေပြည်တော်သတင်းရင်းမြစ်တဦးက သုံးသပ်ပါတယ်။

“ဂေါက်ကွင်းထဲက ဘန်ဂလိုအကြီးတလုံးရှိတယ် ၊ မိုင်တဲတာဝါတိုင် နောက်နားမှာ အဲဒီမှာ တွေ့ကြတာ ၊ မနက်၉ နာရီလောက်အထိတော့ ပြန်ထွက်လာကြတာ မတွေ့ရသေးဘူးလို့”ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က ရုရှားနိုင်ငံ ခရီးစဉ်အဖြစ် မော်စကိုမြို့ကို ရောက်နေခဲ့တာ ဖြစ်ပြီး တပ်တွင်းအာဏာသိမ်းခံရမှာကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ သူနဲ့အတူ စစ်ဗိုလ်ချုပ်တွေရဲ့ ဇနီးတွေကိုလည်း ခရီးစဉ်မှာ ခေါ်သွားတယ်လို့ သိရပါတယ်။

Crd

Unicode

မင္းေအာင္လွိုင္ ႐ုရွားေရာက္ေနခ်ိန္ ဒုခ်ဳပ္စိုးဝင္းက အစိုးရအဖြဲ႕ဝင္ေတြကို အေရးေပၚေခၚေတြ႕

#DeltaNewsAgency

အၾကမ္းဖက္စစ္အုပ္စု ေခါင္းေဆာင္ မင္းေအာင္လွိုင္ ႐ုရွားကိုခရီးထြက္ေနခ်ိန္မွာ စစ္ေကာင္စီခန႔္ထားတဲ့ အစိုးရအဖြဲ႕ဝင္ ဝန္ႀကီးေတြကို ဒုခ်ဳပ္စိုးဝင္းက ေနျပည္ေတာ္ေပါင္းေလာင္းေဂါက္ကလပ္မွာ ဒီေန႔မနက္ ၅ နာရီ အေရာက္လာဖို႔ အမိန႔္ေပးၿပီး အေရးေပၚေခၚေတြ႕တယ္လို႔ တပ္တြင္းသတင္းရင္းျမစ္တဦးက DNA ကိုေျပာပါတယ္။

“သတင္းေပါက္ၾကားမွာ စိုးလို႔ ညကမွ အသိေပးတယ္လို႔ သိရတယ္ ၊ ဒီေန႔မနက္ ငါးနာရီအရာက္လာဖို႔ ဆိုၿပီး အမိန္႔ေပးတယ္ ၊ ရန္ကုန္-မႏၲေလးလမ္းမႀကီးက လာလို႔မရဘူး အတြင္းလမ္းသုံးၿပီးေတာ့ လာရမယ္ဆိုၿပီး ေခၚတာ၊ ေဂါက္လည္းရိုက္မယ္ ၊ စားေသာက္ပြဲလည္း ရွိမယ္လို႔ သိရတယ္ ၊ အဲဒီဝန္းက်င္ တခုလုံးကို အၾကမ္းဖက္တိုက္ဖ်က္ေရးအင္အားအကုန္သုံးၿပီး လုံျခဳံေရးခ်ထားတယ္”လို႔ ေျပာပါတယ္။

DNA အေနနဲ႔ ေနျပည္ေတာ္အဝန္းအဝိုင္းကို စုံစမ္းရာမွာ အေရးေပၚေခၚတယ္ဆိုတာကို ရာႏႉန္းျပည့္နီးပါး အတည္ျပဳနိုင္ေပမယ့္ ဘာေၾကာင့္ ႀကိဳတင္အသိမေပးပဲ ညတြင္းခ်င္းအမိန႔္ေပးၿပီး ေခၚေတြ႕တယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး ။ မင္းေအာင္လွိုင္ရဲ့ အိမ္ျပန္ခရီးကို ေလဆိပ္က ႀကိဳဖို႔ စီစဥ္တာဆိုရင္ ေဂါက္ကြင္းမွာ လူစုတာဟာ သဘာဝမက်တဲ့အတြက္ တျခားရည္ရြယ္တဲ့ အေၾကာင္းအရာတခုခု ရွိနိုင္တယ္လို႔လည္း ေနျပည္ေတာ္သတင္းရင္းျမစ္တဦးက သုံးသပ္ပါတယ္။

“ေဂါက္ကြင္းထဲက ဘန္ဂလိုအႀကီးတလုံးရွိတယ္ ၊ မိုင္တဲတာဝါတိုင္ ေနာက္နားမွာ အဲဒီမွာ ေတြ႕ၾကတာ ၊ မနက္၉ နာရီေလာက္အထိေတာ့ ျပန္ထြက္လာၾကတာ မေတြ႕ရေသးဘူးလို႔”ဆိုပါတယ္။

အာဏာသိမ္းေခါင္းေဆာင္ မင္းေအာင္လွိုင္ဟာ ၿပီးခဲ့တဲ့ အဂၤါေန႔က ႐ုရွားနိုင္ငံ ခရီးစဥ္အျဖစ္ ေမာ္စကိုၿမိဳ႕ကို ေရာက္ေနခဲ့တာ ျဖစ္ၿပီး တပ္တြင္းအာဏာသိမ္းခံရမွာကို ႀကိဳတင္ကာကြယ္တဲ့အေနနဲ႔ သူနဲ႔အတူ စစ္ဗိုလ္ခ်ဳပ္ေတြရဲ့ ဇနီးေတြကိုလည္း ခရီးစဥ္မွာ ေခၚသြားတယ္လို႔ သိရပါတယ္။

Crd

Leave a Reply

Your email address will not be published.