လွတ်မြောက်နယ်မြေက ဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကို ရေးသားလာတဲ့ MRTV သတင်းတင်ဆက်သူ ဦးကျော်သက်လင်း
ပရိသတ်ကြီးရေ သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ လက်ရှိမှာ လွတ်မြောက်နယ်မြေမှာ ရောက်ရှိနေတာပဲ ဖြစ်ပါတယ်။




တောထဲမှာ ရောက်ရှိနေရင်း ချစ်တဲ့ပရိသတ်တွေနဲ့ လူမူ့ကွန်ယက်ပေါ်မှတစ်ဆင့် အဆက်အသွယ်မပျက် ရှိနေတာပဲ ဖြစ်ပါတယ်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ဟာ လွတ်မြောက်နယ်မြေက မိတ်ဆွေတွေရဲ့ ဝမ်းနည်းစရာအဖြစ်အပျက်လေးတစ်ခုကို ရေးသားလာခဲ့ပါတယ်။
” တစ်သက်လုံးအတူနေလာတဲ့မိသားစုတွေနဲ့ခွဲခွာခဲ့ကြရလို့အပူမီးတွေနဲ့အသားကျလာတဲ့အခါမှာပဲ…လပေါင်းများစွာကြာရင်းနှီးနေထိုင်လာကြတဲ့ ညီလေး ညီမလေးတွေတချို့ သားငယ် သမီးငယ်တချို့
ကျနော်ရှိနေတဲ့နေရာကနေ ပုံစံအမျိုးမျိုးနဲ့စွန့်ခွာသွားကြပြန်ပါတယ်။ ရုံးဌာန ကျောင်းပေါင်းများစွာ မြို့ပေါင်းများစွာ ကုမ္ပဏီပေါင်းများစွာ နေရာပေါင်းများစွာ ပြောင်းရွှေ့တာဝန်ထမ်းဆောင်လာခဲ့ဘူးသူအနေနဲ့ အဆန်း တော့မဟုတ်ပေမယ့် သံယောဇဥ်တွေက ခွဲခွာကြတိုင်း နာကြင်ရပါတယ်။




ဒီနေ့ပဲ တာဝန်နဲ့ပြန်လာတဲ့သူတစ်ယောက်ကို ရေနွေးသောက်ဖို့ခေါ်ရင်း စကားထိုင်ပြောကြတော့ ဒီနေ့ ကျနော့် အမေမြေချတဲ့နေ့ပါတဲ့။ သူတာဝန်နဲ့သွားတဲ့နေ့က သူ့အမေကွယ်လွန်တဲ့နေ့….ဒီလိုပါပဲ ကျနော်နေတဲ့ နေရာမှာရှိတဲ့
သားငယ် သမီးငယ်တွေရဲ့ အမိအဖ မောင်နှမ အားလုံးဆိုရင် ၈ယောက်လောက် ကွယ်လွန်ခဲ့ကြပြီးပါပြီ။ ဘယ်လိုနှစ်သိမ့်ရမလည်းမသိတဲ့ အခြေအနေဆိုးတွေကို လတိုင်းဖြတ်ကျော်နေကြရပါတယ်။ကျနော့်အမေဆုံးသွားပြီ ကျနော့်အဖေဆုံးသွားပြီ
ကျနော့်ညီမဆုံးသွားလို့ မေမေက ၄၆နှစ်ပဲရှိသေးတယ် ညီမလေးက ၁၅နှစ်ပါဆိုတဲ့ စကားသံတွေထွက်လာတဲ့သူတွေကိုငေးကြည့်ရင်း ပြောစရာစကားတွေက နှုတ်ဖျားမှာဆွံ့အနေခဲ့တယ်။ ကိုယ်ကသာ ဘယ်လိုအားပေးရမလည်း စကားလုံးရွေးနေစဥ်မှာပဲ




သူတို့က ထင်းခွေသူခွေ ရေခပ်သူခပ်နဲ့ ပုံမှန်အခြေအနေနဲ့ နေသားကျနေကြပါပြီ။ ဒီနေ့ ကျနော်စာရေးစဥ်မှာပဲ မိုးတွေကအုံ့ဆိုင်းပြီး တဒိန်းဒိန်းခြိမ်းလို့နေပါတယ်။ နောက်ထပ်ဘယ်သူတွေစခန်းကို စွန့်ခွာနှုတ်ဆက်ကြဦးမလည်း…ဟုတ်ကဲ့ကျနော်ပါ။
အသက်ရှင်နေသ၍ ခွဲခွာခြင်းဆိုတာ ကျနော်တို့မယဥ်ပါးတဲ့မိတ်ဆွေပါပဲ ” လို့ ရေးသားထားတာကို တွေ့ရပါတယ်။
သတင်းတင်ဆက်သူ ဦးကျော်သက်လင်း ရေးသားထားတဲ့ လွတ်မြောက်နယ်မြေက ဝမ်းနည်းစရာအဖြစ်အပျက်တွေကို ပရိသတ်တွေကလဲ စိတ်မကောင်းဖြစ်နေကြတာပဲ ဖြစ်ပါတယ်။
အဆုံးထိဖတ်ရှု့ပေးတဲ့ စာဖတ်ပရိသတ်ကြီးကို ကျေးဇူးအထူးတင်ရှိပါတယ်။
Crd
Unicode
လြတ္ေျမာက္နယ္ေျမက ဝမ္းနည္းစရာအျဖစ္အပ်က္တစ္ခုကို ေရးသားလာတဲ့ MRTV သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း
ပရိသတ္ႀကီးေရ သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ လက္ရွိမွာ လြတ္ေျမာက္နယ္ေျမမွာ ေရာက္ရွိေနတာပဲ ျဖစ္ပါတယ္။




ေတာထဲမွာ ေရာက္ရွိေနရင္း ခ်စ္တဲ့ပရိသတ္ေတြနဲ႔ လူမူ႔ကြန္ယက္ေပၚမွတစ္ဆင့္ အဆက္အသြယ္မပ်က္ ရွိေနတာပဲ ျဖစ္ပါတယ္။
သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ဟာ လြတ္ေျမာက္နယ္ေျမက မိတ္ေဆြေတြရဲ႕ ဝမ္းနည္းစရာအျဖစ္အပ်က္ေလးတစ္ခုကို ေရးသားလာခဲ့ပါတယ္။
” တစ္သက္လုံးအတူေနလာတဲ့မိသားစုေတြနဲ႔ခြဲခြာခဲ့ၾကရလို႔အပူမီးေတြနဲ႔အသားက်လာတဲ့အခါမွာပဲ…လေပါင္းမ်ားစြာၾကာရင္းႏွီးေနထိုင္လာၾကတဲ့ ညီေလး ညီမေလးေတြတခ်ိဳ႕ သားငယ္ သမီးငယ္တခ်ိဳ႕
က်ေနာ္ရွိေနတဲ့ေနရာကေန ပုံစံအမ်ိဳးမ်ိဳးနဲ႔စြန္႔ခြာသြားၾကျပန္ပါတယ္။ ႐ုံးဌာန ေက်ာင္းေပါင္းမ်ားစြာ ၿမိဳ႕ေပါင္းမ်ားစြာ ကုမၸဏီေပါင္းမ်ားစြာ ေနရာေပါင္းမ်ားစြာ ေျပာင္းေ႐ႊ႕တာဝန္ထမ္းေဆာင္လာခဲ့ဘူးသူအေနနဲ႔ အဆန္း ေတာ့မဟုတ္ေပမယ့္ သံေယာဇဥ္ေတြက ခြဲခြာၾကတိုင္း နာၾကင္ရပါတယ္။




ဒီေန႔ပဲ တာဝန္နဲ႔ျပန္လာတဲ့သူတစ္ေယာက္ကို ေရေႏြးေသာက္ဖို႔ေခၚရင္း စကားထိုင္ေျပာၾကေတာ့ ဒီေန႔ က်ေနာ့္ အေမေျမခ်တဲ့ေန႔ပါတဲ့။ သူတာဝန္နဲ႔သြားတဲ့ေန႔က သူ႔အေမကြယ္လြန္တဲ့ေန႔….ဒီလိုပါပဲ က်ေနာ္ေနတဲ့ ေနရာမွာရွိတဲ့
သားငယ္ သမီးငယ္ေတြရဲ႕ အမိအဖ ေမာင္ႏွမ အားလုံးဆိုရင္ ၈ေယာက္ေလာက္ ကြယ္လြန္ခဲ့ၾကၿပီးပါၿပီ။ ဘယ္လိုႏွစ္သိမ့္ရမလည္းမသိတဲ့ အေျခအေနဆိုးေတြကို လတိုင္းျဖတ္ေက်ာ္ေနၾကရပါတယ္။က်ေနာ့္အေမဆုံးသြားၿပီ က်ေနာ့္အေဖဆုံးသြားၿပီ
က်ေနာ့္ညီမဆုံးသြားလို႔ ေမေမက ၄၆ႏွစ္ပဲရွိေသးတယ္ ညီမေလးက ၁၅ႏွစ္ပါဆိုတဲ့ စကားသံေတြထြက္လာတဲ့သူေတြကိုေငးၾကည့္ရင္း ေျပာစရာစကားေတြက ႏႈတ္ဖ်ားမွာဆြံ႕အေနခဲ့တယ္။ ကိုယ္ကသာ ဘယ္လိုအားေပးရမလည္း စကားလုံးေ႐ြးေနစဥ္မွာပဲ




သူတို႔က ထင္းေခြသူေခြ ေရခပ္သူခပ္နဲ႔ ပုံမွန္အေျခအေနနဲ႔ ေနသားက်ေနၾကပါၿပီ။ ဒီေန႔ က်ေနာ္စာေရးစဥ္မွာပဲ မိုးေတြကအုံ႔ဆိုင္းၿပီး တဒိန္းဒိန္းၿခိမ္းလို႔ေနပါတယ္။ ေနာက္ထပ္ဘယ္သူေတြစခန္းကို စြန္႔ခြာႏႈတ္ဆက္ၾကဦးမလည္း…ဟုတ္ကဲ့က်ေနာ္ပါ။
အသက္ရွင္ေနသ၍ ခြဲခြာျခင္းဆိုတာ က်ေနာ္တို႔မယဥ္ပါးတဲ့မိတ္ေဆြပါပဲ ” လို႔ ေရးသားထားတာကို ေတြ႕ရပါတယ္။
သတင္းတင္ဆက္သူ ဦးေက်ာ္သက္လင္း ေရးသားထားတဲ့ လြတ္ေျမာက္နယ္ေျမက ဝမ္းနည္းစရာအျဖစ္အပ်က္ေတြကို ပရိသတ္ေတြကလဲ စိတ္မေကာင္းျဖစ္ေနၾကတာပဲ ျဖစ္ပါတယ္။




အဆုံးထိဖတ္ရႈ႕ေပးတဲ့ စာဖတ္ပရိသတ္ႀကီးကို ေက်းဇူးအထူးတင္ရွိပါတယ္။
Crd