တော်လှန်ရေးကြောင့် ကိုယ်ပိုင်ဘဝပါပျောက်ခဲ့ရပေမယ့် ကျေနပ်တယ်ဆိုတဲ့ ချစ်သုဝေ

News

တော်လှန်ရေးကြောင့် ကိုယ်ပိုင်ဘဝပါပျောက်ခဲ့ရပေမယ့် ကျေနပ်တယ်ဆိုတဲ့ ချစ်သုဝေ

ရုပ်ရှင်နဲ့ဗီဒီယိုသရုပ်ဆောင် ချစ်သုဝေ ဟာလက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အရေးနဲ့ပတ်သတ်ပြီး ထိပ်ဆုံးကနေ ပါဝင်လှုပ်ရှားနေတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပါတယ်။

ဒီလိုလှုပ်ရှားမှု့တွေကြောင့် သူမကို ၅၀၅ ကနဲ့တရားစွဲဆိုထားပြီးတော့ ဘေးကင်းရာမှာ တိမ်းရှောင်နေရပါတယ်။ ချစ်သုဝေ ဟာ တိမ်းရှောင်နေရင်းနဲ့ ကျရာတာဝန်ကို အဝေးတစ်နေရာကနေ ထမ်းဆောင်နေသူလဲ ဖြစ်ပါတယ်။

တော်လှန်ရေးအတွက် ရှေ့ဆက်လုပ်ဆောင်ရမဲ့ စကားဝိုင်းဆွေးနွေးခန်းတွေမှာလဲ ပါဝင်တင်ဆက်ပေးနေတဲ့ အနုပညာရှင်မင်းသမီးလေးတစ်ဦးလဲ ဖြစ်ပါတယ်။

ဒါအပြင် ရောက်ရှိနေတဲ့နေရာကတေ သူမတတ်ကျွမ်းထားတဲ့ လက်မူ့ပညာလေးတွေနဲ့ ဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက်တတ်နိုင်သလောက် ကြိုးစားနေတာဖြစ်ပါတယ်။

ချစ်သုဝေ ကတော့ တော်လှန်ရေးကြောင့် ကိုယ်ပိုင်ဘဝပါပျောက်ခဲ့ရပေမယ့် ကျေနပ်တယ်ဆိုပြီး သူရဲ့ခံစားချက်တွေကို ရေးသားထားပါတယ်။

တော်လှန်ရေးက ဘဝဖြစ်တာကြောင့် အမွှာသမီးလေးနှစ်ယောက်ကို စောက်ရှောက်ဖို့အချိန်သိပ်ပေးနိုင်တဲ့အပြင် သီချင်းတွေနဲ့လဲ ဝေးကွာခဲ့ရတာ ကြာခဲ့ပါပြီလို့လဲ ရင်ဖွင့်ထားပါသေးတယ်။

” ခု​တော့ သမီး​လေး​တွေကိုလည်း ​ကောင်း​ကောင်း​စောင့်​ရှောက်နိုင်ဖို့အချိန်သိပ်မ​ပေးနိုင်​တော့ပါဘူး မေ​မေ က promise ​တွေdeal​တွေတခုမှမတည်သူပါတဲ့ ပြေးလွှားပုန်းရတဲ့တ​လျောက် တ​နေရာကတ​နေရာအကူး မ​ပေးမဖြစ်တဲ့​မျှော်လင့်ချက်​တွေpromise​တွေ ​ပေးခဲ့ရတာကိုး ၊

ကိုယ့် သီချင်း​တွေ အားပါးတရ ပြန်ဆိုချင်လိုက်တာတလရ ဟာ ဘဝလိုဖြစ်​နေ​တော့ကိုယ်ပိုင် ဘဝ​ပျောက်ခဲ့တာကြာ​ပေါ့ချစ်တယ်..စိတ်ဓါတ်ကျအားငယ်တိုင်း ငါတို့ ဇွဲရှိရမယ် ဆိုပြီး အချင်းချင်းကြားအားယူရတာပဲ” လို့ ရေးသားထားပါတယ်။

တော်လှန်ရေးအတွက် ဘဝတစ်ခုလုံးကို မြှပ်နှံထားတဲ့ ချစ်သုဝေ အတွက် အားပေးစကားလေးတွေ ကောမန့်မှာ ရေးသားသွားပေးခဲ့ပါအုန်းနော်။

Crd

Unicode











Crd

Leave a Reply

Your email address will not be published.