BREAKING NEWS:
“ပေါက်တော မြေငုံကျွန်း ပင်လယ်ပြင်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေ”
—– —– —–
Western News-ဇူလိုင် ၉ ရက်
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နယ်၊ မြေငုံကျွန်း ဝက်လက်ကုန်းကျေးရွာ၏ ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေမှုကြောင့် ဒေသခံများစိုးရိမ်လျှက်ရှိနေကြသည်။




ယနေ့ ဇူလိုင် ၉ ရက်နေ့ ညနေ ၄ နာရီက စတင်ဖြစ်ပေါ်နေခြင်းဖြစ်ပြီး ညနေ ၇ နာရီအထိ အဆိုပါ ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေကြောင်း ဝက်လက်ကုန်းကျေးရွာ၏ ကမ်းခြေတွင်နေထိုင်သည့် မျက်မြင်ဒေသခံတစ်ဦးက Western News ကိုပြောသည်။
“ဒီနေ့ ညနေ ၄ နာရီခွဲလောက်နေပြီးတော့ စဖြစ်တာဗျ။ ကမ်းခြေတစ်လျှောက်နဲ့ပင်လယ်ပြင်မှာ အဖြူရောင်အမြှုပ်တွေဖြစ်ပေါ်နေတာပါ။ ညနေ ၇ နာရီအချိန်အထိ အဖြူရောင်အမြှုပ်တွေက ပျောက်မသွားဘူး။ ကျနော်တို့က ဘာဖြစ်တယ်ဆိုလည်းမသိဘူး”ဟုပြောသည်။




ဝက်လက်ကုန်းကျေးရွာမှ အသက် ၅၀အရွယ်လူကြီးတစ်ဦးက ယခုကဲ့သို့ ပင်လင်ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်ပေါ်တွင် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်နေခြင်းကို ပထမဦးဆုံးတွေ့မြင်ဖူးခြင်းဖြစ်ပြီး လူနှင့်တိရိစ္ဆာန်များအန္တရာယ်ဖြစ်မည်ကို စိုးရိမ်ကြောင်း Western News ကိုပြောသည်။
ယခုကဲ့သို့ ပင်လင်ကမ်းခြေတစ်လျှောက်နှင့် ပင်လယ်ပြင်ပေါ်တွင် အဖြူရောင်အမြှုပ်များကို ကလေးငယ်တစ်ချို့က ဆော့ကစားနေသည်ကို တွေ့မြင်ရပြီး ညနေ ၇ နာရီအထိ အဖြူရောင်အမြှုပ်များ ပျောက်ကွယ်သွားခြင်းမရှိသေးပေ။
ပြီးခဲ့သည် ၂၀၁၉ ဒီဇင်ဘာ လဆန်းပိုင်းက အိန္ဒိယနိုင်ငံ ချန်နိုင်းမြို့ မာရီနာကမ်းခြေတစ်ခုတွင် ရောနှောပါဝင်နေသည့် ညစ်ညမ်းပစ္စည်း (pollutants) များကြောင့် အဖြူရောင်အမြှုပ်များ ဖြစ်ပေါ်ခဲ့သည်။




ရခိုင်ကမ်းရိုးတန်းရေပြင်တွင် စစ်ကောင်စီက နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေးစွမ်းရည်မြင့်မားစေရန်အတွက် စစ်ကောင်စီ၏ ရေတပ်မှ ရေငုပ်သင်္ဘောစစ်ရေယာဥ် နှစ်စင်း၊ တစ်ခြားစစ်ရေယာဥ်များ၊ ရဟတ်ယာဥ်များဖြင့် စစ်ရေးလေ့ကျင့်လျက်ရှိသည်။
အဆိုပါစစ်ရေးလေ့ကျင့်မှုကို ဇူလိုင် ၅ ရက်နေ့ကစတင်ခြင်းဖြစ်ပြီး ပထမအဆင့်အနေဖြင့် မြန့်မာပင်လယ်ပြင်ရှိ စီးပွားရေးဇုန်များကို ကာကွယ်နိုင်စွမ်းရှိသည့် ရေတပ်တစ်ခုဖြစ်လာစေရန် မျှော်မှန်းထားကြောင်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြေားကြားခဲ့သည်။
Western News-WN
ဓာတ်ပုံ-Western News (9 Jul 2022)
Crd
Unicode
BREAKING NEWS:
“ေပါက္ေတာ ေျမငုံကၽြန္း ပင္လယ္ျပင္တြင္ အျဖဴေရာင္အျမႇုပ္မ်ား ျဖစ္ေပၚေန”
—– —– —–
Western News-ဇူလိုင္ ၉ ရက္
ရခိုင္ျပည္နယ္၊ ေပါက္ေတာၿမိဳ႕နယ္၊ ေျမငုံကၽြန္း ဝက္လက္ကုန္းေက်းရြာ၏ ကမ္းေျခတစ္ေလၽွာက္ႏွင့္ ပင္လယ္ျပင္တြင္ အျဖဴေရာင္အျမႇုပ္မ်ား ျဖစ္ေပၚေနမႈေၾကာင့္ ေဒသခံမ်ားစိုးရိမ္လၽွက္ရွိေနၾကသည္။




ယေန႔ ဇူလိုင္ ၉ ရက္ေန႔ ညေန ၄ နာရီက စတင္ျဖစ္ေပၚေနျခင္းျဖစ္ၿပီး ညေန ၇ နာရီအထိ အဆိုပါ ကမ္းေျခတစ္ေလၽွာက္ႏွင့္ ပင္လယ္ျပင္တြင္ အျဖဴေရာင္အျမႇုပ္မ်ား ျဖစ္ေပၚေနေၾကာင္း ဝက္လက္ကုန္းေက်းရြာ၏ ကမ္းေျခတြင္ေနထိုင္သည့္ မ်က္ျမင္ေဒသခံတစ္ဦးက Western News ကိုေျပာသည္။
“ဒီေန႔ ညေန ၄ နာရီခြဲေလာက္ေနၿပီးေတာ့ စျဖစ္တာဗ်။ ကမ္းေျခတစ္ေလၽွာက္နဲ႔ပင္လယ္ျပင္မွာ အျဖဴေရာင္အျမႇုပ္ေတြျဖစ္ေပၚေနတာပါ။ ညေန ၇ နာရီအခ်ိန္အထိ အျဖဴေရာင္အျမႇုပ္ေတြက ေပ်ာက္မသြားဘူး။ က်ေနာ္တို႔က ဘာျဖစ္တယ္ဆိုလည္းမသိဘူး”ဟုေျပာသည္။
ဝက္လက္ကုန္းေက်းရြာမွ အသက္ ၅၀အရြယ္လူႀကီးတစ္ဦးက ယခုကဲ့သို႔ ပင္လင္ကမ္းေျခတစ္ေလၽွာက္ႏွင့္ ပင္လယ္ျပင္ေပၚတြင္ အျဖဴေရာင္အျမႇုပ္မ်ား ျဖစ္ေပၚေနျခင္းကို ပထမဦးဆုံးေတြ႕ျမင္ဖူးျခင္းျဖစ္ၿပီး လူႏွင့္တိရိစၧာန္မ်ားအႏၲရာယ္ျဖစ္မည္ကို စိုးရိမ္ေၾကာင္း Western News ကိုေျပာသည္။




ယခုကဲ့သို႔ ပင္လင္ကမ္းေျခတစ္ေလၽွာက္ႏွင့္ ပင္လယ္ျပင္ေပၚတြင္ အျဖဴေရာင္အျမႇုပ္မ်ားကို ကေလးငယ္တစ္ခ်ိဳ႕က ေဆာ့ကစားေနသည္ကို ေတြ႕ျမင္ရၿပီး ညေန ၇ နာရီအထိ အျဖဴေရာင္အျမႇုပ္မ်ား ေပ်ာက္ကြယ္သြားျခင္းမရွိေသးေပ။
ၿပီးခဲ့သည္ ၂၀၁၉ ဒီဇင္ဘာ လဆန္းပိုင္းက အိႏၵိယနိုင္ငံ ခ်န္နိုင္းၿမိဳ႕ မာရီနာကမ္းေျခတစ္ခုတြင္ ေရာေႏွာပါဝင္ေနသည့္ ညစ္ညမ္းပစၥည္း (pollutants) မ်ားေၾကာင့္ အျဖဴေရာင္အျမႇုပ္မ်ား ျဖစ္ေပၚခဲ့သည္။
ရခိုင္ကမ္းရိုးတန္းေရျပင္တြင္ စစ္ေကာင္စီက နိုင္ငံေတာ္ လုံျခဳံေရးႏွင့္ ကာကြယ္ေရးစြမ္းရည္ျမင့္မားေစရန္အတြက္ စစ္ေကာင္စီ၏ ေရတပ္မွ ေရငုပ္သေဘၤာစစ္ေရယာဥ္ ႏွစ္စင္း၊ တစ္ျခားစစ္ေရယာဥ္မ်ား၊ ရဟတ္ယာဥ္မ်ားျဖင့္ စစ္ေရးေလ့က်င့္လ်က္ရွိသည္။




အဆိုပါစစ္ေရးေလ့က်င့္မႈကို ဇူလိုင္ ၅ ရက္ေန႔ကစတင္ျခင္းျဖစ္ၿပီး ပထမအဆင့္အေနျဖင့္ ျမန္႔မာပင္လယ္ျပင္ရွိ စီးပြားေရးဇုန္မ်ားကို ကာကြယ္နိုင္စြမ္းရွိသည့္ ေရတပ္တစ္ခုျဖစ္လာေစရန္ ေမၽွာ္မွန္းထားေၾကာင္း စစ္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ေျပားၾကားခဲ့သည္။
Western News-WN
ဓာတ္ပုံ-Western News (9 Jul 2022)
Crd