မြန်မာ့တော်ဝင်နဂါးတပ်တော် တိုက်ပွဲသတင်းထုတ်ပြန်ကြေညာချက်
News
ရက်စွဲ။ ။၂၀၂၂ ခုနှစ်၊ဇူလိုင်လ(၁၃) ရက်။
၂၀၂၂ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် ညနေခင်း ၄:၁၀ အချိန်ခန့်တွင်
မြန်မာ့တော်ဝင်နဂါးတပ်တော် (M.R.D.A) အထူးကွန်မန်ဒိုအဖွဲ့မှ ​ဒေသတွင်းဖြန့်ကျက်ထားသော အင်အားစုများကို စုစည်း၍ မြိုင်မြို့နယ်၊ ဌေးအောင်ကျေးရွာကို မီးရှို့ပြီး ထွက်လာသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို ဌေးအောင်ကျေးရွာ အနောက်ဘက်အနီးတွင် ပျောက်ကြားထိုးစစ်ပုံစံဖြင့် tat-ကွင်းထဲအရောက်ကို စောင့်၍ အကြီးအငယ်များသုံး ဖြတ်တောက်ခဲ့ရာ အနည်းဆုံး စစ်ကောင်စီတပ်သား ၇ ယောက်အထက်ကို အင်အားလျှော့ချနိုင်ခဲ့ပါသည်။
ထိတွေ့ချိန် မိနစ် ၄၀ ကျော်ခန့် ရှိခဲ့ပြီး ယင်းပျောက်ကြားဖြတ်တောက်မှုတွင် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)အထူးကွန်မန်ဒိုအဖွဲ့မှ စစ်သည်တော်များအားလုံး အထိခိုက်မရှိဘဲ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါသည်။
တိုင်းပြည်၏အနာဂတ်အောင်ပွဲအတွက် မြန်မာ့တော်ဝင်နဂါးတပ်တော်(M.R.D.A)၏ နဂါးစစ်သည်တော်များအနေဖြင့် မိဘပြည်သူများ၏ စေတနာ
ဖြင့် အစဥ်မပြတ်ကြိုးစားလျက်ရှိပါကြောင်း သတင်းထုတ်ပြန်ကြေငြာအပ်ပါသည်။
“တိုင်းပြည်၏ သမိုင်းကောင်းတခေတ် ပြည်သူ့လက်ဖြင့် ထုဆစ်နိုင်ရမည်”
#ဗိုလ်နဂါး
#မြန်မာ့တော်ဝင်နဂါးတပ်တော်
#Myanamr’s Royal Dragon Army
#ဗိုလ်နဂါး
Crd
Unicode
Leave a Reply
Your email address will not be published.