တပ်ကို အလွန်ချစ်မြတ်နိုးသည့်လူငယ်က တပ်ကိုလှူဒါန်းခဲ့တဲ့ ပတ္တမြားအား တပ်ကနေ ချစ်တဲ့နိုင်ငံတော်ကို ပြန်လှူတယ်လို့အာဏာသိမ်း မင်းအောင်လှိုင်ပြော
ဇူလိုင်လ ၈ ရက်န့။

တပ်ကနေ နိုင်ငံတော်ကို အဖိုးထိုက်တန်ပြီးရှားပါးထူးခြားတဲ့ ပတ္တမြား လှူဒါန်းတယ်ဆိုပြီး အာဏာသိမ်း စစ်ကောင်စီဥက္ကဌ မင်းအောင်လှိုင်က ပြောပါသည်။
ယင်းက “တပ်ကိုအလွန် ချစ်မြတ်နိုးသည့်လူငယ်တစ်ဦးက ၎င်း၏မိဘဘိုးဘွား များ လက်ထက်က ထိန်းသိမ်းထားရှိသည့် ပတ္တမြားကြီးကို တပ်ကိုလှူဒါန်းဖို့ ကမ်းလှမ်းခဲ့ပါတယ်။
အဲဒီ ပတ္တမြားကို တာဝန်ရှိသူတွေက စိစစ်ကြည့်သည့်အခါတွင် အဖိုးထိုက်တန်သည့် ပတ္တမြား ဖြစ် တာကိုတွေ့ရတယ်။ ဒါကြောင့် နိုင်ငံတပ်မတော်ကောင်းအနေဖြင့် နိုင်ငံတော်သို့ ပေးအပ်လှူဒါန်းရ ခြင်းဖြစ်ပါ တယ်”လို့ ရှာရိုးမရှိပြောပါသည်။

တပ်မတော်သို့လှူဒါန်းလာသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ နိုင်ငံတော်ပတ္တမြား(စကစ)အဖြစ်ဂုဏ်ပြုခေါ်ဝေါ်သည့် ပတ္တမြားကြီးအား ဇူလိုင် ၇ ရက်တွင် နေပြည်တော်ရှိ အာဏာသိမ်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၌ နိုင်ငံတော်သို့တပ်မတော်မှလှူဒါန်းခဲ့ပါသည်။
“၁၉၉၀ ခုနှစ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည် ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်မှာ နိုင်ငံတော်ကို ၄၉၆ ကာရက်ရှိတဲ့ ပတ္တမြားလှူဒါန်းတာကိုလက်ခံရရှိခဲ့ပါတယ်။
၂၀၁၃ ခုနှစ်မှာလည်း ၁၉၀၇ ကာရက်ရှိတဲ့ပတ္တမြား နိုင်ငံတော်ကို လှူဒါန်းတာကိုလည်း လက်ခံရရှိခဲ့ပါတယ်”ဟု အာဏာသိမ်း စစ်ကောင်စီ ဥက္ကဋ္ဌကပြောပါသည်။

ယခုလှူဒါန်းသည့် ပတ္တမြားကြီးသည် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိပြီး အရွယ်အစားအားဖြင့်ကြီးမား၍ နိုင်ငံတော်ပတ္တမြား(စကစ)အ ဖြစ် ဂုဏ်ပြုသတ်မှတ်ခေါ်ဝေါ်မည်ဖြစ်ကာ ပတ္တမြားကြီးသည် ပွတ်ချောအမျိုးအစားဖြစ်ပြီး ၊
အပြစ်အနာအဆာကင်းစင်ပြီး မိုးကုတ်ရတနာမြေမှ ထွက်ရှိသည့် ရှားပါးပတ္တမြားဖြစ်၍ လှူဒါန်းသည့်လူငယ်အား ထိုက်တန်စွာချီးမြှင့်သွားမည်ဟုပြောပါသည်။
နိုင်ငံတော်သို့လှူဒါန်းသည့် ၂၇၈၉ ဒသမ ၂၅ ကာရက်ရှိ ပတ္တမြားကြီးသည် မာခြင်းအဆင့် ၉ ရှိပြီး သိပ်သည်းဆ ၃ ဒသမ ၉၉ ရှိပြီး ခရမ်းရောင်အနည်းငယ်သန်းသည့် အနီရောင် (Red With Purplish tint)ဖြစ်ကာ မိုးကုတ်ရတနာနယ်မြေမှ ထွက်ရှိခဲ့ခြင်းဖြစ်ပါသည်။

အဆိုပါ နိုင်ငံတော်ပတ္တမြား(စကစ)လှူဒါန်းခြင်းအခမ်းအနားအား အာဏာသိမ်း ဥက္ကဋ္ဌ၊စကစ ဒု- ဥက္ကဋ္ဌ၊ဒု-းစိုးဝင်း၊ကောင်စီဝင် ဒု-းမိုးမြင့်ထွန်း၊တွဲဖက်အတွင်းရေးမှူး ဒု-ဗိုလ်ရဲဝင်းဦး၊
ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)းမောင်မောင်အေး၊စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်၊သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းညိမ်းနှင့် ဒု-ဝန်ကြီးများတက်ရောက်ခဲ့ကြပါသည်။
Crd
Zawcode: