ဇူလိုင်လ(၁၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြတဲ့ ဦးလေးကျော်ဟိန်းနဲ့ အစ်ကိုဒွေးတို့ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးနေတဲ့ သားညီ
News
ဇူလိုင်လ(၁၁)ရက်နေ့မှာ ကွယ်လွန်သွားခဲ့ကြတဲ့ ဦးလေးကျော်ဟိန်းနဲ့ အစ်ကိုဒွေးတို့ကိုရည်စူးပြီး ကုသိုလ်ကောင်းမှုတွေပြုလုပ်ပေးနေတဲ့ သားညီ
ပရိတ်သတ်ကြီးရေ…. သားညီဟာဆိုရင် အစ်ကိုဖြစ်သူဒွေးနဲ့အတူ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ရုပ်ရှင်ဇာတ်ကားတွေရိုက်ကူးရင်း ပရိတ်သတ်အခိုင်အမာရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်နော် ။
သားညီက ဦးလေးဖြစ်သူအကယ်ဒမီကျော်ဟိန်းနဲ့ အစ်ကိုရင်းဖြစ်သူ အကယ်ဒမီဒွေးတို့ရဲ့ဖေးမမှုတွေကြောင့် အခုဆိုရင် နိုင်ငံကျော် ဒါရိုက်တာတစ်ယောက်အဖြစ်အနုပညာလောကမှာ အောင်မြင်နေပြီပဲ ဖြစ်ပါတယ်နော် ။
မနက်ဖြန်ဇူလိုင်လ (၁၁)ရက်နေ့ဟာဆိုရင် ပရိတ်သတ်တွေအားပေးချစ်ခင်ခဲ့ရတဲ့ အကယ်ဒမီဒွေးကွယ်လွန်ခဲ့တာ (၁၅) နှစ်တိတိရှိခဲ့ပြီဖြစ်တဲ့အပြင်သဘာဝမင်းကြီးအကယ်ဒမီကျော်ဟိန်း ကွယ်လွန်တာ (၂) နှစ်တိတိပြည့်ခဲ့ပြီဖြစ်ပါတယ် ။
ကွယ်လွန်သွားပြီဖြစ်တဲ့ ဦးလေးဖြစ်ူနဲ့အစ်ကိုဖြစ်သူတို့အတွက် တတ်နိုင်သမျှအလှူအတန်းလေးတွေပြုလုပ်ပေးနေကြောင်းကို “တတ်နိုင်သလောက်ကုသိုလ်လေးပါ ။ တစ်ယောက်က 15 နှစ်။ တစ်ယောက်က 2 နှစ်။ ပြုသမျှကုသိုလ် အမျှ ပေးပါတယ်ဗျ ာ ။
ဦးကျော် နဲ့ အစ်ကို ရောက်ရာ ဘုံဘဝတွေကနေ သာဓုခေါ်ဆိုနိုင်ပါစေ …” ဆိုပြီးသူ့ရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်နော် ။ ကွယ်လွန်သွားတာနှစ်တွေကြာနေပြီဆိုပေမယ့်လည်းယနေ့ထိတိုင်မမေ့မလျော့ပဲ လက်ဦးဆရာသမားတွေဖြစ်ခဲ့တဲ့
အစ်ကိုနဲ့ ဦးလေးအတွက် အလှူအတန်းတွေပြုလုပ်ပေးနေတဲ့ သားညီကိုလည်း သာဓုအကြိမ်ကြိမ်ခေါ်ဆိုပါတယ်နော်…။ ဦးကျော်ဟိန်နဲ့ ဒွေးလည်း ကိုသားညီပြုပြုသမျှကုသိုလ်တွေကို ရောက်ရာဘုံဘဝကနေ သာဓုခေါ်ဆိုနိုင်ပါစေနော်..
Source: Thar Nyi’s fb
Credit
Zawgyi
Source: Thar Nyi’s fb
Credit
Leave a Reply
Your email address will not be published.