မြိုင်မြို့နယ်တွင် စစ်ကောင်စီကဖမ်းဆီးထားတဲ့ PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်သားတစ်ဦးက ထိပ်တုံးနဲ့လက်ထိပ်ဖြုတ်လွှတ်ပေး
ဧရာဝတီတိုင်းမ်
ဇူလိုင်လ ၁၅ ရက်
မကွေးတိုင်း၊မြိုင်မြို့နယ်၊ဝက်ပုတ်ရွာတွင် စစ်ကောင်စီကဖမ်းဆီးထားသည့် PDF ရဲဘော် ၂ ဦးကို စစ်ကောင်စီတပ်သားတစ်ဦးက ဇူလိုင်လ ၁၄ ရက် ည ၈ နာရီဝန်းကျင်တွင် ထိပ်တုံး၊လက်ထိပ်များ ဖြုတ်၍လွှတ်ပေးလိုက်ကြောင်း မြိုင်ဒေသခံတစ်ဦးထံက သိရသည်။

မြိုင် အနောက်ပိုင်းနှင့်ပေါက်နယ်စပ်ရေနံမှော်ဘက်တွင် စစ်စခန်းချထားသည့် စစ်ကောင်စီတပ်သားများမှ အဆိုပါ PDF ရဲဘော် ၂ ဦးကို ဝက်ပုတ်ရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံထားရသည့် PDF ရဲဘော် ၂ ဦးဖြစ်သည်။

ထို့ပြင် ဝက်ပုတ်ရွာ စစ်ကောင်စီစခန်းရှိ စစ်ကောင်စီတပ်သားတဦးကထိပ်တုံး လက်ထိပ်များကို ဖြုတ်ပေးပြီး လွတ်ပေးလိုက်သည့်အပြင် အဆိုပါ PDF ရဲဘော် ၂ ဦးကို လွတ်မြောက်ရာနယ်မြေအထိ ပို့ဆောင်ပေးခဲ့တယ် လို့ ဗိုလ်ဂျမ်းတုံး ကပြောသည်။
ဓာတ်ပုံ-WeLoveMyaing
Crd
Unicode