တော်လှန်ရေးမှာ အသက်ပေးလှူသွားတဲ့ အညတြရဲဘော် ညီအကိုသုံးယောက်

News

ေႏြဦးေတာ္လွန္ေရးမွာ အသက္ေပးလႉသြားတဲ့ အညၾတရဲေဘာ္ ညီအကိုသုံးေယာက္

သက္တန႔္ (MFP) ေရးသားထုတ္လုပ္သည္။

“မိုင္း ေဖာက္ခြဲဖို႔အတြက္ တာဝန္ေပးတယ္ဆိုတာ တအား (အင္မတန္) စိတ္ရွည္တဲ့ သူမ်ိဳးေတြ၊ သည္းခံတဲ့ သူမ်ိဳးေတြ၊ ရဲရဲဝံ့ဝံ့ လုပ္ရဲကိုင္ရဲတဲ့ သူမ်ိဳးေတြ အဲ့ဒါမ်ိဳးေတြကို ေ႐ြးၿပီးေတာ့ တာဝန္ေပးထားရတာကိုး။ အဲလိုမ်ိဳးေတြ သုံးေယာက္ အစုလိုက္ အၿပဳံလိုက္ က်ဆုံးသြားတာ ဆိုေတာ့ က်ေနာ္တို႔အတြက္ အမ်ားႀကီး နစ္နာပါတယ္။

ေတာ္လွန္ေရး အတြက္လည္း အမ်ားႀကီး နစ္နာပါတယ္” ယင္းမာပင္ခ႐ိုင္ PDF တပ္ရင္း(၁) ျပန္ၾကားေရး တာဝန္ခံ ရဲေဘာ္ေမာင္ရင္ေသြးေႏြဦးေတာ္လွန္ေရးမွာ အာဏာသိမ္းစစ္ေကာင္စီကို ေတာ္လွန္တိုက္ခိုက္ရင္း လူမသိသူမသိ က်ဆုံးသြားရတဲ့ ျပည္သူ႔ကာကြယ္ေရး PDF ရဲေဘာ္ေတြ ေျမာက္မ်ားစြာ ရွိပါတယ္။ အဲဒီထဲမွာ ယင္းမာပင္ခ႐ိုင္ PDF တပ္ရင္း (၁)က အညၾတရဲေဘာ္ ညီေနာင္ သုံးေဖာ္လည္း ပါဝင္ ပါတယ္။

စစ္ကိုင္းတိုင္း ယင္းမာပင္ၿမိဳ႕နယ္မွာ ေနထိုင္တဲ့ အသက္(၁၉)ႏွစ္အ႐ြယ္ ကိုသက္ပိုင္ဦး၊ အသက္(၂၂)ႏွစ္အ႐ြယ္ ကိုမင္းဘိုဘိုနဲ႔ အသက္(၃၃)ႏွစ္အ႐ြယ္ ကိုဟိန္းထက္စိုးတို႔ဟာ ဖက္ဒရယ္ဒီမိုကေရစီ ႏိုင္ငံသစ္ကို ရည္ေမွ်ာ္ၿပီး အာဏာသိမ္း စစ္အုပ္စုကို ခုခံတိုက္ခိုက္ရင္းနဲ႔ ၿပီးခဲ့တဲ့ ဇြန္(၁၅)ရက္မွာ က်ဆုံးခဲ့ရပါတယ္။

ဇြန္(၁၅)ရက္က မေကြးတိုင္း ဂန႔္ေဂါဘက္ကေန ဂန႔္ေဂါ – ပုလဲ – ယင္းမာပင္ – မုံ႐ြာ လမ္းအတိုင္း မုံ႐ြာဘက္ ဆင္းလာတဲ့ အာဏာသိမ္း စစ္အုပ္စုရဲ႕ ကားအစီး (၁၀၀)ေက်ာ္ကို ယင္းမာပင္နယ္ထဲမွာ ေစာင့္ႀကိဳ မိုင္းဆြဲ တိုက္ခိုက္ရင္း စစ္အုပ္စုႏွင့္ တိုက္ပြဲျဖစ္ကာ က်ဆုံးခဲ့ရတာ ျဖစ္ပါတယ္။
”ကားတန္းေတြ လာတဲ့အခ်ိန္မွာ မိုင္းဆြဲဖို႔ ေလးပြိဳင့္ ေထာင္ထားတယ္။ အဲဒီ ေလးပြိဳင့္ေထာင္ထားတဲ့ အခ်ိန္မွာ ကားေတြက ေရာက္လာတယ္။ ေရာက္လာတဲ့အခ်ိန္မွာ ခါးေလာက္မွာ ျဖတ္ဆြဲတယ္။ သူတို႔ (စစ္အုပ္စု)က အထိနားၿပီး ႏွစ္ပြိဳင့္ကြဲသြားတဲ့ အခ်ိန္မွာ ကားေတြ ရပ္သြားတယ္။

ရပ္သြားတဲ့အခ်ိန္မွာ ေနာက္ကားေအာက္မွာ ႏွစ္ပြိဳင့္ က်န္ေနေတာ့ ႏွစ္ပြိဳင့္က်န္ေသးတယ္ ထပ္ခြဲမယ္ဆိုတဲ့အခ်ိန္မွာ အဲဒီ မိုင္းႀကိဳးေတြကို ျဖတ္သြားတဲ့အခါက် က်ေနာ္တို႔က ျဖတ္သြားမွန္း မသိလိုက္ဘူး။ မသိလိုက္ေတာ့ အဲဒီဟာကို ရေအာင္ ေရွ႕တိုးၿပီး ထပ္ခြဲတဲ့အခ်ိန္မွာ သူတို႔က ျပန္ပတ္လာတယ္။ (၁၅)မိနစ္ေလာက္ ေနတဲ့အခ်ိန္မွာ သူတို႔က ေရာက္လာတာ။

က်ေနာ္တို႔ကို မွတ္မိသြားတယ္။ မွတ္မိသြားတဲ့ အခ်ိန္မွာ လက္နက္ႀကီးေတြနဲ႔ ထုေတာ့ ထုတဲ့အခ်ိန္မွာ ရဲေဘာ္သုံးေယာက္က လက္နက္ႀကီးမွန္ၿပီးေတာ့ တစ္ေနရာတည္းမွာပဲ စုၿပဳံၿပီး ရွိေနတဲ့အခ်ိန္မွာ မေသေသးဘူး။ မေသေသးတာကို သူတို႔က မေသမခ်င္း ဓားနဲ႔ ထိုးသတ္သြားတယ္” မိုင္းဆရာ ညီေနာင္ သုံးေဖာ္ က်ဆုံးခဲ့ရတဲ့ အေျခအေနနဲ႔ ပတ္သက္ၿပီး ယင္းမာပင္ခ႐ိုင္ PDF တပ္ရင္း(၁)ရဲ႕ တပ္ရင္းမႉး ဗိုလ္လင္းထြဋ္က ေျပာျပပါတယ္။

က်ဆုံးခဲ့ရတဲ့ ကိုသက္ပိုင္ဦး၊ ကိုမင္းဘိုဘိုနဲ႔ ကိုဟန္းထက္စိုးတို႔ ရဲညီေနာင္ သုံးေဖာ္ဟာ ယင္းမာပင္ခ႐ိုင္ PDF တပ္ရင္း(၁)ရဲ႕ မိုင္းထုတ္လုပ္ေရးနဲ႔ ေဖာက္ခြဲ တိုက္ခိုက္ေရးေတြမွာ တာဝန္ယူထားတဲ့သူေတြ ျဖစ္ၾကၿပီး အရပ္အေခၚ ဆိုရင္ေတာ့ တပ္ရင္းရဲ႕ “မိုင္းဆရာ”ေတြ ျဖစ္ၾကပါတယ္။

အာဏာမသိမ္းခင္ကေတာ့ ကိုသက္ပိုင္ဦးနဲ႔ ကိုမင္းဘိုဘိုတို႔ ႏွစ္ဦးက တကၠသိုလ္ေက်ာင္းသားေတြ ျဖစ္ၿပီး ကိုဟိန္းထက္စိုးကေတာ့ လက္သမားဆရာ ျဖစ္ပါတယ္။ သူတို႔ သုံးဦးက ညီအကိုဝမ္းကြဲ ေတာ္စပ္ၾကၿပီး တစ္႐ြာတည္း အတူေန သူေတြလည္း ျဖစ္ၾကပါတယ္။

က်ဆုံးရဲေဘာ္ သုံးဦးလုံးဟာ သူတို႔အိမ္မွာ အငယ္ဆုံးသားေတြ ျဖစ္ၾကၿပီး ေတာ္လွန္ေရးအေပၚ ထားတဲ့ သူတို႔ရဲ႕ စိတ္အားထက္သန္မႈနဲ႔ ခံယူခ်က္ ျပင္းျပမႈေတြကို ယင္းမာပင္ခ႐ိုင္ PDF တပ္ရင္း(၁) ျပန္ၾကားေရး တာဝန္ခံ ရဲေဘာ္ေမာင္ရင္ေသြးက အခုလို ေျပာျပပါတယ္။

ရဲေဘာ္မင္းဘိုဘိုက ယင္းမာပင္နယ္မွာ စစ္ပညာသင္တန္းေတြ စဖြင့္ေတာ့ တက္ေရာက္ခ်င္ေပမယ့္ သူ႔အဖြားက ခြင့္မျပဳတာေၾကာင့္ ထမင္းမစားဘဲ ဆႏၵျပခဲ့တဲ့အထိ စိတ္ဆႏၵ ျပင္းျပခဲ့သူ ျဖစ္တယ္လို႔ နီးစပ္သူေတြက ေျပာပါတယ္။

“ရဲေဘာ္မင္းဘိုဘိုေပါ့။ သူဆိုလို႔ရွိရင္ က်ေနာ္တို႔ aဒသမွာက နကိုတည္းက စစ္သင္တန္းေက်ာင္းေတြ မဖြင့္ခင္တည္းကေတာင္မွ တူမီးေတြနဲ႔ တပ္ရင္းတပ္ဖြဲ႕ေတြ မျဖစ္ခင္ကတည္းက တိုက္ခဲ့ၾကတယ္။ စိတ္အားထက္သန္ေတာ့ တပ္ရင္း(၁)မွာ စၿပီး စစ္သင္တန္းေက်ာင္းေတြ ဖြင့္ၿပီဆိုေတာ့ လူေတြ အဲဒီအခ်ိန္က စြန႔္ၿပီး ထြက္လာတဲ့သူေတြ နည္းတယ္။ အဲနည္းတဲ့ကာလမွာ ကတည္းက သူက စစ္သင္တန္း သြားခ်င္တာ။

သူ႔အိမ္ရဲ႕ အဓိကစီမံခန႔္ခြဲတာက သူက ေျမးအငယ္ဆုံးလည္း ျဖစ္တယ္။ သူ႔အေမႀကီးက ဒီ PDF ထဲကိုဝင္မွာ လက္နက္ကိုင္ေတာ္လွန္မွာ တအားစိုးရိမ္တာ။ ငယ္ေသးတာကိုး။ အဲေတာ့က် ခြင့္မျပဳဘူး။ ခြင့္မျပဳေတာ့ ကေလးက ဘာလုပ္လဲဆိုေတာ့ ထမင္းမစားဘူး ဆႏၵျပတဲ့အခ်ိန္မွာ သုံးရက္ေျမာက္ေက်ာ္ ေလးရက္ေျမာက္ေန႔မွာ သူ႔အေမႀကီးေတြေရာ လက္ေလွ်ာ့ၿပီးေတာ့ ခြင့္ျပဳလိုက္ရတာ။ ေနာက္အပတ္မွာ သင္တန္းေက်ာင္းကို စတက္တယ္။ အဲဒီက ဆင္းလာၿပီးကတည္းက သူတို႔က မိုင္းဆြဲတာကို တစိုက္မတ္မတ္ တာဝန္ယူခဲ့ၾကတာပဲ”

ေဒသတြင္း တိုက္ပြဲေတြ ေခတၱ ရပ္နားေနခ်ိန္ အိမ္အလည္ျပန္ခြင့္ ေပးရင္ေတာင္ အဲ့ဒီ ညီေနာင္ သုံးေဖာ္ထဲက အငယ္ဆုံး ရဲေဘာ္ ကိုသက္ပိုင္ဦးဟာ အိမ္မျပန္ဘဲ စခန္းမွာပဲ က်ရာတာဝန္ကို အဆက္မျပတ္ ထမ္းေဆာင္ေနသူ ျဖစ္တယ္လို႔ ရဲေဘာ္ ေမာင္ရင္ေသြးက ဆက္လက္ ေျပျပပါတယ္။

“တပ္ရင္း(၁) စစ္သင္တန္းေက်ာင္းမွာ လာတက္တယ္။ သူက (ရဲေဘာ္သက္ပိုင္ဦး) လည္း သူ႔အိမ္မွာ အငယ္ဆုံးပဲ။ လူပ်ိဳလူလြတ္လည္း ျဖစ္တယ္။ ျပန္လာၿပီးေတာ့ သူတို႔က တာဝန္အတူတူ ယူၾကတာ။ သူတို႔ တာဝန္ယူတဲ့ေနရာေတြေတာ့ မေျပာေတာ့ဘူး။ စဥ္ဆက္မျပတ္ သူတို႔က ဘာတာဝန္အဓိက ယူလဲဆိုေတာ့ သူတို႔က မိုင္းဆြဲတယ္။ သူတို႔က က်ရာတာဝန္ယူၿပီးေတာ့ ဒီလိုမ်ိဳးသြားခဲ့ၾကတာ။

ခံယူခ်က္ေတာ္ေတာ္ျပင္းတဲ့ ကေလးေတြပါ။ ဘာလို႔တုန္းဆိုေတာ့ စခန္းနဲ႔ သူတို႔ရဲ႕ အိမ္ေတြနဲ႔ဆို မေဝးတာေတာင္မွ တစ္ေခါက္တစ္ခါ ျပန္ဖို႔ေတာင္မွ မျပန္ၾကဘူး။ စဥ္ဆက္မျပတ္ဒီလိုပဲ။ ေန႔ဆိုရင္ေစာင့္ ညဆိုရင္ေစာင့္ အလွည့္က်နဲ႔ ႐ြပ္႐ြပ္ခြၽန္ခြၽန္နဲ႔ က်ိဳးက်ိဳးႏြံႏြံနဲ႔ လိမ္လိမ္မာမာနဲ႔ စိတ္အားထန္းထက္ထက္သန္သန္နဲ႔ လုပ္တဲ့ကေလးေတြပဲဗ်။ က်ဆုံးသြားတာ က်ေနာ္တို႔အတြက္လည္း အမ်ားႀကီးႏွေမ်ာတယ္။ တန္ဖိုးထားမႈလည္း အမ်ားႀကီးျမင့္ခဲ့တယ္”

ညီေနာင္ သုံးေဖာ္ထဲက အကိုႀကီးျဖစ္တဲ့ ရဲေဘာ္ဟိန္းထက္စိုးကေတာ့ သူက ပညာတတ္တစ္ေယာက္မဟုတ္၊ ထက္ထက္ျမက္ျမက္ မရွိေပမယ့္ ခိုင္းတဲ့တာဝန္ကို ေက်ပြန္ေအာင္ ထမ္းေဆာင္မယ္လို႔ မက်ဆုံးမီ နာရီပိုင္းအလိုမွာ ေျပာသြားေၾကာင္း ေမာင္ရင္ေသြးက ျပန္ေျပာင္း ေျပာျပပါတယ္။

“သူနဲ႔ကို (ရဲေဘာ္ဟိန္းထက္စိုး) ေနာက္ဆုံးအေခါက္ မိုင္းဆြဲတဲ့ေန႔ မက်ဆုံးခင္ကဆို သူက ေျပာတာေလးေပါ့။ စိတ္ထဲ သတိရတာေပါ့။ က်ေနာ္က ဟိုလို (ႏိုင္ငံေရးေတြ၊ သေဘာတရားေတြ) မသိဘူးတဲ့။ ေပးတဲ့တာဝန္ပဲ။ ခိုင္းတဲ့ဟာေတာ့ က်ေနာ္က အကုန္လုပ္မွာပဲဗ်ာ။ ဟိုလိုကေတာ့ ထက္ထက္ျမက္ျမက္ မရွိဘူးတဲ့။ ကိုယ္တတ္ႏိုင္တဲ့ ဘယ္တာဝန္ပဲျဖစ္ျဖစ္ အျပည့္အဝယူမယ္။ သူက အဲလိုေလးပဲ ေျပာသြားတာ။

သူက နကိုကတည္းက အသက္ကကြာတာကိုး။ အဲလို ေလးေလးစားစားေျပာတယ္။ အဲဒါေျပာၿပီးေတာ့ ဒီဟာကိစၥလည္း ၿပီးသြားေရာ။ က်ေနာ္တို႔မွာက် ျပန္ၿပီးေတာ့ ရင္ထုမနာ ျဖစ္တာေပါ့ဗ်ာ။ က်ိဳးက်ိဳးႏြံႏြံနဲ႔ ေအးေအးေဆးေဆးနဲ႔ ၿငိမ္ၿငိမ္သက္သက္နဲ႔ မိုင္းေနရာမွာ တာဝန္ေပးတယ္ဆိုတာ တအားစိတ္ရွည္တဲ့သူမ်ိဳးေတြ၊ သည္းခံတဲ့သူမ်ိဳးေတြ၊ ရဲရဲဝံ့ဝံ့လုပ္ရဲတဲ့သူမ်ိဳးေတြ ဒါမ်ိဳးေလးေတြကို ေ႐ြးၿပီးေတာ့ တာဝန္ေပးထားရတာကိုး။ အဲလိုမ်ိဳးေတြ သုံးေယာက္ အစုလိုက္အၿပဳံလိုက္ က်ဆုံးသြားတာဆိုေတာ့ က်ေနာ္တို႔အတြက္ အမ်ားႀကီး နစ္နာပါတယ္။ ေတာ္လွန္ေရးအတြက္လည္း အမ်ားႀကီးနစ္နာပါတယ္”

က်ဆုံးရဲေဘာ္ သုံးဦးဟာ ငယ္႐ြယ္သူေတြ ျဖစ္တာေၾကာင့္ သူတို႔ရဲ႕ အနာဂါတ္အိပ္မက္ေတြ ကိုယ္စီရွိၾကမွာပါ။ ဒါေပမယ့္ သူတို႔ သုံးဦးလုံး ေႏြဦးေတာ္လွန္ေရး ပန္းတိုင္မေရာက္ခင္ လမ္းခုလတ္မွာတင္ က်ဆုံးသြားခဲ့ၾကပါၿပီ။

“သူတို႔ေတြက ေက်ာင္းသားလူငယ္ အ႐ြယ္ေတြလည္း ျဖစ္ၾကေသးတယ္ေလ။ သူတို႔က လူငယ္ဘဝကို ျပည့္ျပည့္၀၀ မခံစားဘူးေသးဘူးေပါ့ဗ်ာ။ မိန္းမပိုးရမယ့္အ႐ြယ္ကိုး။ အဲဒီအ႐ြယ္က ဒီေတာ္လွန္ေရးထဲမွာ ေျခစုံပစ္ဝင္ၿပီးေတာ့ လူငယ္အခြင့္အေရးေတြ ဆုံးရႈံးခဲ့တာပဲေလ။ သူတို႔ စိတ္ကူးအိပ္မက္ေတြေပါ့။ ဘာေတြ ျဖစ္လိမ့္မလဲဆိုတာ က်ေနာ္ျဖင့္ ေတြးေတာင္မေတြးရက္ဘူး” လို႔ ရဲေဘာ္ ေမာင္ရင္ေသြးက ဆိုပါတယ္။

ေႏြဦးေတာ္လွန္ေရးမွာ က်ဆုံးသြားတဲ့ ရဲေဘာ္ေတြရဲ႕ မ်က္ႏွာကို ေထာက္ထားၿပီး ေတာ္လွန္ေရး မေအာင္မခ်င္း ဘာအေၾကာင္းနဲ႔မွ ေသြဖယ္သြားမွာ မဟုတ္ဘူးလို႔လည္း ရဲေဘာ္ ေမာင္ရင္ေသြးက ဆိုပါတယ္။

“သူတို႔က တာဝန္ေက်တယ္ဆိုတာရဲ႕ ဟိုဘက္အထိ လြန္ခဲ့ပါတယ္။ က်ေနာ္တို႔က ညီအစ္ကို သံေယာဇဥ္ထက္ ဒီေတာ္လွန္ေရးမယ္ သူတို႔ကေတာ့ ေသတဲ့အခ်ိန္အထိ တစိုက္မတ္မတ္ လုပ္သြားခဲ့တာပဲေလ။ ဆိုေတာ့ အဲလို အလုပ္လုပ္တဲ့သူေတြရဲ႕ မ်က္ႏွာကို အျပည့္အ၀ ၾကည့္ပါတယ္။

ေတာ္လွန္ေရးအေပၚမယ္ စိတ္ညစ္တာ၊ စိတ္ပ်က္တာ၊ စိတ္အားငယ္တာ၊ စိတ္ကုန္တာ၊ ဒါမ်ိဳးေတြ ျဖစ္လာတိုင္း နည္းမ်ိဳးစုံနဲ႔ က်ဆုံးသြားတဲ့ ရဲေဘာ္ေတြရဲ႕ အလုပ္လုပ္ခဲ့တဲ့ ရဲေဘာ္ေတြရဲ႕ မ်က္ႏွာကို ေထာက္ၿပီးေတာ့ ဘယ္ေသာအခါမွ ဒီ ေႏြဦးေတာ္လွန္ေရး မဆုံးမခ်င္း ဒီေတာ္လွန္ေရးနဲ႔ ေသြဖယ္သြားမွာ မဟုတ္ဘူးဆိုတာကို သူတို႔ သုံးေယာက္အပါအဝင္ က်န္တဲ့က်ဆုံးရဲေဘာ္ေတြ လက္ရွိရဲေဘာ္ေတြကို ကတိကဝတ္ျပဳခ်င္ပါတယ္”

MFP

Crd

Unicode

နွေဦးတော်လှန်ရေးမှာ အသက်ပေးလှူသွားတဲ့ အညတြရဲဘော် ညီအကိုသုံးယောက်

သက်တန့် (MFP) ရေးသားထုတ်လုပ်သည်။

“မိုင်း ဖောက်ခွဲဖို့အတွက် တာဝန်ပေးတယ်ဆိုတာ တအား (အင်မတန်) စိတ်ရှည်တဲ့ သူမျိုးတွေ၊ သည်းခံတဲ့ သူမျိုးတွေ၊ ရဲရဲဝံ့ဝံ့ လုပ်ရဲကိုင်ရဲတဲ့ သူမျိုးတွေ အဲ့ဒါမျိုးတွေကို ရွေးပြီးတော့ တာဝန်ပေးထားရတာကိုး။ အဲလိုမျိုးတွေ သုံးယောက် အစုလိုက် အပြုံလိုက် ကျဆုံးသွားတာ ဆိုတော့ ကျနော်တို့အတွက် အများကြီး နစ်နာပါတယ်။

တော်လှန်ရေး အတွက်လည်း အများကြီး နစ်နာပါတယ်” ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ခံ ရဲဘော်မောင်ရင်သွေးနွေဦးတော်လှန်ရေးမှာ အာဏာသိမ်းစစ်ကောင်စီကို တော်လှန်တိုက်ခိုက်ရင်း လူမသိသူမသိ ကျဆုံးသွားရတဲ့ ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တွေ မြောက်များစွာ ရှိပါတယ်။ အဲဒီထဲမှာ ယင်းမာပင်ခရိုင် PDF တပ်ရင်း (၁)က အညတြရဲဘော် ညီနောင် သုံးဖော်လည်း ပါဝင် ပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ နေထိုင်တဲ့ အသက်(၁၉)နှစ်အရွယ် ကိုသက်ပိုင်ဦး၊ အသက်(၂၂)နှစ်အရွယ် ကိုမင်းဘိုဘိုနဲ့ အသက်(၃၃)နှစ်အရွယ် ကိုဟိန်းထက်စိုးတို့ဟာ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ကို ရည်မျှော်ပြီး အာဏာသိမ်း စစ်အုပ်စုကို ခုခံတိုက်ခိုက်ရင်းနဲ့ ပြီးခဲ့တဲ့ ဇွန်(၁၅)ရက်မှာ ကျဆုံးခဲ့ရပါတယ်။

ဇွန်(၁၅)ရက်က မကွေးတိုင်း ဂန့်ဂေါဘက်ကနေ ဂန့်ဂေါ – ပုလဲ – ယင်းမာပင် – မုံရွာ လမ်းအတိုင်း မုံရွာဘက် ဆင်းလာတဲ့ အာဏာသိမ်း စစ်အုပ်စုရဲ့ ကားအစီး (၁၀၀)ကျော်ကို ယင်းမာပင်နယ်ထဲမှာ စောင့်ကြို မိုင်းဆွဲ တိုက်ခိုက်ရင်း စစ်အုပ်စုနှင့် တိုက်ပွဲဖြစ်ကာ ကျဆုံးခဲ့ရတာ ဖြစ်ပါတယ်။
”ကားတန်းတွေ လာတဲ့အချိန်မှာ မိုင်းဆွဲဖို့ လေးပွိုင့် ထောင်ထားတယ်။ အဲဒီ လေးပွိုင့်ထောင်ထားတဲ့ အချိန်မှာ ကားတွေက ရောက်လာတယ်။ ရောက်လာတဲ့အချိန်မှာ ခါးလောက်မှာ ဖြတ်ဆွဲတယ်။ သူတို့ (စစ်အုပ်စု)က အထိနားပြီး နှစ်ပွိုင့်ကွဲသွားတဲ့ အချိန်မှာ ကားတွေ ရပ်သွားတယ်။

ရပ်သွားတဲ့အချိန်မှာ နောက်ကားအောက်မှာ နှစ်ပွိုင့် ကျန်နေတော့ နှစ်ပွိုင့်ကျန်သေးတယ် ထပ်ခွဲမယ်ဆိုတဲ့အချိန်မှာ အဲဒီ မိုင်းကြိုးတွေကို ဖြတ်သွားတဲ့အခါကျ ကျနော်တို့က ဖြတ်သွားမှန်း မသိလိုက်ဘူး။ မသိလိုက်တော့ အဲဒီဟာကို ရအောင် ရှေ့တိုးပြီး ထပ်ခွဲတဲ့အချိန်မှာ သူတို့က ပြန်ပတ်လာတယ်။ (၁၅)မိနစ်လောက် နေတဲ့အချိန်မှာ သူတို့က ရောက်လာတာ။

ကျနော်တို့ကို မှတ်မိသွားတယ်။ မှတ်မိသွားတဲ့ အချိန်မှာ လက်နက်ကြီးတွေနဲ့ ထုတော့ ထုတဲ့အချိန်မှာ ရဲဘော်သုံးယောက်က လက်နက်ကြီးမှန်ပြီးတော့ တစ်နေရာတည်းမှာပဲ စုပြုံပြီး ရှိနေတဲ့အချိန်မှာ မသေသေးဘူး။ မသေသေးတာကို သူတို့က မသေမချင်း ဓားနဲ့ ထိုးသတ်သွားတယ်” မိုင်းဆရာ ညီနောင် သုံးဖော် ကျဆုံးခဲ့ရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)ရဲ့ တပ်ရင်းမှူး ဗိုလ်လင်းထွဋ်က ပြောပြပါတယ်။

ကျဆုံးခဲ့ရတဲ့ ကိုသက်ပိုင်ဦး၊ ကိုမင်းဘိုဘိုနဲ့ ကိုဟန်းထက်စိုးတို့ ရဲညီနောင် သုံးဖော်ဟာ ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁)ရဲ့ မိုင်းထုတ်လုပ်ရေးနဲ့ ဖောက်ခွဲ တိုက်ခိုက်ရေးတွေမှာ တာဝန်ယူထားတဲ့သူတွေ ဖြစ်ကြပြီး အရပ်အခေါ် ဆိုရင်တော့ တပ်ရင်းရဲ့ “မိုင်းဆရာ”တွေ ဖြစ်ကြပါတယ်။

အာဏာမသိမ်းခင်ကတော့ ကိုသက်ပိုင်ဦးနဲ့ ကိုမင်းဘိုဘိုတို့ နှစ်ဦးက တက္ကသိုလ်ကျောင်းသားတွေ ဖြစ်ပြီး ကိုဟိန်းထက်စိုးကတော့ လက်သမားဆရာ ဖြစ်ပါတယ်။ သူတို့ သုံးဦးက ညီအကိုဝမ်းကွဲ တော်စပ်ကြပြီး တစ်ရွာတည်း အတူနေ သူတွေလည်း ဖြစ်ကြပါတယ်။

ကျဆုံးရဲဘော် သုံးဦးလုံးဟာ သူတို့အိမ်မှာ အငယ်ဆုံးသားတွေ ဖြစ်ကြပြီး တော်လှန်ရေးအပေါ် ထားတဲ့ သူတို့ရဲ့ စိတ်အားထက်သန်မှုနဲ့ ခံယူချက် ပြင်းပြမှုတွေကို ယင်းမာပင်ခရိုင် PDF တပ်ရင်း(၁) ပြန်ကြားရေး တာဝန်ခံ ရဲဘော်မောင်ရင်သွေးက အခုလို ပြောပြပါတယ်။

ရဲဘော်မင်းဘိုဘိုက ယင်းမာပင်နယ်မှာ စစ်ပညာသင်တန်းတွေ စဖွင့်တော့ တက်ရောက်ချင်ပေမယ့် သူ့အဖွားက ခွင့်မပြုတာကြောင့် ထမင်းမစားဘဲ ဆန္ဒပြခဲ့တဲ့အထိ စိတ်ဆန္ဒ ပြင်းပြခဲ့သူ ဖြစ်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

“ရဲဘော်မင်းဘိုဘိုပေါ့။ သူဆိုလို့ရှိရင် ကျနော်တို့ aဒသမှာက နကိုတည်းက စစ်သင်တန်းကျောင်းတွေ မဖွင့်ခင်တည်းကတောင်မှ တူမီးတွေနဲ့ တပ်ရင်းတပ်ဖွဲ့တွေ မဖြစ်ခင်ကတည်းက တိုက်ခဲ့ကြတယ်။ စိတ်အားထက်သန်တော့ တပ်ရင်း(၁)မှာ စပြီး စစ်သင်တန်းကျောင်းတွေ ဖွင့်ပြီဆိုတော့ လူတွေ အဲဒီအချိန်က စွန့်ပြီး ထွက်လာတဲ့သူတွေ နည်းတယ်။ အဲနည်းတဲ့ကာလမှာ ကတည်းက သူက စစ်သင်တန်း သွားချင်တာ။

သူ့အိမ်ရဲ့ အဓိကစီမံခန့်ခွဲတာက သူက မြေးအငယ်ဆုံးလည်း ဖြစ်တယ်။ သူ့အမေကြီးက ဒီ PDF ထဲကိုဝင်မှာ လက်နက်ကိုင်တော်လှန်မှာ တအားစိုးရိမ်တာ။ ငယ်သေးတာကိုး။ အဲတော့ကျ ခွင့်မပြုဘူး။ ခွင့်မပြုတော့ ကလေးက ဘာလုပ်လဲဆိုတော့ ထမင်းမစားဘူး ဆန္ဒပြတဲ့အချိန်မှာ သုံးရက်မြောက်ကျော် လေးရက်မြောက်နေ့မှာ သူ့အမေကြီးတွေရော လက်လျှော့ပြီးတော့ ခွင့်ပြုလိုက်ရတာ။ နောက်အပတ်မှာ သင်တန်းကျောင်းကို စတက်တယ်။ အဲဒီက ဆင်းလာပြီးကတည်းက သူတို့က မိုင်းဆွဲတာကို တစိုက်မတ်မတ် တာဝန်ယူခဲ့ကြတာပဲ”

ဒေသတွင်း တိုက်ပွဲတွေ ခေတ္တ ရပ်နားနေချိန် အိမ်အလည်ပြန်ခွင့် ပေးရင်တောင် အဲ့ဒီ ညီနောင် သုံးဖော်ထဲက အငယ်ဆုံး ရဲဘော် ကိုသက်ပိုင်ဦးဟာ အိမ်မပြန်ဘဲ စခန်းမှာပဲ ကျရာတာဝန်ကို အဆက်မပြတ် ထမ်းဆောင်နေသူ ဖြစ်တယ်လို့ ရဲဘော် မောင်ရင်သွေးက ဆက်လက် ပြေပြပါတယ်။

“တပ်ရင်း(၁) စစ်သင်တန်းကျောင်းမှာ လာတက်တယ်။ သူက (ရဲဘော်သက်ပိုင်ဦး) လည်း သူ့အိမ်မှာ အငယ်ဆုံးပဲ။ လူပျိုလူလွတ်လည်း ဖြစ်တယ်။ ပြန်လာပြီးတော့ သူတို့က တာဝန်အတူတူ ယူကြတာ။ သူတို့ တာဝန်ယူတဲ့နေရာတွေတော့ မပြောတော့ဘူး။ စဉ်ဆက်မပြတ် သူတို့က ဘာတာဝန်အဓိက ယူလဲဆိုတော့ သူတို့က မိုင်းဆွဲတယ်။ သူတို့က ကျရာတာဝန်ယူပြီးတော့ ဒီလိုမျိုးသွားခဲ့ကြတာ။

ခံယူချက်တော်တော်ပြင်းတဲ့ ကလေးတွေပါ။ ဘာလို့တုန်းဆိုတော့ စခန်းနဲ့ သူတို့ရဲ့ အိမ်တွေနဲ့ဆို မဝေးတာတောင်မှ တစ်ခေါက်တစ်ခါ ပြန်ဖို့တောင်မှ မပြန်ကြဘူး။ စဉ်ဆက်မပြတ်ဒီလိုပဲ။ နေ့ဆိုရင်စောင့် ညဆိုရင်စောင့် အလှည့်ကျနဲ့ ရွပ်ရွပ်ချွန်ချွန်နဲ့ ကျိုးကျိုးနွံနွံနဲ့ လိမ်လိမ်မာမာနဲ့ စိတ်အားထန်းထက်ထက်သန်သန်နဲ့ လုပ်တဲ့ကလေးတွေပဲဗျ။ ကျဆုံးသွားတာ ကျနော်တို့အတွက်လည်း အများကြီးနှမျောတယ်။ တန်ဖိုးထားမှုလည်း အများကြီးမြင့်ခဲ့တယ်”

ညီနောင် သုံးဖော်ထဲက အကိုကြီးဖြစ်တဲ့ ရဲဘော်ဟိန်းထက်စိုးကတော့ သူက ပညာတတ်တစ်ယောက်မဟုတ်၊ ထက်ထက်မြက်မြက် မရှိပေမယ့် ခိုင်းတဲ့တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်မယ်လို့ မကျဆုံးမီ နာရီပိုင်းအလိုမှာ ပြောသွားကြောင်း မောင်ရင်သွေးက ပြန်ပြောင်း ပြောပြပါတယ်။

“သူနဲ့ကို (ရဲဘော်ဟိန်းထက်စိုး) နောက်ဆုံးအခေါက် မိုင်းဆွဲတဲ့နေ့ မကျဆုံးခင်ကဆို သူက ပြောတာလေးပေါ့။ စိတ်ထဲ သတိရတာပေါ့။ ကျနော်က ဟိုလို (နိုင်ငံရေးတွေ၊ သဘောတရားတွေ) မသိဘူးတဲ့။ ပေးတဲ့တာဝန်ပဲ။ ခိုင်းတဲ့ဟာတော့ ကျနော်က အကုန်လုပ်မှာပဲဗျာ။ ဟိုလိုကတော့ ထက်ထက်မြက်မြက် မရှိဘူးတဲ့။ ကိုယ်တတ်နိုင်တဲ့ ဘယ်တာဝန်ပဲဖြစ်ဖြစ် အပြည့်အဝယူမယ်။ သူက အဲလိုလေးပဲ ပြောသွားတာ။

သူက နကိုကတည်းက အသက်ကကွာတာကိုး။ အဲလို လေးလေးစားစားပြောတယ်။ အဲဒါပြောပြီးတော့ ဒီဟာကိစ္စလည်း ပြီးသွားရော။ ကျနော်တို့မှာကျ ပြန်ပြီးတော့ ရင်ထုမနာ ဖြစ်တာပေါ့ဗျာ။ ကျိုးကျိုးနွံနွံနဲ့ အေးအေးဆေးဆေးနဲ့ ငြိမ်ငြိမ်သက်သက်နဲ့ မိုင်းနေရာမှာ တာဝန်ပေးတယ်ဆိုတာ တအားစိတ်ရှည်တဲ့သူမျိုးတွေ၊ သည်းခံတဲ့သူမျိုးတွေ၊ ရဲရဲဝံ့ဝံ့လုပ်ရဲတဲ့သူမျိုးတွေ ဒါမျိုးလေးတွေကို ရွေးပြီးတော့ တာဝန်ပေးထားရတာကိုး။ အဲလိုမျိုးတွေ သုံးယောက် အစုလိုက်အပြုံလိုက် ကျဆုံးသွားတာဆိုတော့ ကျနော်တို့အတွက် အများကြီး နစ်နာပါတယ်။ တော်လှန်ရေးအတွက်လည်း အများကြီးနစ်နာပါတယ်”

ကျဆုံးရဲဘော် သုံးဦးဟာ ငယ်ရွယ်သူတွေ ဖြစ်တာကြောင့် သူတို့ရဲ့ အနာဂါတ်အိပ်မက်တွေ ကိုယ်စီရှိကြမှာပါ။ ဒါပေမယ့် သူတို့ သုံးဦးလုံး နွေဦးတော်လှန်ရေး ပန်းတိုင်မရောက်ခင် လမ်းခုလတ်မှာတင် ကျဆုံးသွားခဲ့ကြပါပြီ။

“သူတို့တွေက ကျောင်းသားလူငယ် အရွယ်တွေလည်း ဖြစ်ကြသေးတယ်လေ။ သူတို့က လူငယ်ဘဝကို ပြည့်ပြည့်၀၀ မခံစားဘူးသေးဘူးပေါ့ဗျာ။ မိန်းမပိုးရမယ့်အရွယ်ကိုး။ အဲဒီအရွယ်က ဒီတော်လှန်ရေးထဲမှာ ခြေစုံပစ်ဝင်ပြီးတော့ လူငယ်အခွင့်အရေးတွေ ဆုံးရှုံးခဲ့တာပဲလေ။ သူတို့ စိတ်ကူးအိပ်မက်တွေပေါ့။ ဘာတွေ ဖြစ်လိမ့်မလဲဆိုတာ ကျနော်ဖြင့် တွေးတောင်မတွေးရက်ဘူး” လို့ ရဲဘော် မောင်ရင်သွေးက ဆိုပါတယ်။

နွေဦးတော်လှန်ရေးမှာ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ မျက်နှာကို ထောက်ထားပြီး တော်လှန်ရေး မအောင်မချင်း ဘာအကြောင်းနဲ့မှ သွေဖယ်သွားမှာ မဟုတ်ဘူးလို့လည်း ရဲဘော် မောင်ရင်သွေးက ဆိုပါတယ်။

“သူတို့က တာဝန်ကျေတယ်ဆိုတာရဲ့ ဟိုဘက်အထိ လွန်ခဲ့ပါတယ်။ ကျနော်တို့က ညီအစ်ကို သံယောဇဉ်ထက် ဒီတော်လှန်ရေးမယ် သူတို့ကတော့ သေတဲ့အချိန်အထိ တစိုက်မတ်မတ် လုပ်သွားခဲ့တာပဲလေ။ ဆိုတော့ အဲလို အလုပ်လုပ်တဲ့သူတွေရဲ့ မျက်နှာကို အပြည့်အ၀ ကြည့်ပါတယ်။

တော်လှန်ရေးအပေါ်မယ် စိတ်ညစ်တာ၊ စိတ်ပျက်တာ၊ စိတ်အားငယ်တာ၊ စိတ်ကုန်တာ၊ ဒါမျိုးတွေ ဖြစ်လာတိုင်း နည်းမျိုးစုံနဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ အလုပ်လုပ်ခဲ့တဲ့ ရဲဘော်တွေရဲ့ မျက်နှာကို ထောက်ပြီးတော့ ဘယ်သောအခါမှ ဒီ နွေဦးတော်လှန်ရေး မဆုံးမချင်း ဒီတော်လှန်ရေးနဲ့ သွေဖယ်သွားမှာ မဟုတ်ဘူးဆိုတာကို သူတို့ သုံးယောက်အပါအဝင် ကျန်တဲ့ကျဆုံးရဲဘော်တွေ လက်ရှိရဲဘော်တွေကို ကတိကဝတ်ပြုချင်ပါတယ်”

MFP

CRD

Leave a Reply

Your email address will not be published.