အကောင့်ဟတ်ခံရတာမဟုတ်ဘဲ သူမပေါ်ထားတဲ့ပရိတ်သတ်တွေရဲ့ယုံကြည်မှုကို စမ်းသပ်ကြည့်တဲ့အနေနဲ့ လုပ်ခဲ့တဲ့အကြောင်းပြောပြလာတဲ့ ရေဗက္ကာဝင်း

Cele nwes







Zawgyi

အကောင့် ဟတ်ခံရတာမဟုတ်ဘဲ သူမကို ပြည်သူတွေဘယ်လောက်ချစ်လည်း ဘယ်လောက်ယုံကြည်မှုရှိလည်း သိချင်လို့ စုံတွဲပုံလေးတစ်ပုံတင်လိုက်တာပါလို့ ဝန်ခံလာတဲ့ ရေဗက္ကာဝင်း

ပရိတ်သတ်ကြီးရေ…ပြည်သူ ချစ်ဂီတအနုပညာရှင် တစ်ယောက်ဖြစ်တဲ့အဆိုတော်ရေဗက္ကာဝင်းဟာ ဆိုရင်တေးသီကောင်းတွေကို သီဆိုရင်းဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်မှုတွေနဲ့လျှောက်လှမ်းခဲ့တဲ့ အနုပညာရှင် တစ်ယောက်ပဲဖြဟ်ပါတယ်နော်။ သူမသီဆိုခဲ့တဲ့သီချင်းတစ်ပုဒ်ချင်းဆီတိုင်းကလည်း ပရိတ်သတ်တွေရဲ့အကြိုက်နဲ့ထပ်တူကြခဲ့တဲ့အတွက် သီချင်းသစ်တစ်ပုဒ်ထွက်တိုင်းမှာ ဝက်ဝက်ကွဲအောင်မြင်ခဲ့တာပဲဖြစ်ပါတယ်။ ရေဗက္ကာဝင်းက ဖေဖော်ဝါရီလအစပိုင်းတည်းက စတင်ကာ ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ အပါအဝင်လှူဒါန်းမှုတွေပြုလုပ်နေတာပါ…..။

ရေဗက္ကာဝင်းက မကြာသေးခင်က သူမရဲ့ Facebookစာမျက်နှာမှာ နေရွှေသွေးအောင်နဲ့အတူ တွဲဖက်ရိုက် ကူးထားတဲ့ ဓာတ်ပုံတစ်ပုံကို တင်ခဲ့တာဖြစ်ပါတယ်။ ဒီဓာတ်ပုံနဲ့ပက်သက်ပြီး ပြည်သူပရိသတ်တွေ ဆီကနေ ထင်မြင်ချက်အမျိုးမျိုးပေးခံခဲ့ရပြီး အထင်လွဲမှုတွေနဲ့ကြုံတွေ့ခဲ့ရတယ်လို့သိရပါတယ်။ ဒီဓာတ်ပုံနဲ့ပက်သက်ပြီး ရေဗက္ကာဝင်းက သူမရဲ့ Facebookစာမျက်နှာမှာပြန်လည်ရှင်းပြထားခဲ့ပါတယ်။

ရေးသားထားတဲ့အကြောင်းအရာကတော့” ကျွန်မ account heck ခံရတာ လုံးဝမဟုတ်ပါဘူးရှင်ကျွန်မအနေနဲ့ ပြည်သူလူထုကို ၁ရနှစ်လုံးလုံး တတ်နိုင်တဲ့ဘက်က စေတနာမေတ္တာနဲ့ အလုပ်အကျွေးပြုခဲ့ပါတယ် ကျွန်မအပေါ်ဘယ်လောက် ယုံကြည်မှုရှိလဲသိချင်လို့ စမ်းသပ်ခြင်း သက်သက်သာဖြစ် ပါတယ်ရှင်…။

“ကျွန်မအပေါ်မပြောင်းမလဲဘဲ ယုံကြည်ပေးကြတဲ့သူများကို အထူးကျေးဇူးတင် ရသလို မိမိအထင်နဲ့ဆဲတဲ့ သူများကိုလဲ သိမြင်ရပါတယ်…ကျွန်မတို့ ကမ္ဘာကြီးကကျဉ်းကျဉ်းလေးဖြစ်ပြီး အားလုံး ဆက်စပ်ခင်မင်နေကြတာ အဆန်းမဟုတ်သလို ဖုံးကွယ်စရာလဲမဟုတ်ဘူးလို့မြင်ပါတယ်…ကျွန်မAccount ထဲမှာ ကချင်လူမျိုးချည်း ရှိမနေသလို ဗမာလူမျိုးချည်းလဲရှိမနေပါဘူး

…ကျွန်မအနေနဲ့ ခရစ်ယာန်ဘာသာဝင်ဆိုပေမယ့် တခြားဘာသာဝင်များလဲ friend ဖြစ်နေကြပါတယ်…ကျွန်မကို အထင်အမြင်လွဲ အယုံအကြည်ကင်းမဲ့ရင် unfriend or block လုပ်သွားနိုင်ပါတယ်…ကျွန်မအနေနဲ့တော့ ကျွန်မလုပ်နေကျအတိုင်း လူသားခြင်းစာနာထောက်ထားတဲ့ အကူအညီပေးမှုတွေဆက်လုပ်သွားမယ်လို့ အသိပေးချင်ပါတယ်…ကောင်းသောညဖြစ်ကြပါစေရှင် 💜…..” ဆိုပြီး ရှင်းပြထားခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါ တယ်နော်။

Crd

Leave a Reply

Your email address will not be published. Required fields are marked *