Unicode
နောက်ဆို စာအရှည်ကြီး မရေးနိုင်တော့တဲ့အကြောင်း စာအရှည်ကြီးရေးပြီး ရှင်းပြလာတဲ့ ပန်ဆယ်လို
အရင်ကဆို ကိုယ်က စာအရှည်ကြီးတွေ ရေးဖြစ်တယ်။ MaALoeတွေကို ဆဲပြီဆိုရင်လည်း စာအရှည်ကြီးရေးပြီး စီကာပတ်ကုံး ဆဲတာ။ တကယ်တမ်း တော်လှန်ရေးမှာ ခရီးရောက်ဖို့က ဒီလို ဘယ်လိုမှ စောက်ရှက်မရှိတဲ့ အောက်တန်းစားတွေကို ထိုင်ဆဲနေလည်း မောသေရုံပဲ ရှိမယ်။ ဘာမှ အကျိုးရှိမှာ မဟုတ်ဘူး။
နိုင်ငံရေးနဲ့ ပတ်သတ်တဲ့ ထင်မြင်ယူဆချက်တွေ၊ အတွေးအမြင်တွေ ဆိုတာကလည်း ဟိုအရင် အာဏာမသိမ်းခင်ကလို Ideology တွေ တင်ပြ၊ ငြင်းခုံကြက အခုအချိန်မှာ သိပ်မလိုအပ်တော့ဘူး။ ပြည်သူက အရင်လို ဟိုဘက်ကောင်းနိုးနိုး ဒီဘက်ကောင်းနိုးနိုး ဝေဝေဝါးဝါး အခြေအနေ မဟုတ်ဘူး။
အဖြူ၊ အမဲ၊ ဓမ္မ၊ အဓမ္မ ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသားပဲ။ ငြိမ်နေရသူတွေတောင် အားမတန်လို့ မာန်လျှော့နေသေးရတဲ့ သဘောပဲ။ မတော်တဆ ပြည်သူကို တင်ပြတဲ့ Ideology နဲ့ Presentation မှားရင် မလိုလားအပ်ဘဲ စိတ်ဝမ်းကွဲရတာအပြင် ဘာမှမရှိဘူး။
အချင်းချင်း စောက်ဖောင်းတွေ၊ လီးလီးလားလားတွေလည်း ကိုယ်နဲ့ မသက်ဆိုင်ရင် ဝင်မပါဖြစ်တော့သလို ကိုယ်နဲ့သက်ဆိုင်ရင်တောင် တော်ရုံဆို ပလစ်လိုက်တယ်။ စောက်ပွဲတွေ တည်မနေတော့ဘူး။ သည်းခံလိုက်တာတော့ မဟုတ်ဘူး။ တေးထားတာ။ တော်လှန်ရေးပြီးရင် ဘောင်ချာကို အထပ်လိုက် ဆုပ်မှာ။
အခုအချိန် ပြောနေရင် ကြည့်နေရတဲ့ ပြည်သူတွေအနေနဲ့ အာရုံနောက်တယ်၊ ခေါင်းရှုပ်တယ်၊ သွေးကွဲတယ်။ စိတ်ဓါတ်အင်အားလျော့တယ်။ တော်ရုံ ရှောင်တယ်။ မဖြစ်မနေမှ မဟုတ်ရင် ကျော်ချခဲ့တယ်။ အခုလို လက်နက်ကိုင် တော်လှန်ရေး တစ်နှစ်ကျော်ကာလမှာ အရေးကြီးတာတွေထဲက ကိုယ်လုပ်နိုင်တာ နှစ်ချက်ရှိတယ်။
စိတ်ဓါတ်မြှင့်တင်ရေးနဲ့ ထောက်ပို့ငွေ ရှာဖွေရေးပဲ။ အဲ့တော့ အဲ့နှစ်ခုကိုပဲ Target ထားတော့တယ်။ MaALoeတွေ သေဂျင်းဇိုးတဲ့ ကိစ္စတွေကို ရိတယ်၊ ကလိတယ်၊ များများသိအောင်ရေးတယ်။ ဘောမတွေ အသည်းတဆစ်ဆစ်နာအောင်ပြောတယ်။ ကိုယ်တွေဘက် အားတက်၊ သူတွေဘက် စိတ်ဗုံးဗုံးကျပဲ။
သူသေ ကိုယ်ရှင်တက်ကနစ် သုံးတယ်။ ထောက်ပို့အတွက် အလျင်မပြတ်ရော Project အလိုက်ရော အာရုံစိုက်တယ်။ ရှာတယ်၊ ပို့တယ်။ စာရှည်ရှည်ရေးဖို့ အချိန် ပျောက်လာတယ်။ စာတိုတောင် မနည်းနပ်မှန်အောင် ရေးနေရတယ်။
ညဆို ညနက်၊ မနက်ဆို မြန်မာညနဲ့ ချိန်နှိုးစက်ပေး။ ဖုန်းပွတ်၊ ပိုစ့်တင်။ Meeting ဘာညာမရှိရင် ပြန်အိပ်။ အိပ်ရေးပျက်တာတွေများတော့ ဘယ်လောက်တောင် ဖြစ်လာလဲဆိုရင် တခါတရံ နှိုးစက်နဲ့နိုးပြီး ပိုစ့်ထတင်သွားတာ။ လူက တကယ်အိပ်ရာနိုးတဲ့အခါ ပိုစ့်တွေ့ရင် ဘယ်လိုထရေးသွားလဲ လုံးဝမမှတ်မိတော့တာ။
ဟင်… ငါ ဘယ်တုန်းက ရေးလိုက်တာလဲပေါ့။ တော်သေးတယ်။ အခုချိန်ထိ စောက်တလွဲတွေ မဖြစ်သေးတာ ကံကောင်းပဲ။ ဆိုလိုချင်တာကကွာ… MaALoe တွေကို ထထဆဲနေတာက ဆဲလို့တော်လှန်ရေးမအောင်မှန်းလည်း သိတယ်။ စောက်မြင်ကပ်လို့ ရေးနေတာ။ မုန်းလို့ရေးနေတာ။
နင်ဆဲလို့ တော်လှန်ရေးအောင်မလား ဘာညာ စဆရက လာမလုပ်ကြနဲ့။ ငါသိတယ်။ တော်လှန်ရေးအတွက် အထောက်အပံ့ဖြစ်အောင်လည်း ကူတယ်။ စိတ်ဓါတ်စစ်ဆင်ရေးလည်း လုပ်တယ်။ ဆဲလည်း ဆဲတယ်။ အခုအချိန်မှာ စစ်ခွေးတွေကို ဆဲလို့ စောက်ပစ်တင်ချင်ရင် ဖုန်ရှူလိုက်။
Project NAN HTIKE AUNG လည်း Over 140% နဲ့ အောင်သွားပြီ ဆိုတော့ အချိန်လေး ပိုထွက်လာတာနဲ့ စာအရှည်ကြီးမရေးနိုင်တော့ကြောင်း စာအရှည်ကြီးနဲ့ ရှင်းပြတာ။ တော်လှန်ပြည်သူများ ကျန်းမာချမ်းသာ ဘေးကင်းကြပါစေ။ Gen L တွေနဲ့ MaALoeတွေကတော့ အသွားအလာသတိရှိကြပေါ့။
Crd
Zawgyi
နောက်ဆို စာအရှည်ကြီး မရေးနိုင်တော့တဲ့အကြောင်း စာအရှည်ကြီးရေးပြီး ရှင်းပြလာတဲ့ ပန်ဆယ်လို
Crd