ယနေ့ စစ်အုပ်စုဘက်က ဖွနေတဲ့ ဗိုလ်စလုံးကိစ္စနဲ့ပတ်သက်ပြီး
တော်လှန်ရေးနဲ့_ကိုယ်ရေးကိုယ်တာကိစ္စ_ခွဲခြားမြင်တတ်ကြဖို့
ဒီနေ့ ဗိုလ်စလုံးအကြောင်း စစ်အုပ်စုဘက်ကဖွတဲ့ အောက်လုံးထိုးတဲ့ကိစ္စနဲ့ပတ်သက်ပြီး နဂိုကတည်းက အစာမကြေတဲ့ တလရဖက်ခွက်စားတွေကြောင့် တဖက်အုပ်စုက အခုလိုဖွလိုက်နိုင်တာ။ ကိစ္စကတော့ ဗိုလ်စလုံးနဲ့ သူ့မိန်းမနဲ့ လင်မယားချင်းဖြစ်တဲ့ပြဿနာ။ ဒါကို တော်လှန်ရေးကိုပုံဖျက်ချင်လို့ ဗိုလ်စလုံးက အလှူငွေတွေ လိမ်စားနေသယောင်ယောင် စကစလော်ဘီတွေဖြစ်ကြတဲ့ ဟန်ငြိမ်းဦး၊ ဘညွှန့်၊ ကျော်စွာတို့က ဝိုင်းဖွကြတာ။




ကရင်တွေဆိုတာက ပွင့်ပွင့်လင်းလင်းသမားတွေ၊ သူတို့စိတ်ထဲရှိတဲ့ ခံစားချက်ကို ပေါ်ပေါ်တင်တင် ပြောဆိုဆက်ဆံတတ်တယ်။ ဗိုလ်စလုံးရဲ့ မိန်းမကလည်း သူ့ရဲ့ fb အကောင့်မှာ Friend Only နဲ့တင်တဲ့ပို့စ်က စကစလော်ဘီတွေဆီ Screenshot ရောက်သွားတယ်၊ တင်တဲ့ပို့စ်က သူတို့ရဲ့ အိမ်ထောင်ရေးကေ့စ်။ အခု စစ်အုပ်စုဘက်ကဖွတဲ့ အဲ့ ssကိစ္စနဲ့ပတ်သက်ပြီး ဗိုလ်စလုံးကို နီးစပ်သူတစ်ယောက်က သွားမေးတော့.. ဗိုလ်စလုံး ပြန်ဖြေထားတဲ့ အဖြေလေးကို တခါတည်း ရေးပြချင်တယ်။
“မင်းတို့ကြိုက်တာရွေး၊ ငါက စစ်သား၊ ငါငယ်ငယ်ကတည်းက ဘီယာကြိုက်တယ်၊ ငါ့အိမ်ထောင်ရေးကိစ္စ ငါ့ဘဝငါပိုင်တယ်။ မင်းတို့တော်လှန်ရေးကို ငါကြိုးစားပေးတယ်၊ ငါအလုပ်လုပ်တယ်၊ ညဆို မအိပ်ရဘူး၊ နေ့လည်းမနားရဘူး။ ပြည်သူတွေလှူဒါန်းပေးတဲ့ ရသမျှ ငွေကြေးတွေကို လက်န-က်နဲ့ နှုတ်ခမ်းနီတောင့်တွေ ဝယ်တယ်။




ငါဒီလောက်ကြိုးစားနေတာ မင်းတို့နားမလည် ပေးနိုင်ဘူးလား။ ငါ့အိမ်ထောင်ရေးနဲ့ မင်းတို့တော်လှန်ရေးကို မရောမိစေနဲ့၊ ငါ့အလုပ်ငါလုပ်နေတယ်။ မင်းအမလည်း မင်းတို့ချစ်၊ ငါတို့အလုပ်လည်း ငါတို့လုပ်မယ်။ လင်မယားကြားထဲမဝင်နဲ့။ ဟိုဘက်ကကောင်တွေ ဖွနေတယ်ဆိုလည်း ပြောလိုက်ကွာ၊ မင်းအောင်လှိုင်ကိုတောင် မကြောက်တာ၊ မင်းတို့က ဘာကောင်တွေလဲလို့ မေးလိုက်။ မင်းတို့လှူတဲ့ငွေကို ငါလိမ်မစားပဲ တော်လှန်ရေးမှာ ထဲထဲဝင်ဝင်လုပ်နေရင် ရပြီမဟုတ်လား၊ ငါဘုန်းကြီးသွားဝတ်ရမလား မင်းတို့ပဲပြောကြ”တဲ့။
ဗိုလ်စလုံး ပြောတာကို ကျွန်တော်လက်ခံတယ်၊ ကြိုက်တယ်။ သူလုပ်နေတဲ့အရာတွေမှာ အယောင်ဆောင်ထားတာမျိုး အလွဲသုံးစားလုပ်တယ်ဆိုတာမျိုး ကျွန်တော်တခါမှမကြားဖူးဘူး။ သူနဲ့အတူ စစ်မြေပြင်မှာ တိုက်ပွဲဝင်နေတဲ့ ရဲဘော်တွေကို လိုက်မေးကြည့်တော့လဲ သူ့ကို ရဲဘော်တွေအားလုံးက ချစ်ကြတယ်၊ သူဦးဆောင်တဲ့ ဘယ်လိုနေရာမျိုးကိုမှ အာဏာနဲ့မအုပ်ချုပ်ပဲ မေတ္တာတရားနဲ့အုပ်ချုပ်တယ်၊




သူ့ဆီမှာရှိတဲ့လက်န-က်တွေကို ကိုယ်တွေရဲ့ PDF လေးတွေထံ ကာကွယ်ရေးအပိုင်းတွေမှာ အဓိက ပေးကိုင်တယ်၊ ပြီးတော့ သူ့အားသာချက်က ဘာသာ လူမျိုးမခွဲခြားဘူးလို့ ရဲဘော်တိုင်းက ပြောကြတယ်။ ပေါင်းသင်းဆက်ဆံရေးကောင်းပြီး လူတကာကို အမြဲကူညီတဲ့စိတ်ကောင်းရှိတယ်။ သူ့အတွက် ဆိုတာမျိုးကို ထည့်မတွက်ပဲ ရဲဘော်တွေအတွက်သာ အမြဲဦးစားပေးတယ်။ အဲ့ဒါ ဗိုလ်စလုံးပဲ။
ပြီးတော့ NUG က ကူညီပေးပို့လိုက်တဲ့ ဘတ်ငွေ(၂)သန်း KNDO တပ်ရင်း(အဖူး နယ်ဒါးမြ)ဆီကို တိုက်ရိုက်ရောက်ရှိတာ၊ KNDO တပ်ရင်းက လက်ခံရရှိတယ်ဆိုတာ အားလုံးလည်းသိကြတယ်။ တပ်ရင်းကို တိုက်ရိုက်ပေးပို့တာမို့ တပ်ရင်းကနေ လက်န-က်ပေးမယ်၊ နှုတ်ခမ်းနီ ထောက်ပံ့တယ်။ ဒါကိုလည်း စစ်အုပ်စုဘက်က တလွဲဖွကြတယ်။




ဥပမာ တစ်ခုပြောရမယ်ဆိုရင် မရတ်ကျော်သူ ဖြစ်ခဲ့ဖူးတဲ့ ဖြစ်စဥ်ကို အားလုံးသိကြလိမ့်မယ်။ ဒါက သူရဲ့ပါဆင်နယ်ကိစ္စ၊ သူ့ရဲ့အလုပ်နဲ့ ဘာမှမဆိုင်ဘူး။ အခု ဗိုလ်စလုံးကိစ္စမှာလည်း ကျွန်တော်တို့က တော်လှန်ရေးနဲ့ လူမှုရေးကို ခွဲခြားပြီးမြင်တတ်ရမယ်။ သူတို့လင်မယားကြားကို ကျွန်တော်တို့က ထင်မြင်ချက်တွေ ဝင်ပေးနေမယ်ဆိုရင် အဲ့လူက တကယ့်လူပိုတစ်ယောက်ပဲ။
ဘာလို့လဲဆိုတော့ တော်လှန်ရေးကာလတလျှောက်မှာ ဗိုလ်စလုံးက အလုပ်နဲ့ချည်းသက်သေပြနေတဲ့သူ၊ စစ်အုပ်စုဘက်က ဖွတိုင်း ကိုယ့်ဘက်ကပြည်သူတွေ “သို့လောသို့လော”ဖြစ်နေမယ်ဆိုရင် စကစ ဆင်တဲ့ထောင်ခြောက်ထဲ ခုန်ဝင်လိုက်တာနဲ့ အတူတူပဲ။ တကယ် ကိုယ့်ကျိုးစွန့်ပြီး တိုက်ပွဲဝင်နေတဲ့သူတွေကို တော်လှန်ရေးထဲကနေ စိတ်ပျက်ထွက်ခွာသွားအောင် မလုပ်ကြနဲ့၊ ပြောချင်တာ ဒါပဲ။




#အေအန်န်အမ်မ်တီ
Crd