ဒေသခံPDFတပ်များ မှ အရေးပေါ်အခြေနေရ သတိပေး ချက်ထုတ်ပြန်

News

ဆော – ဆိပ်ဖြူလမ်းအား သွားလာခြင်းမပြုရန် ဒေသPDFတပ်များ သတိပေး ချက်ထုတ်ပြန်

ကန်ဇွန်းမရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်အထိနာ၍ စစ်ကြောင်းသုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေဟုဆို

ဝင်းမောင်/People’s Spring

မကွေးတိုင်း ဆောမြို့နှင့် ဆိပ်ဖြူမြို့လမ်းပိုင်းအား သွားလာခြင်းမပြုရန် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)များက သတိပေးချက် ထုတ်ပြန်ခဲ့သည်။

ယနေ့ (ဇူလိုင် ၉ရက်)မှစ၍ အဆိုပါ လမ်းပိုင်းအား လုံခြုံရေးအခြေအနေအရ ယာယီပိတ်ထားမည်ဖြစ်ကြောင်း လောင်းရှည် PDFက ကြေညာသည်။

ဆော/ဆိပ်ဖြူ လမ်းပိုင်းအား ပြန်လည်သွားလာခွင့်ကို နောက်ထပ်ကြေညာချက် မထုတ်ပြန်မချင်းအသွားအလာမလုပ်ရန် လောင်းရှည် PDFက မေတ္တာရပ်ခံပန်ကြားထားပြီး ကြေညာချက်ကို ဂရုမပြုဘဲအသုံးပြုသွားလာကြပါက လုံခြုံရေးကို အာမခံချက်ပေးနိုင်မည် မဟုတ်ကြောင်း သတိပေးသည်။

အလားတူ ဆော PDFကလည်း ဇူလိုင် ၇ရက် တိုက်ပွဲ၌ စစ်ကောင်စီတပ် အထိနာ၍ စစ်ကြောင်း သုံးကြောင်းခွဲ၍ ထိုးစစ်ဆင်နေသောကြောင့် ဆော-ဆိပ်ဖြူလမ်းပိုင်းအား မလိုအပ်ပဲသွားလာခြင်း မပြုဖို့ရန် ကြေညာချက်ထုတ်ပြန်သည်။

အဆိုပါ ဆော – ဆိပ်ဖြူလမ်းပိုင်း ကန်ဇွန်းမရွာနှင့် ဖလံမကျေးရွာကြားတွင် ဇူလိုင် ၇ရက်က စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဒေသကာကွယ်ရေးပူးပေါင်းတပ်က မိုင်း သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၁၅ဦးခန့် သေဆုံးပြီး ၇ဦးခန့် ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို ဆိပ်ဖြူဘာမထီအဖွဲ့၊ချောက်(ပကဖ)အဖွဲ့ ၊PDF-SAW တပ်ရင်း (၁)၊ ခွပ်ဒေါင်းတပ်ခွဲတို့ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

Crd

Unicode

ေဆာ – ဆိပ္ျဖဴလမ္းအား သြားလာျခင္းမျပဳရန္ ေဒသPDFတပ္မ်ား သတိေပး ခ်က္ထုတ္ျပန္

ကန္ဇြန္းမရြာအနီးတိုက္ပြဲ စစ္ေကာင္စီတပ္အထိနာ၍ စစ္ေၾကာင္းသုံးေၾကာင္းခြဲ၍ ထိုးစစ္ဆင္ေနဟုဆို

ဝင္းေမာင္/People’s Spring

မေကြးတိုင္း ေဆာၿမိဳ႕ႏွင့္ ဆိပ္ျဖဴၿမိဳ႕လမ္းပိုင္းအား သြားလာျခင္းမျပဳရန္ ေဒသတြင္းျပည္သူ႔ကာကြယ္ေရးတပ္(PDF)မ်ားက သတိေပးခ်က္ ထုတ္ျပန္ခဲ့သည္။

ယေန႔ (ဇူလိုင္ ၉ရက္)မွစ၍ အဆိုပါ လမ္းပိုင္းအား လုံျခဳံေရးအေျခအေနအရ ယာယီပိတ္ထားမည္ျဖစ္ေၾကာင္း ေလာင္းရွည္ PDFက ေၾကညာသည္။

ေဆာ/ဆိပ္ျဖဴ လမ္းပိုင္းအား ျပန္လည္သြားလာခြင့္ကို ေနာက္ထပ္ေၾကညာခ်က္ မထုတ္ျပန္မခ်င္းအသြားအလာမလုပ္ရန္ ေလာင္းရွည္ PDFက ေမတၱာရပ္ခံပန္ၾကားထားၿပီး ေၾကညာခ်က္ကို ဂ႐ုမျပဳဘဲအသုံးျပဳသြားလာၾကပါက လုံျခဳံေရးကို အာမခံခ်က္ေပးနိုင္မည္ မဟုတ္ေၾကာင္း သတိေပးသည္။

အလားတူ ေဆာ PDFကလည္း ဇူလိုင္ ၇ရက္ တိုက္ပြဲ၌ စစ္ေကာင္စီတပ္ အထိနာ၍ စစ္ေၾကာင္း သုံးေၾကာင္းခြဲ၍ ထိုးစစ္ဆင္ေနေသာေၾကာင့္ ေဆာ-ဆိပ္ျဖဴလမ္းပိုင္းအား မလိုအပ္ပဲသြားလာျခင္း မျပဳဖို႔ရန္ ေၾကညာခ်က္ထုတ္ျပန္သည္။

အဆိုပါ ေဆာ – ဆိပ္ျဖဴလမ္းပိုင္း ကန္ဇြန္းမရြာႏွင့္ ဖလံမေက်းရြာၾကားတြင္ ဇူလိုင္ ၇ရက္က စစ္ေကာင္စီတပ္ဖြဲ႕ဝင္မ်ားကို ေဒသကာကြယ္ေရးပူးေပါင္းတပ္က မိုင္း သုံးႀကိမ္တိုက္ခိုက္ခဲ့ရာ စစ္ေကာင္စီတပ္မွအရာရွိအပါအဝင္ ၁၅ဦးခန႔္ ေသဆုံးၿပီး ၇ဦးခန႔္ ဒဏ္ရာရရွိခဲ့သည္ဟု ဆိုသည္။

အဆိုပါတိုက္ခိုက္မႈကို ဆိပ္ျဖဴဘာမထီအဖြဲ႕၊ေခ်ာက္(ပကဖ)အဖြဲ႕ ၊PDF-SAW တပ္ရင္း (၁)၊ ခြပ္ေဒါင္းတပ္ခြဲတို႔ ပူးေပါင္းေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္ဟု ထုတ္ျပန္သည္။

Crd

Leave a Reply

Your email address will not be published.