တချို့လူတွေ ချမ်းသာလာလေလေ စုတ်တီးစုတ်ပြတ်နေလေပဲဆိုတဲ့ မင်းသမီး ခွန်းဆင့်နေခြည်

News

တချို့လူတွေ ချမ်းသာလာလေလေ စုတ်တီးစုတ်ပြတ်နေလေပဲဆိုတဲ့ မင်းသမီး ခွန်းဆင့်နေခြည်

တစ်ခေတ်တခါက နာမည်ကြီးခဲ့တဲ့ မင်းသမီးတစ်လက်ဖြစ်တဲ့ ခွန်းဆင့်နေခြည် ကိုတော့ အားလုံးပဲ မှတ်မိကြအုန်းမယ် ထင်ပါတယ်။

သူမရဲ့လက်ဦးဆရာကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း ပဲ ဖြစ်ပါတယ်။

ခွန်းဆင့်နေခြည် ကတော့ မင်းသားချော သူထူးစံနဲ့အတူ ဗီဒီယိုဇာတ်ကားပေါင်းများစွာ တွဲဖက်ရိုက်ကူးထားပြီး ပရိသတ်တွေကြား အောင်မြင်ခဲ့ပါတယ်။

သူမဟာ သရုပ်ဆောင်တဲ့အပြင် ရုပ်ရှင်ထုတ်လုပ်ရေးကိုပါ တွဲဖက်လုပ်ကိုင်ပြီး သရုပ်ဆောင်သစ်တွေကိုလဲ လက်တွဲခေါ်ယူတတ်ပါသေးတယ်။

ခွန်းဆင့်နေခြည် ဟာဆိုရင်တော့ လက်ရှိမှာ နယူးယောက်မှနေထိုင်လျှက်ရှိပြီး အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့တဲ့ သူမကိုတော့ ချစ်တဲ့ပရိသတ်တွေက သတိရနေပါသေးတယ်။

ဒါကြောင့်လဲ ခွန်းဆင့် ဟာ သူရိုက်ကူးခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားလေးတွေကို သူမရဲ့လူမှု့ကွန်ယက်ပေါ်မှတစ်ဆင့် ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးနေတာကို တွေ့ရပါတယ်။

သူမ ဟာ ဘဝရဲ့နှစ်သာရနဲ့ပတ်သက်ပြီး ပရိသတ်တွေကို အခုလိုပဲ ပြောပြရေးသားလာခဲ့ပါတယ်။ ” ဘဝရဲ့အနှစ်သာရကဘာလဲ သေချာသိလာလေ အပေါ်ယံပကာသနတွေမလိုချင်တော့လေပဲ

အပေါ်ယံကြည့်ပြီးမှအပေါင်းအသင်းလုပ်ချင်ကြသူတွေအမြဲအလိမ်မိတတ်ကြတယ် ••• တချို့လူတွေ ချမ်းသာလာလေလေ စုတ်တီးစုတ်ပြတ်နေလေပဲ သန်းချီချမ်းသာသူတွေက ခပ်ရို့ရို့လေးတွေရယ်ပါ

ချမ်းသာမှန်းတောင်မသိကြဘူး သာမန်အဝတ်အစား နဲ့ သာမန်အဆောင် အယောင်လောက်ပါပဲ အထွန့်တလူးကြွားဝါနေတာမျိုးလည်းမတွေ့ရပါဘူး

လူတစ်ယောက်ကိုအမြင်နဲ့ထင်ချင်သလိုထင်ပြီး အဆင့်အတန်းခွဲခြားမယ်ဆိုရင်တော့ ခေတ်မမှီဘူးဖြစ်တော့မယ် •••” လို့ သူမရဲ့လူမှု့ကွန်ယက်‌ပေါ်မှာ ရေးသားထားတာကို တွေ့ရပါတယ်။

Crd

Unicode












Crd

Leave a Reply

Your email address will not be published.