စစ်ကောင်စီ၏ အယောင်ပြရွေးကောက်ပွဲနှင့်လက်အောက်ခံကော်မရှင် ဆောင်ရွက်မှုမှန်သမျှကို NLD လုံး၀လက်မခံ၊ အသိအမှတ်ပြုမည်မဟုတ်
လီလီယန်/People’s Spring
တရားမဝင် အာဏာသိမ်းစစ်ကောင်စီဖွဲ့စည်းထားသော ရွေးကောက်ပွဲကော်မရှင်၏ ဆောင်ရွက် သမျှကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)က လုံး၀အသိအမှတ်မပြုကြောင်း ယနေ့ထုတ်ပြန် ကြေညာသည်။




စစ်ကောင်စီသည် ပြည်သူလူထုနှင့် နိုင်ငံတကာကို လှည်းစားရန် နောက်ထပ်ရွေးကောက်ပွဲတစ် ခု ကျင်းပရန် ကြံစည်အားထုတ်နေသည်ကို ကြားသိရကြောင်းနှင့် ယင်းရွေးကောက်ပွဲအပါအဝင် စစ်ကောင်စီလက် အောက်ခံ ကော်မရှင် ဆောင်ရွက်သမျှသော ဥပဒေ၊ နည်းဥပဒေနှင့်လုပ်ငန်းစဉ် အားလုံးသည် မည်သည့်ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်မျှ ညီညွတ်မှုမရှိသဖြင့် လုံး၀လက်ခံမည် မဟုတ်ကြောင်း NLD က ထုတ်ပြန် သည်။
၂၀၂၀ နိုဝင်ဘာ ၈ ရက်တွင် ကျင်းပသောအထွေ ထွေရွေးကောက်ပွဲတွင် NLD ပါတီသည် မဲဆန္ဒနယ်အားလုံး၏(၈၂.၃၆)ရာခိုင်နှုန်း အနိုင်ရရှိပြီး လွှတ်တော်ကိုယ်စားလှယ် (၉၂၀)ဦး ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။
အဆိုပါရွေးကောက်ပွဲတွင် မဲဆန္ဒနယ်စုစုပေါင်း ၁၁၇၁ နယ်ရှိရာ ၁၁၁၇ နယ်တွင် ကျင်းပနိုင်ခဲ့ပြီးဆန္ဒမဲပေးခွင့်ရှိသူစုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းကျော်လာရောက်မဲပေးခဲ့ကြခြင်းဖြစ်သည်။




အထက်ပါရွေးကောက်ပွဲကို မဲသမာမှုရှိသည်ဆိုကာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့ပြီး အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီး ယနေ့အချိန်အထိ ၎င်းတို့ စွပ်စွဲသော မဲသမာမှုကို ခိုင်ခိုင်မာမာ သက် သေပြနိုင်ခြင်းမရှိသေးပေ။
၂၀၂၀ အထွေထွေရွေးကောက်ပွဲကို နိုင်ငံတကာသံတမန်များနှင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအရပ်ဖက်အဖွဲ့အစည်းများကလည်း လွတ်လပ်ပြီး တရားမျှတသော ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြသည်။




အာဏာသိမ်းစစ်ကောင်စီ၏ အဓမ္မအာဏာရယူမှုသည် ၎င်းတို့ကိုယ်တိုင်ပြဌါန်းအတည်ပြုထားသော ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်ပင်လျှင် ညီညွတ်မှုမရှိကြောင်းလည်း NLD က ထပ်လောင်း ထုတ်ပြန်သည်။
Crd
Unicode
စစ္ေကာင္စီ၏ အေယာင္ျပေရြးေကာက္ပြဲႏွင့္လက္ေအာက္ခံေကာ္မရွင္ ေဆာင္ရြက္မႈမွန္သမၽွကို NLD လုံး၀လက္မခံ၊ အသိအမွတ္ျပဳမည္မဟုတ္
လီလီယန္/People’s Spring
တရားမဝင္ အာဏာသိမ္းစစ္ေကာင္စီဖြဲ႕စည္းထားေသာ ေရြးေကာက္ပြဲေကာ္မရွင္၏ ေဆာင္ရြက္ သမၽွကို အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္(NLD)က လုံး၀အသိအမွတ္မျပဳေၾကာင္း ယေန႔ထုတ္ျပန္ ေၾကညာသည္။




စစ္ေကာင္စီသည္ ျပည္သူလူထုႏွင့္ နိုင္ငံတကာကို လွည္းစားရန္ ေနာက္ထပ္ေရြးေကာက္ပြဲတစ္ ခု က်င္းပရန္ ႀကံစည္အားထုတ္ေနသည္ကို ၾကားသိရေၾကာင္းႏွင့္ ယင္းေရြးေကာက္ပြဲအပါအဝင္ စစ္ေကာင္စီလက္ ေအာက္ခံ ေကာ္မရွင္ ေဆာင္ရြက္သမၽွေသာ ဥပေဒ၊ နည္းဥပေဒႏွင့္လုပ္ငန္းစဥ္ အားလုံးသည္ မည္သည့္ဥပေဒ၊ လုပ္ထုံးလုပ္နည္းမ်ားႏွင့္မၽွ ညီညြတ္မႈမရွိသျဖင့္ လုံး၀လက္ခံမည္ မဟုတ္ေၾကာင္း NLD က ထုတ္ျပန္ သည္။
၂၀၂၀ နိုဝင္ဘာ ၈ ရက္တြင္ က်င္းပေသာအေထြ ေထြေရြးေကာက္ပြဲတြင္ NLD ပါတီသည္ မဲဆႏၵနယ္အားလုံး၏(၈၂.၃၆)ရာခိုင္ႏႈန္း အနိုင္ရရွိၿပီး လႊတ္ေတာ္ကိုယ္စားလွယ္ (၉၂၀)ဦး ေရြးခ်ယ္တင္ေျမႇာက္ခံခဲ့ရသည္။




အဆိုပါေရြးေကာက္ပြဲတြင္ မဲဆႏၵနယ္စုစုေပါင္း ၁၁၇၁ နယ္ရွိရာ ၁၁၁၇ နယ္တြင္ က်င္းပနိုင္ခဲ့ၿပီးဆႏၵမဲေပးခြင့္ရွိသူစုစုေပါင္း၏ ၇၁ ရာခိုင္ႏႈန္းေက်ာ္လာေရာက္မဲေပးခဲ့ၾကျခင္းျဖစ္သည္။
အထက္ပါေရြးေကာက္ပြဲကို မဲသမာမႈရွိသည္ဆိုကာ ၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္တြင္ စစ္တပ္က အာဏာသိမ္းခဲ့ၿပီး အာဏာမသိမ္းမီႏွင့္ အာဏာသိမ္းၿပီး ယေန႔အခ်ိန္အထိ ၎တို႔ စြပ္စြဲေသာ မဲသမာမႈကို ခိုင္ခိုင္မာမာ သက္ ေသျပနိုင္ျခင္းမရွိေသးေပ။




၂၀၂၀ အေထြေထြေရြးေကာက္ပြဲကို နိုင္ငံတကာသံတမန္မ်ားႏွင့္ ေရြးေကာက္ပြဲေစာင့္ၾကည့္ေလ့လာသူအရပ္ဖက္အဖြဲ႕အစည္းမ်ားကလည္း လြတ္လပ္ၿပီး တရားမၽွတေသာ ေရြးေကာက္ပြဲအျဖစ္ အသိအမွတ္ျပဳခဲ့ၾကသည္။
အာဏာသိမ္းစစ္ေကာင္စီ၏ အဓမၼအာဏာရယူမႈသည္ ၎တို႔ကိုယ္တိုင္ျပဌါန္းအတည္ျပဳထားေသာ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ပင္လၽွင္ ညီညြတ္မႈမရွိေၾကာင္းလည္း NLD က ထပ္ေလာင္း ထုတ္ျပန္သည္။
Crd