နှစ်ပတ်အတွင်း NUG Pay အကောင့်ဖွင့်လှစ်သူ ၂,၀၀၀ ကျော်နှင့် လည်ပတ်ငွေပမာဏ ကျပ်သိန်း ၄၀၀၀ ရှိလာ

News

အသုံးပြုလိုသူများသော်လည်း အခြေခံငွေကြေးစနစ်တည်ဆောက်သည့်ကာလဖြစ်သဖြင့် တည်နေရာအလိုက် အရေအတွက်ကန့်သတ်ဖြင့် ခွဲဝေချထားပေးနေရသည်ဟု NUG က ဆိုသည်။

ရှေ့ပြေးစီမံချက် စတင်ပြီး နှစ်ပတ်အတွင်း အမျိုးသားညီညွတ်ရေးအစိုးရ၏ NUG Pay မိုဘိုင်းငွေပေးချေစနစ် အကောင့်ဖွင့်လှစ်သူ ၂,၀၀၀ ကျော်နှင့် လည်ပတ်ငွေပမာဏ ကျပ်သိန်း ၄၀၀၀ ရှိလာသည်ဟု သိရသည်။

ဇွန်လကုန်တွင် စတင်အသုံးပြုသည့် NUG Pay ဖြင့် စစ်ကောင်စီထိန်းချုပ်သည့် ငွေကြေးစနစ်အပေါ် မှီခိုနေရမှုကို အဆုံးသတ်ရန်နှင့် သီးခြားလွတ်လပ်သည့် ငွေကြေးလည်ပတ်မှုစနစ်တစ်ခု ဖြစ်လာရန် NUG က ရည်ရွယ်ထားသည်။

ကနဦးတွင် အေဂျင့်(ကိုယ်စားလှယ်) ၁,၀၀၀၊ မိုဘိုင်းပိုက်ဆံအိတ်ပေါင်း ၁၀,၀၀၀ ဖြင့် စတင်လည်ပတ်မည်ဖြစ်ပြီး သတ်မှတ်ချက်ပြည့်ပါက ဒုတိယအဆင့်စတင်မည်ဖြစ်ကြောင်း NUG စီမံကိန်းနှင့် ဘဏ္ဍာရေး ဒုဝန်ကြီး ဦးမင်းဇေယျာဦးက Myanmar Now ကို ပြောသည်။

“Wallet (မိုဘိုင်းပိုက်ဆံအိတ်) ရော၊ အေဂျင့်ရော၊ ငွေထုတ်လို့ရအောင် ဖြည်းဖြည်းချင်းစီစဉ်နေတဲ့ ကာလဖြစ်ပါတယ်။ ဒီ Wallet တစ်သောင်းပြည့်ပြီး ပြည်တွင်း၊ ပြည်ပမှာရော ငွေထုတ်လို့ရတဲ့နေရာတွေ ရောက်ရှိပြီဆိုရင် နောက်အစီအစဉ်ကို စပါမယ်” ဟု ၎င်းက ဆိုသည်။ အတိအကျကိုမူ မသိရသေးပေ။

ထိုငွေကြေးစနစ်အသုံးပြုလိုသူ အများအပြားရှိသော်လည်း စတင်လည်ပတ်ကာလဖြစ်၍ ပြည်တွင်းနှင့် ပြည်ပတွင် တည်နေရာ၊ အရေအတွက်ကန့်သတ်ဖြင့် ခွဲဝေချပေးခြင်းဖြစ်ကြောင်း အချို့နေရာများတွင် ဝန်ဆောင်မှု မရနိုင်သေးကြောင်း ဦးမင်းဇေယျာဦးထံမှ သိရသည်။

“တစ်ချို့နေရာတွေမှာ ကုန်သွားတဲ့အပိုင်းတွေရှိပါတယ်။ ဈေးကွက်အရ တင်ရောင်းလိုက်ရင် ရတယ်။ သို့သော်လည်း ကျွန်တော်တို့ လိုတဲ့နေရာမရောက်ရင် ငွေက စီးဆင်းဖို့ ခက်ခဲပါလိမ့်မယ်။ အဲဒါကြောင့် ချိန်ဆနေတာပါ”။

Blockchain အခြေပြု ဒစ်ဂျစ်တယ်မြန်မာကျပ်သည် အစိုးရတစ်ရပ်က ငွေထုတ်ဝေသည့်ပုံစံဖြစ်ပြီး အခြားဒစ်ဂျစ်တယ်ငွေကြေးများဖြစ်သော ခရစ်တို (Crypto) ကြေးများဖြင့် ချိတ်ဆက်ထားခြင်း မရှိသလို ဈေးနှုန်းအတက်အကျလည်း မရှိသဖြင့် တည်ငြိမ်သည့်ငွေကြေးဖြစ်ကြောင်း NUG က ဆိုသည်။

NUG Pay စာရင်းဖွင့်ရာတွင် ၃,၀၀၀ ကျပ်ကို အကောင့်ဖွင့်လှစ်ခ ဖြတ်သွားမည်ဖြစ်ပြီး ငွေစာရင်း၌ ၇,၀၀၀ ကျပ် ကျန်ရှိမည်ဖြစ်ကာ တစ်နှစ်အတွင်း ဝန်ဆောင်ခမပေးရဘဲ အကြိမ်ရေနှင့် ငွေပမာဏအကန့်အသတ်မရှိ လွှဲပြောင်းနိုင်မည်ဖြစ်သည်။

ငွေထပ်မံဖြည့်သွင်းလိုပါက NUG Pay ကိုယ်စားလှယ်များထံမှတစ်ဆင့် လုပ်ဆောင်နိုင်ကြောင်း၊ ကြိုတင်ငွေဖြည့်ကတ်များဖြင့် ငွေဖြည့်သွင်းနိုင်ရန် စီစဉ်ထားကြောင်း NUG ထံမှ သိရသည်။

NUG ငွေပေးချေစနစ်ကို မြန်မာ၊ ထိုင်း၊ စင်ကာပူ၊ တောင်ကိုးရီးယား၊ ဩစတေးလျ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပနိုင်ငံများတွင် အသုံးပြုနိုင်သည်။ ငွေထုတ်ငွေသွင်း၊ နိုင်ငံခြားငွေလဲလှယ်ခြင်း၊ နွေဦးထီဝယ်ယူခြင်း၊ တော်လှန်ရေးအင်အားစုများကို ရန်ပုံငွေထောက်ပံ့ခြင်းတို့ လုပ်ဆောင်နိုင်မည်ဟု NUG က ပြောထားသည်။

NUG Pay စနစ် စတင်မည်ဟု ကြေညာပြီးနောက်ပိုင်း စစ်ကောင်စီထိန်းချုပ်သည့် ဗဟိုဘဏ်က ၎င်းတို့ တရားဝင်ခွင့်ပြုထားခြင်းမရှိသည့် ငွေပေးချေမှုများသည် သုံးစွဲသူများအတွက် ဆုံးရှုံးမှုများစွာရှိနိုင်ပြီး အသုံးပြုပါက အရေးယူမည်ဖြစ်ကြောင်း ဇွန် ၁၀ ရက်စွဲဖြင့် ထုတ်ပြန်သည်။

အာဏာဖီဆန်သည့် CDM ဝန်ထမ်းများ၊ လက်နက်ကိုင်တော်လှန်သူများကို ငွေကြေးထောက်ပံ့သည့် ဘဏ်အကောင့်နှင့် မိုဘိုင်ငွေပေးချေအကောင့်များကို စောင့်ကြည့်၍ အကောင့်ပိတ်သိမ်းမှုများကို စစ်ကောင်စီက ပြုလုပ်လေ့ရှိသည်။

စစ်ကောင်စီက အချိန်မရွေး ဖုန်းများကို စစ်ဆေးနိုင်သောကြောင့် မြန်မာနိုင်ငံတွင် အသုံးပြုသူများအနေဖြင့် လုံခြုံရေးသတိပြုရန် လိုအပ်ကြောင်း ဒေသခံကာကွယ်ရေးအဖွဲ့ဝင်နှင့် အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသပိတ်များတွင် ပါဝင်နေသူ အချို့က ထောက်ပြသည်။

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ငွေပေးချေမှုစနစ် မဟုတ်သဖြင့် အသုံးပြုသင့်သည်မှာ မှန်သော်လည်း လွတ်မြောက်နယ်မြေမဟုတ်သည့် ဒေသများတွင် ဖုန်းအတွင်း အက်ပလီကေးရှင်းရှိနေရုံဖြင့် အန္တရာယ်ရှိနိုင်ကြောင်း ရန်ကုန်မြို့ခံ​အမျိုးသမီးတစ်ဦးက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရွေးကောက်ပွဲအနိုင်ရအမတ်များနှင့် တိုင်ရင်းသားအင်အားစုများပူးပေါင်းကာ NUG ဖွဲ့၍ စစ်ကောင်စီကို ကဏ္ဍမျိုးစုံ၌ အန်တုနေသည်။

စီးပွားရေးဆိုင်ရာ NUG ၏ ခြေလှမ်းများဖြစ်သည့် ငွေကြေးစနစ်၊ အခွန်အကောက်၊ ထီနှင့် ငွေတိုက်စာချုပ် ကိစ္စများမှာ လူထုအကြား ရေပန်းစား၊ ထင်ရှားသည်။ #Myanmar Now

Crd

Zawgyi

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ငွေပေးချေမှုစနစ် မဟုတ်သဖြင့် အသုံးပြုသင့်သည်မှာ မှန်သော်လည်း လွတ်မြောက်နယ်မြေမဟုတ်သည့် ဒေသများတွင် ဖုန်းအတွင်း အက်ပလီကေးရှင်းရှိနေရုံဖြင့် အန္တရာယ်ရှိနိုင်ကြောင်း ရန်ကုန်မြို့ခံအမျိုးသမီးတစ်ဦးက ပြောသည်။

အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ရွေးကောက်ပွဲအနိုင်ရအမတ်များနှင့် တိုင်ရင်းသားအင်အားစုများပူးပေါင်းကာ NUG ဖွဲ့၍ စစ်ကောင်စီကို ကဏ္ဍမျိုးစုံ၌ အန်တုနေသည်။

စီးပွားရေးဆိုင်ရာ NUG ၏ ခြေလှမ်းများဖြစ်သည့် ငွေကြေးစနစ်၊ အခွန်အကောက်၊ ထီနှင့် ငွေတိုက်စာချုပ် ကိစ္စများမှာ လူထုအကြား ရေပန်းစား၊ ထင်ရှားသည်။ #Myanmar Now

Crd

Leave a Reply

Your email address will not be published.