Unicode
တော်လှန်ရေးကြီး မြန်မြန်အဆုံးသတ်ချင်ပြီဆိုပြီး ရင်ဖွင့်လာတဲ့ ဒါရိုက်တာ ကိုပေါက်
ပရိသတ်ကြီးရေ ရုပ်ရှင်ဇာတ်ကားတွေထဲမှာ ဇာတ်ပို့သရုပ်ဆောင်အဖြစ် အနုပညာလောကမှာ နေရာတစ်နေရာရရှိထားတဲ့သူကတော့ ကိုပေါက် ပဲဖြစ်ပါတယ်။ သူကတော့ အကြမ်းအနုကာရိုက်တာပေါင်းစုံ




ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တဲ့ ဝါရင့်အနုပညာရှင်တစ်ဦးပဲဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်အဖြစ် လူသိများတဲ့အပြင် ရုပ်ရှင်ဇာတ်ကားတွေကို ဖန်တီးသရုပ်ဖော်တဲ့ ဒါရိုက်တာတစ်ဦးအနေနဲ့လဲ
အနုပညာလောကမှာ နာမည်ကြီးကျော်ကြားလာခဲ့ပါတယ်။ ဒါအပြင် အမှန်တရားအတွက် ပြည်သူတွေ့ဘက်ကနေ ပြတ်ပြတ်သားသား ရပ်တည်ခဲ့တာကြောင့်လဲ ပရိသတ်တွေက ပိုမိုချစ်ခင်လေးစားကြရပြန်ပါတယ်။




“ပျော်ရာမှာမနေရ တော်ရာမှာနေနေရတဲ့တောမှာပျော်နေတဲ့ တောပျော်ကြီးပါ။အခက်အခဲတွေပြောမပြချင်ဘူး။အဆင်ပြေတာတွေပဲ ပြောပြချင်တယ်။ ပူတွေမငြီးတွားချင်ဘူး။အေးချမ်းတဲ့ အရာတွေပဲချပြချင်တယ်။
တကယ်ဆို လူ့ဘဝ တိုတောင်းလွန်းလှပါတယ်။ တော်လှန်ရေး မြန်မြန်ပြီးချင်တဲ့သူတွေထဲက တစ်ယောက်ပါ။ တော်လှန်ရေးအဓွန့်မရှည်ချင်ပါဘူး။ တစ်ချို့အရာတွေက အခုအချိန်မှာ ပြန်ပြောပြဖို့တော်တော်ခက်ပါတယ်။




ပြန်ပြောပြဖို့ လွယ်တဲ့အချိန်ကျရင်တော့ စာအဖြစ်နဲ့သော်လည်းကောင်း၊ရုပ်ရှင်အဖြစ်နဲ့သော်လည်းကောင်းပေါ့။ နဂိုကတည်းက အပူအပင်ဆိုရင် ခေါင်းထဲက ထုတ်ထားတတ်ပြီး အေးချမ်းတာတွေပဲ ထည့်ထားတတ်တော့ ကျနော်အဆင်ပြေပါတယ်။
ခင်ဗျားတို့ အဆင်မပြေမှာပဲစိုးတာ”လို့ ဒါရိုက်တာ ကိုပေါက် ဟာ သူ့ရဲ့လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။ ဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်နော်။
Zawgyi
တော်လှန်ရေးကြီး မြန်မြန်အဆုံးသတ်ချင်ပြီဆိုပြီး ရင်ဖွင့်လာတဲ့ ဒါရိုက်တာ ကိုပေါက်












Crd