သစ်တောက်ဌက်လေး တစ်ကောင်ရဲ့…အစာ စုစောင်းပုံလေးကို… ဗဟုသုတ မျှဝေလိုက်ပါတယ်.

Knowledge

သစ်တောက်ဌက်လေး တစ်ကောင်ရဲ့…အစာ စုစောင်းပုံလေးကို… ဗဟုသုတ မျှဝေလိုက်ပါတယ်.

ပထမအနေနဲ့ … သေပြီးသား သစ်ပင် တစ်ပင်ကို… ရှာတယ်

ပြီးရင်… အပေါက်တွေ လုပ်တယ်…

သော့ချက်က… အဲ့ဒီအပေါက် တွေပဲ!

ကြီးတဲ့ အပေါက်… လုပ်မိရင်… အခြားဌက်တွေက အလွယ်တကူ လာယူမယ်.

သေးတဲ့ အပေါက်… လုပ်မိရင် … ဝက်သစ်ချသီးက အက်ကွဲသွားမယ်.

ဒါကြောင့် ဌက်ကလေးက… သင့်တော်မယ့် အပေါက်တွေကို… သေချာစဉ်းစားပြီးမှ… လုပ်ကြတယ်တဲ့လေ…

နွေရာသီ ကုန်ပြီ ဆိုတာနဲ့… သူ့ရဲ့ စုဆောင်းရေး အလုပ်ဟာ… ပြီးမြောက် သွားပြီတဲ့နော်.

ဌက်ကလေးတစ်ကောင်အတွက်… ဆောင်းရာသီ တရာသီလုံးမှာ လုံလောက်စေမယ့်… ဝက်သစ်ချသီး… အလုံး ၅၀,၀၀၀ ကို.. သစ်ပင်တစ်ပင်က ကောင်းကောင်းကြီး… နေရာ ပေးနိုင်တယ်တဲ့လေ…

“ မိုးမရွာခင် ခေါင်မိုးပြင် “ ဆိုတဲ့… ကြိုတင်ပြင်ဆင်မှု အသိတရားဟာ… လူမှတင် မဟုတ်ပါဘူး… တိရစ္ဆာန်လေးတွေမှာလဲ… သိကြ ပြင်ဆင်ကြတယ်လေနော်…

အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ

Crd

Leave a Reply

Your email address will not be published.