ဘယ်ကိစ္စမဆို ဘက်စုံလုပ်နိုင်ရမယ်လို့ ပြောလိုက်တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ

News

ဘယ်ကိစ္စမဆို ဘက်စုံလုပ်နိုင်ရမယ်လို့ ပြောလိုက်တဲ့ ကရင်တိုင်းရင်းသားလေး စောခရစ် မူးလာ

ကရင်တိုင်းရင်းသားလေးတစ်ဦးဖြစ်တဲ့ စောခရစ် မူးလားကတော့ ဆံပင်ရှည်ရှည်လေးနဲ့ ပရိသတ်တွေရဲ့ အသည်းစွဲအဆိုတော် တစ်ဦးဖြစ်ပါတယ်။ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယျဥ်ပြိုင်ရင်း လူသိများနာမည်ကြီးလာခဲ့တဲ့ မူးလာ ဟာ သူ့ရဲ့ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို တစ်ခဲနက်ရရှိထားသူလေးလဲ ဖြစ်ပါတယ်။

မူးလာ ဟာ ရော့ခ်ဂီတကိုချစ်မြတ်နိုးပြီး ရော့ခ်သီချင်းတွေကို စွဲစွဲမြဲမြဲသီဆိုနိုင်တဲ့ ဂီတအနုပညာကိုချစ်မြတ်နိုးသူတစ်ဦးဖြစ်ပါတယ်။ လက်ရှိမှာ မူးလာ ကတော့ မိသားစုနဲ့ဝေးရာ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပြီး ကျရာတာဝန်တွေကိုထမ်းဆောင်နေပါတယ်နော်။

တိုင်းရင်းသား အဆိုတော်လေး စောခရစ် မူးလာ ဟာ တော်လှန်ရေးနဲ့ပတ်သတ်လို့ ဘယ်အရာမဆို ဘက်စုံလုပ်နိုင်ရမယ်လို့ ပြတ်ပြတ်သားသားပြောလိုက်တာပဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ သူဟာလွတ်မြောက်နယ်မြေမှာ ရောက်ရှိနေစဥ်အတွင်း ကျရာတာဝန်တွေကို ကြိုးစားထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

ဒီအကြောင်းနဲ့ပတ်သတ်ပြီး ” တော်လှန်ရေးမှာ ဂျီးများလို့မရဘူး တော်လှန်ရေးမှာ မတတ်ဘူးဆိုပြီးငြင်းမရဘူး တော်လှန်ရေးမှာ မလုပ်နိုင်ဘူးလည်းမရှိဘူး အေးအတူ ပူအမျှ တလှေထဲစီးတဲ့ ရဲဘော်များပဲ တော်လှန်ရေးအတွက် ငြင်းဆန်နေရင် မင်းလုပ်နေတာ တော်လှန်ရေးမဟုတ်သေးဘူး ” လို့ မူးလာ ရဲ့လူမှု့ကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်နော်။

ကဲ…ပရိသတ်ကြီးရေ စောခရစ် မူးလာ ကတော့ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ ကျရာတာဝန်ကို ကြိုးစားထမ်းဆောင်နေတာ လေးစားစရာပဲ ဖြစ်ပါတယ်။ မူးလာ ကိုချစ်တဲ့ပရိသတ်တွေလဲ အားပေးရကြိုးနပ်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

Crd







Crd

Leave a Reply

Your email address will not be published.