သမ္မတ ရာထူးကဆင်းမှ ဆန္ဒပြသူတွေ အိမ်တော်က ဆင်းမယ်
ဇူလိုင် ၁၀
သီရိလင်္ကာ သမ္မတ ရာဂျာပက်ဆာ နဲ့ ဝန်ကြီးချုပ် တို့ နှစ်ဦး စလုံး ရာထူးက တရားဝင် မဆင်း မချင်း အဲဒီ ခေါင်းဆောင် ၂ ဦးရဲ့ အိမ်တွေကို ဆက်ပြီး သိမ်းပိုက် ထားမှာ ဖြစ်တယ်လို့ ဆန္ဒပြ ပြည်သူတွေက ပြောကြားလိုက် ပါတယ်။

သမ္မတ ရာဂျာပက်ဆာ က လာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာ ရာထူးက ဆင်းပေးတော့မှာ ဖြစ်တယ်လို့ ပါလီမန် ဥက္ကဌ က စနေနေ့ တုန်းက ကြေညာထားပြီး ဖြစ်ပါတယ်။
ဒါပေမယ့်လည်း သမ္မတ ကို မတွေ့မမြင်ရသလို သူ ကိုယ်တိုင် လူသိရှင်ကြား သတင်း ထုတ်ပြန် တာမျိုး လည်း မရှိပါ။
ဆန္ဒပြသူတွေကတော့ ခေါင်းဆောင် ၂ ဦးနဲ့ ပတ်သက်ပြီး သံသယ ဆက်ရှိနေကြ ဆဲ ဖြစ်ပါတယ်။

‘’ကျွန်တော်တို့ တိုက်ပွဲက မပြီးသေးပါဘူး’’ ‘’(သမ္မတ) တကယ် မဆင်းမချင်း ကျွန်တော်တို့ အလျှော့ပေးမှာ မဟုတ်ဘူး’’ လို့ ဆန္ဒပြ ကျောင်းသား ခေါင်းဆောင် တဦးက ပြောပါတယ်။
နိုင်ငံရေး အကဲခတ် လူ့အခွင့်အရေးရှေ့နေ တဦးကတော့ ‘’ လာမယ့် ရက်ပိုင်းတွေမှာ နိုင်ငံရေး အရ ဘာတွေ အပြောင်းအလဲ ဖြစ်မယ် ဆိုတာ မြင်တွေ့ရဖို့ ဘာမှ သေချာရေရာတဲ့ အခြေအနေမျိုး ရှိမှာ မဟုတ်ဘူး’’ လို့ ဆိုပါတယ်။
ခေါင်းဆောင် ၂ ဦး တကယ် ရာထူးက နုတ်ထွက်သွားရင် ဖြစ်လာမယ့် အခြေအနေ တွေဟာ စိတ်ဝင် စားစရာ ကောင်းမယ်လို့ လည်းသူက ပြောပါတယ်။

မနေ့ကတော့ ထောင်သောင်းချီတဲ့ ဆန္ဒပြသူတွေဟာ မြို့တော် ကိုလံဘိုကို ဆင်းလာကြပြီး သမ္မတ နုတ်ထွက် ပေးရေး တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။
တိုင်းပြည် စီးပွားရေး စီမံခန့်ခွဲမှု အလွဲအမှားတွေ အတွက် သမ္မတ ကို ပြစ်တင် ပြောကြားနေကြပြီး၊ အဲဒီလို စီမံဆောင်ရွက်မှု မတတ်လို့ တိုင်းပြည်မှာ အစားအစာ လောင်စာ နဲ့ ဆေးဝါးတွေ ပြတ်လပ် မှု ဟာ လနဲ့ချီ ကြာမြင့် နေပြီ ဖြစ်ပါတယ်။
#THN f j
Crd
Unicode