ထောင်ကထွက်ပီး လူမိုက်ကြီးလုပ်နေတဲ့ မင်းအုပ်စိုး ဒီတစ်ခါတော့ မလွယ်တော့ပါဖူး စခန်းမှူး ဗဟန်းမြို့မရဲစခန်း
အကြောင်းအရာ။ အမှုဖွင့်အရေးယူပေးပါရန်
တိုင်ကြားခြင်း
ရက္စြဲ-၁၂- ၅၊ ၂ဝ၂၂
ကျွန်မ ဒေါ်ဝင်းမာအေး (၄၄)နှစ် (ဘ) ဦးမြင့်ဆွေ(မိ) ဒေါ်သန်းမြင့်၊ ၁၄ /မမက (နိုင်)၁၁၄၃၆၈၊ ဗမာ/ဗုဒ္ဓ၊ တည်ခိုးခန်းပိုင်ရှင် (အိုအေစစ်လုပ်ငန်းစု)၊ အမှတ် ၅၄၂ ဖိုးစိန်လမ်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ် နေသူမှ အောက်ပါအတိုင်း အမှုဖွင့်အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။




၂။ ကျွန်မသည် မြေပိုင်ရှင် ဦးမင်းအုပ်စိုး(၁၄/ ဘကလ (နိုင်) ၀၀၄၃၅၃)နှင့် (၁ ၆ ၂၀၂၁) ရက်နေ့တွင်မြေငှားရမ်းခြင်း ကတိစာချုပ်ကို ချုပ်ဆိုပြီး ငှားရမ်းခဲ့ပြီးနောက် အဆိုပါမြေပေါ်တွင် အဆောက်အဦးသစ်တစ်ခုကိုကျွန်မပိုင် ငွေကျပ်သိန်းသုံးထောင် အကုန်အကျခံပြီး အိုအေစစ်-၂ တည်းခိုခန်းအမည်ဖြင့်တည်းခိုခန်းအား ဖွင့်လှစ်ခဲ့ပါသည်။ (၈ ၅၊ ၂၀၂၂) ရက်နေ့တွင် ဦးမင်းအုပ်စိုးမှ ကျွန်မ ဒေါ်ဝင်းမာအေး
အားစာချုပ်အသစ်တစ်စောင် ထပ်မံချုပ်ဆို လက်မှတ်ရေးထိုးပေးရန် ပြောဆိုပြီး စာချုပ်နှစ်စောင်အား ပေးခဲ့ပါသည်။ ၃။စာချုပ်အသစ်တစ်စောင် ထပ်မံချုပ်ဆို လက်မှတ်ရေးထိုးပေးရန် ပြောဆိုပြီး စာချုပ်မှအဆိုပါစာချုပ်တွင်ပထမချုပ်ဆိုခဲ့ကြသည့်ရင်းနှီးမတည်ငွေ ကျပ်သိန်းသုံးထောင်နှင့် (၁၀)နှစ်ငှားရမ်းမည့်အကြောင်းအရာများ မပါဝင်ဘဲ ဦးမင်းအုပ်စိုးမှ ၎င်းပိုင်




ဆောက်လုပ်ပြီးသားတည်းခိုခန်းအား တစ်နှစ်တစ်ကြိမ်သက်တမ်းဖြင့် ငှားရမ်းမည်ဟု တစ်ဖက်သတ်ရေးသားထားသည့်အတွက်(၉. ၅. ၂၀၂၂)ရက်နေ့ တာမွေမြို့ နယ်၊နတ်မောက်ရပ်ကွက်၊ ဖိုးစိန်လမ်း၊ အိုအေစစ် -၁ တည်းခိုခန်းတွင် ရှိနေစဉ် နေ့လည်(၁)နာရီခွဲအကျော်ခန့်၌မြေပိုင်ရှင် ဦးမင်းအုပ်စိုးအား ကျွန်မမှ အဆိုပါစာချုပ်တွင် လက်မှတ်မထိုးပေးနိုင်ဟု ဖုန်းဆက်၍ ပြောဆိုခဲ့သဖြင့်ဦးမင်းအုပ်စိုးမှ
“မင်းကိုငါသတ်မည်၊ လူသတ်ဖို့ဝန်မလေးဘူး”အစရှိသည်ဖြင့် ပြောဆိုခဲ့ပါသည်။ ထို့နောက်ဦးမင်းအုပ်စိုးနှင့် အမည်မသိအမျိုးသား(၄)ဦး၊ အမည်မသိအမျိုးသမီး(၄)ဦး စုစုပေါင်းလူ(၉)ဦးမှ တုတ်/ဓါးလက်နက်များကိုင်ဆောင်၍ ကျွန်မ မရှိစဉ် နေ့လယ် (၂)နာရီခန့် အချိန်တွင် ကျွန်မဖွင့်လှစ်ထားသည့် အိုအေစစ်-၂ တည်းခိုခန်းအတွင်းသို့




“နင်တို့ ပိုင်ရှင်ကို သတ်ပစ်မည်”ဟု အော်ဟစ်ဆဲဆို ဝင်ရောက်ကာ မန်နေဂျာဖြစ်သူဒေါ်မြင့်မြင့်စန်း (ခ)ဒေါ်တင်နွယ်စိုး၊ မဖြူဖြူဝင်း၊ မအိကေခိုင်၊ မမိုးမိုးတို့အား အတင်းအဓမ္မ လူအင်အားဖြင့်ဝိုင်းဝန်းရိုက်နှက်ထိုး ကြိတ်ကြသည့်အပြင် ဒေါ်မြင့်မြင့်စန်း(ခ)ဒေါ်တင်နွယ်စိုး ဝတ်ဆင်ထားသော လော့ကတ်သီးပါရွှေဆွဲကြိုး(၃) မတ်သားခန့် (ကာလတန်ဖိုး-၁၄ သိန်းခန့်) အား ဖြုတ်ယူဆွဲဖြတ်သည့်အပြင်
အဝတ်အစားများအားလည်း ဆွဲဖြဲခဲ့ကြသည်ကို သိရှိခဲ့ရပါသည်။ ထို့အပြင် ၎င်းအချိန်၌ တည်းခိုခန်းတွင် တည်းခိုနေသူများ၏ အခန်းများကိုလည်း တုတ်များဖြင့် ရိုက်ကန်ကျောက်ဖွင့်လှစ်ကာ ဧည့်သည်များအား နှင်ထုတ်ခဲ့ပြီး ခြံစောင့်ဦးကျော်ဝင်းလင်မယားကိုလည်း ညစ်ညမ်းဆဲဆိုကြိမ်းမောင်းပြီး ခြံအပြင်သို့ ရောက်အောင် လူအင်အားဖြင့် ဆွဲထုတ်ခဲ့ကြသည်ကို သိရှိရပါသည်ထိုသို့ကျွန်မ၏ ဝန်ထမ်းများအား ဆဲဆိုကြိမ်းမောင်းပြီး တည်းခိုခန်းခြံဝန်းအပြင်ဘက်သို့ လူအင်အားဆွဲထုတ်မှုကြောင့်




ဒေါ်မြင့်မြင့်စန်း (ခ)ဒေါ်တင်နွယ်စိုး၊ မဖြူဖြူ ဝင်းတို့မှာ ထိခိုက်ဒဏ်ရာများရရှိခဲ့သဖြင့်ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ရဲဆေးစာဖြင့် သွားရောက်ပြသခဲ့ရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌပြင်ပလူနာ (မစိုးရိမ်ရ)အဖြစ် လက်ခံကုသပေးခဲ့ပါသည်။ ကျွန်မ၏ ဝန်ထမ်းများအား ရိုက်နှက်၍ တည်းခိုခန်းအပြင်သို့ အဓမ္မဆွဲထုတ်ခဲ့မှုကြောင့် ကျွန်မမှဝန်ထမ်းများအား
ဒီဇယ်ဆီဖိုးပေးရန် ငွေကျပ်(၁၀)သိန်းအပါအဝင် အခန်းငှားရမ်း၍ရသည့် ငွေကြေးများနှင့် ပစ္စည်းမျှသိမ်းယူနိုင်ခြင်းမရှိကြဘဲ ကြောက်လန့်တကြားထွက်ပြေးခဲ့ကြသည်ကို သိရှိရပါသည်။ မင်းအုပ်စိုးနှင့် အမည်မသိအမျိုးသား(၄)ဦး၊ အမည်မသိအမျိုးသမီး(၄)ဦး စုစုပေါင်းလူ(၉)ဦးမှဒုတ်ဒါးလက်နက်များကိုင်ဆောင်၍ ဝင်ရောက်လာပြီး တည်းခိုခန်း အခန်းတံခါးများအား ကန်ကြောက်မှုကြောင့်အခန်းအမှတ်(၄ဝ၁)အခန်းတံခါး




( ကာလတန်ဖိုး-၃သိန်းခွဲ)နှင့် အခန်းအမှတ်(၃၁၂) ကာလတန်ဖိုး ၃သိန်းခွဲ)တို့ပျက်ဆီးဆုံးရှုံးခဲ့ရပါသည်။ သို့ဖြစ်၍ ကျွန်မပိုင် အိုအေစစ်-၂ အမည်ဖြင့် ဖွင့်လှစ်လုပ်ကိုင်လျှက်ရှိသည့် တည်းခိုခန်းအဆောက်အဦးအတွင်းသို့ တုတ်/ဓါးလက်နက်များကိုင်ဆောင်ပြီး ကျွန်မအား သတ်ပစ်မည်ဟု အော်ဟစ်ကာဝင်ရောက်လာပြီးဝန်ထမ်းများအား ကိုယ်ထိလက်ရောက်ရိုက်နှက်ကျူးလွန်ကာ
တည်းခိုခန်းအတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးပြီးခြံဝန်းတံခါးအား သော့ခတ်ကာ အတင်းအဓမ္မသိမ်းယူခဲ့သော ဦးမင်းအုပ်စိုး၊ အမည်မသိအမျိုးသား(၄)ဦးနှင့်အမည်မသိအမျိုးသမီး(၄)ဦး၊ စုစုပေါင်း(၉)ဦးတို့အား အရေးယူပေးပါရန် တိုင်ကြားအပ်ပါသည်။ (တိုင်ကြားသူ) ဒေါ်ဝင်းမာအေး(ဘ)ဦးမြင့်ဆွေ ၁၄/မမက(နိုင်)၁၁၄၃၆၈၊အမှတ် ၅၄ ဖိုးစိန်လမ်း၊ နတ်မောက်ရပ်ကွက်၊ တာမွေမြို့နယ် ဝ၉-၅၁၄၈၉၄
Crd