ကျဆုံးသွားတဲ့သူကောင်လေးရဲ့ပုံကိုကြည့်ပြီးမျက်ရည်တွေကြနေတဲ့PDFရဲဘော်မလေးတစ်ဦး

News

ကဆွုံးသှားတဲ့သူကောငလြေးရဲ့ပုံကိုကှညြ့ပှီးမကွရြညတြှကှနေတေဲ့PDFရဲဘောမြလေးတဈဦး

မိုးတွေရွာခဲ့ပြီ
တချို့တွေ မြင်မသွားရရှာဘူး
ပိတောက်တွေ ပွင့်ခဲ့ပြီ
တချို့တွေ ပန်မသွားရရှာဘူး

မြေသင်းနံ့တွေလည်း လှိုင်ခဲ့ပြီ
တချို့တွေ ခံစားမသွားရရှာဘူး
တစ်နွေလုံး
အတူတူလက်ပစ်ကူးလာပြီးမှ

လေနုအေးလေးတွေကျ
အတူတူရှူရှိုက်ခွင့်မရတော့တဲ့ဘဝတွေ
မငိုပါနဲ့ကွာ
အပျော်ခရီးသွားကြတာမှမဟုတ်တာ
နိုင်ရာဝန် ထမ်းသွားကြတာ တဲ့
မငိုပါဘူးကွာ

မပွင့်လိုက်ရတဲ့ ပုရစ်ဖူးလေးတွေအကြောင်း
ငါတွေးတွေးပြီး ရင်တွေနာနေတာ
မိုးတွေက
နောက်တစ်ခေါက်ပြန်ရွာနေပြီ
တစ်ချို့တွေက
နောက်တစ်ခေါက်ပြန်မလာတော့ဘူး

မိုးတှရှောခဲ့ပွီ







credit

Leave a Reply

Your email address will not be published.