လွတ်‌မြောက်နယ်မြေကနေ မိခင်ကြီးကို အရမ်းလွမ်းနေကြောင်း ရင်ဖွင့်လာတဲ့ လူရွှင်တော် ဝိုင်းကျော်
News
လွတ်‌မြောက်နယ်မြေကနေ မိခင်ကြီးကို အရမ်းလွမ်းနေကြောင်း ရင်ဖွင့်လာတဲ့ လူရွှင်တော် ဝိုင်းကျော်
ပရိသတ်ကြီးရေ ပြည်သူတွေကို ရယ်မောပျော်ရွှင်အောင် ပြက်လုံးတွေနဲ့ ဖျော်ဖြေတင်ဆက်နေကျဖြစ်တဲ့ ဟားငါးကောင် အငြိမ့်အဖွဲ့ကိုတော့ လူတိုင်းသိကြလိမ့်မယ်ထင်ပါတယ်။ သူတို့အဖွဲ့ကို
တိုင်းကျော်၊တိုးကျော်၊ပြည်ကျော်၊ပိုးလေး၊ဝိုင်းကျော် တို့အဖွဲ့သားငါးယောက်နဲ့ ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ပျက်လုံးတွေကို အကောင်းဆုံးနဲ့အတွဲညီဆုံး သရုပ်ဖော်နိုင်တဲ့ သူတို့အနုပညာညီအစ်ကိုငါးဦးဟာ
အမှန်တရားအတွက်ဆိုရင်လည်း ရင်ဘတ်ချင်းညီသူတွေလဲ ဖြစ်ပါတယ်။ ဒါကြောင့်လဲ ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေကို အတူတကွရောက်ရှိနေတာပဲ ဖြစ်ပါတယ်။ မိသားစုကို ခွဲခွာပြီး လွတ်မြောက်နယ်မြေကို
ရောက်ရှိနေရတဲ့ အနုပညာရှင်တွေဟာ အရမ်းကိုချီးကျူးစရာကောင်းပါတယ်နော်။ မိသားစုဝင်တွေ ကျန်းမာရေးမကောင်းတဲ့အချိန်မှာလဲ အနားမှာရှိချင်တာ သဘာဝပါပဲနော်။ ဒါပေမယ့်လဲ အိမ်နဲ့ဝေးနေတာကြောင့်
အဝေးတစ်နေရာကပဲ အလွမ်းဖြေနေရတာဖြစ်ပါတယ်နော်။ ဟားငါးကောင် လူရွှင်တော် ဝိုင်းကျော်ဟာ ”အမေများနေ့တဲ့ ဘာရေးရမှန်းမသိအောင် လွမ်းလိုက်တာမေမေရယ်” ဆိုပြီး မိခင်ကိုအရမ်းလွမ်းနေတာကို
ရေးသားထားပါတယ်။ ဒါအပြင် သူ့ရဲ့သားလေးနဲ့ဇနီးဖြစ်သူကို သတိရပြီး ဓာတ်ပုံလေးတွေနဲ့အတူ အလွမ်းဖြေထားပါသေးတယ်။ အိမ်နဲ့ဝေးရာကို ရောက်ရှိနေတဲ့သူတိုင်းဟာ မိသားစုကို လွမ်းတတ်ကြစမြဲပါပဲနော်။
မြန်မာပြည်ကြီး အမြန်ဆုံး ပြန်လည်ငြိမ်းချမ်းပြီးတော့ လူရွှင်တော် ဝိုင်းကျော်တို့ မိသားစုလေးလဲ အမြန်ဆုံးပြန်လည်ဆုံစည်းကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Crd
Unicode
Crd
Leave a Reply
Your email address will not be published.