အမှန်တရားအတွက် ရင်ဆိုင်နေကြသူတွေကို မကူညီချင်ကြတော့ဘူးလားလို့ မေးခွန်းလိုက်တဲ့ ဖြူဖြူကျော်သိန်း
News
အမှန်တရားအတွက် ရင်ဆိုင်နေကြသူတွေကို မကူညီချင်ကြတော့ဘူးလားလို့ မေးခွန်းလိုက်တဲ့ ဖြူဖြူကျော်သိန်း
အမိုက်စား အသံပါဝါကြီးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ဖြူဖြူကျော်သိန်းဟာ ဂီတလောကရဲ့ ဘုရင်မတစ်ပါးလို့တောင် တင်စားရသူပါပဲ။
ဖြူဖြူကျော်သိန်း ရဲ့ သီချင်းတိုင်းက ပရိသတ်တွေကြားမှာ အတော်လေးအောင်မြင်ပြီး တစ်ခဲနက်အားပေးခံခဲ့ရတာပဲ ဖြစ်ပါတယ်။
သူမရဲ့သီချင်းတွေကတော့ ယခုထက်တို‌င်အောင် ရေပန်းစားကျော်ကြား ရေပန်းစားနေဆဲ ဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်းကတော့ လူထုလှုပ်ရှားမှုကြီးအစကတည်းက ပါဝင်ခဲ့ပြီး စစ်အာဏာသိမ်းမှုကိုလက်မခံဘဲ လမ်းမထက်မှာဆန္ဒထုတ်ဖော်ခဲ့တာလည်းဖြစ်ပါတယ်။
အမှန်တရားကိုမြတ်နိုးတဲ့ သူမကို ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးထွက်ပြေးတိမ်း ရှောင်ခဲ့ရတာလဲ ဖြစ်ပါတယ်။
ဖြူဖြူကျော်သိန်း ကတော့ အမှန်တရားအတွက် ရင်ဆိုင်နေကြသူတွေကို မကူညီချင်ကြတော့ဘူးလားလို့ မေးခွန်းလိုက်ပါတယ်။
” လူလိမ်တွေများလို့တဲ့…ကိုယ်လည်းကြုံခဲ့ဖူးပါတယ်။လုပ်စားတွေများလာတယ်တဲ့…
ကိုယ့်ပတ်ဝန်းကျင်မှာလည်းရှိပါတယ်။လူလည် လူနပ်တွေ‌ကောင်းစားတဲ့ လူနပ်ချမ်းသာနေရာကြီးပါတဲ့….သိပါတယ်လေ…
အများကြီးရှိတာပေါ့။လူလိမ်တွေ၊ လုပ်စားတွေ၊ လူလည်လူနပ်‌တွေများလို့…လူကောင်းတွေ၊ လူမှန်တွေ ကြိုးစားရပ်တည်နေတာ‌တွေကို လျစ်လျှူရှူလိုက်ရမှာလား? အသိအမှတ်မပြု‌တော့ဘူးလား? မကူညီချင်တော့ဘူးလား?မထူးပါဘူး၊
ငါလည်းအဆင်ပြေသလိုနေလိုက်တော့မယ်လား?အဲ့လိုသာဆို…လူဆိုးတွေ အနိုင်ရသွားမှာပေါ့နော်” လို့ သူမရဲ့လူမှု့ကွန်ယက်ပေါ်မှာ ‌ရေးသားထားတာကို တွေ့ရပါတယ်။
Crd
Unicode
Crd
Leave a Reply
Your email address will not be published.