စက္သုံးဆီေဈး ျပန္က်ေပမယ့္ လိုသေလာက္ ဝယ္မရေသး ( ေမွာင္ခိုဇာတ္လမ္း တစခန္းျပန္ထဦးမယ့္ အကြက္ေတြလား )
ဇူလိုင္ ပထမအပတ္အတြင္း ကမာၻ႔ေရနံစိမ္းေဈးႏႈန္း ျပန္လည္ က်ဆင္းလာတာေၾကာင့္ ျပည္တြင္း စက္သုံးဆီေဈးကြက္မွာ ဓာတ္ဆီ တစ္လီတာ က်ပ္ ၂၀၀၀ ေအာက္ ျပန္လည္ ေရာက္ရွိလာတယ္လို႔ စက္သုံးဆီေရာင္းဝယ္ေရး လုပ္ငန္းရွင္ေတြထံက သိရပါတယ္။




ကမာၻ႔ ေရနံစိမ္းေဈးႏႈန္းဟာ ႐ုရွားနဲ႔ ယူကရိန္း ဂယက္ေၾကာင့္ တစ္စည္ကို ေဒၚလာ ၁၂၀ ေက်ာ္ထိ ျမင့္တက္ခဲ့ရာကေန ဇူလိုင္ ပထမအပတ္အတြင္းမွာေတာ့ တစ္စည္ကို ေဒၚလာ ၁၀၀ ေအာက္ ေဈးႏႈန္း ျပန္လည္ က်ဆင္းခဲ့တာ ျဖစ္ပါတယ္။
ကမာၻ႔ေရနံစိမ္းေဈးႏႈန္း ျပန္လည္ က်ဆင္းလာတာေၾကာင့္ ျပည္တြင္း စက္သုံးဆီေဈးကြက္မွာ ဓာတ္ဆီ ၉၂ တစ္လီတာကို က်ပ္ ၁၈၈၀ ထိ ေဈးႏႈန္း က်ဆင္းလာသလို ဓာတ္ဆီ ၉၅ တစ္လီတာကိုလည္း က်ပ္ ၂၀၁၀ ထိ ေဈးႏႈန္း က်ဆင္းလာခဲ့တာ ျဖစ္ပါတယ္။ ယေန႔ ထုတ္ျပန္တဲ့ ေဈးႏႈန္းေတြမွာလည္း စက္သုံးဆီ ေဈးေတြ ထပ္မံက်ဆင္းသြားတာကို ေတြ႕ရပါတယ္။




စက္သုံးဆီ ေဈးႏႈန္း က်ဆင္းေနေပမယ့္ လိုသေလာက္ ဝယ္ယူလို႔ မရေသးတဲ့အတြက္ အခက္ႀကဳံေနရပါတယ္။ ယာယီအေရာင္းပိတ္ထားတဲ့ စက္သုံးဆီဆိုင္ေတြကိုလည္း ပိတ္သိမ္းတဲ့အထိ အေရးယူသြားမယ္လို႔ စကစဖက္က ၿခိမ္းေျခာက္ထားပါတယ္။
“ဟိုအရင္လိုေတာ့ ေပါေပါသီသီ ဝယ္လို႔ မရေသးဘူးေပါ့၊ မရေသးဘူး ခြဲတမ္း တင္ရတာေပါ့ေလ၊ ခြဲတမ္း တင္တဲ့ ေနရာမွာ သူကေတာ့ ရွင္းရွင္းေျပာရင္ လစ္မစ္နဲ႔ေပါ့၊ ကိုယ္ (၄)ေသာင္း တင္လို႔ ကိုယ့္ရဲ႕ နဂို သူတို႔ကို တင္ျပထားတဲ့ လစ္မစ္ေတြပါ့ေနာ္၊ စာရင္း အရ လက္ရွိ အေနအထားကို သီလဝါကေန ခြဲတမ္း ျပန္ခ်ေပးရင္ တစ္ခါတေလလည္း အျပည့္နီးပါး ရတယ္၊




တစ္ခါတေလလည္း ေလ်ာ့ၿပီး ရတာေပါ့ ခြဲတမ္းေတြကေလ၊ အကယ္လို႔ အဲ့ဒီဆိုင္မွာ ဆီလုံလုံေလာက္ေလာက္ မရွိရင္ သူတို႔ရဲ႕ အတြင္း႐ုံးကို ျပန္တင္ျပ၊ တင္ျပၿပီးလို႔ ရွိရင္ အတြင္း႐ုံးက ျပန္စီစဥ္ ေပးတာေပါ့၊ အခုကေတာ့ ဘယ္လိုေျပာမလည္း ဆိုေတာ့ ဆီဆိုင္ကို သူတို႔ ခြဲတမ္း ေပးလို႔ ခြဲတမ္း မထုတ္ဘဲနဲ႔ အဲ့လို ဆီဆိုင္ ပိတ္ထားတာတို႔ ရပ္နား ထားတာတို႔ဆို ပိတ္သိမ္းတဲ့ထိ အေရးယူမယ္၊ အဲ့လိုမ်ိဳး အမိန႔္ေတြက ထြက္ထားတယ္”လို႔ ဆိုပါတယ္။
လက္ရွိမွာေတာ့ စကစက စက္သုံးဆီ ေဈးကြက္ကို ထိန္းခ်ဳပ္ထားတာေၾကာင့္ ေန႔စဥ္နဲ႔ အမွ် ေဈးႏႈန္း ေျပာင္းလဲမႈေတြ ျဖစ္ေပၚေနၿပီး အရင္ မွာယူထားတဲ့ စက္သုံးဆီ မေရာက္ခင္မွာဘဲ ေဈးႏႈန္း ျပန္လည္ က်ဆင္းလာတဲ့ အတြက္ အရႈံးနဲ႔ ရင္ဆိုင္ ေနရတယ္လို႔ စက္သုံးဆီ လုပ္ငန္းရွင္ေတြက ဆိုၾကပါတယ္။




စက္သုံးဆီ ေဈးႏႈန္းေတြဟာ ကမာၻ႔ ေရနံေဈးကြက္ အေပၚ အေျခခံတာ ျဖစ္ေပမယ့္ ျပည္တြင္းမွာ ေဒၚလာ ဝယ္ယူဖို႔ ကန႔္သတ္ခ်က္ေတြ ရွိေနတာေၾကာင့္ ေဈးကြက္ မတည္ၿငိမ္မႈေတြ ျဖစ္ေပၚေနသလို လိုသေလာက္ ဝယ္ယူလို႔ မရတဲ့ အေျခအေနနဲ႔ ဆက္လက္ ရင္ဆိုင္ေနရတာ ျဖစ္ပါတယ္။
ျမန္မာႏိုင္ငံမွာေတာ့ စက္သုံးဆီေဈးႏႈန္းဟာ စစ္တပ္ အာဏာသိမ္းတဲ့ တစ္ႏွစ္ေက်ာ္ကာလအတြင္း တစ္လီတာကို က်ပ္ ၂၇၀၀ ေက်ာ္ထိ စံခ်ိန္တင္ ေဈးႏႈန္း ျမင့္တက္ခဲ့တာပါ။




စက္သုံးဆီ ေဈးႏႈန္းမ်ား အဆမတန္ ျမင့္တက္မႈေတြေၾကာင့္ ကုန္ေဈးႏႈန္းမ်ားလည္း ထပ္မံျမင့္တက္ခဲ့တာေၾကာင့္ ျမန္မာျပည္သူေတြအေနနဲ႔ စားဝတ္ေနေရး က်ပ္တည္းမႈေတြ ျဖစ္ပၚေနပါတယ္။ အခုလို စက္သုံးဆီေဈးက်တာဟာ အမ်ားႀကီး တက္ခ်င္လို႔ အက်ျပတာ ျဖစ္ေၾကာင္း၊ ကားေဈးတက္ စက္သုံးဆီေဈးေတြလည္း တက္ေနတဲ့ အခ်ိန္မွာ ဘာမွ လုပ္စားလို႔ မရေတာ့ေၾကာင့္ ယာဥ္ေမာင္းတဦးက ေျပာပါတယ္
crd
Unicode
စက်သုံးဆီဈေး ပြန်ကျပေမယ့် လိုသလောက် ဝယ်မရသေး ( မှောင်ခိုဇာတ်လမ်း တစခန်းပြန်ထဦးမယ့် အကွက်တွေလား )
ဇူလိုင် ပထမအပတ်အတွင်း ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီ တစ်လီတာ ကျပ် ၂၀၀၀ အောက် ပြန်လည် ရောက်ရှိလာတယ်လို့ စက်သုံးဆီရောင်းဝယ်ရေး လုပ်ငန်းရှင်တွေထံက သိရပါတယ်။




ကမ္ဘာ့ ရေနံစိမ်းဈေးနှုန်းဟာ ရုရှားနဲ့ ယူကရိန်း ဂယက်ကြောင့် တစ်စည်ကို ဒေါ်လာ ၁၂၀ ကျော်ထိ မြင့်တက်ခဲ့ရာကနေ ဇူလိုင် ပထမအပတ်အတွင်းမှာတော့ တစ်စည်ကို ဒေါ်လာ ၁၀၀ အောက် ဈေးနှုန်း ပြန်လည် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံစိမ်းဈေးနှုန်း ပြန်လည် ကျဆင်းလာတာကြောင့် ပြည်တွင်း စက်သုံးဆီဈေးကွက်မှာ ဓာတ်ဆီ ၉၂ တစ်လီတာကို ကျပ် ၁၈၈၀ ထိ ဈေးနှုန်း ကျဆင်းလာသလို ဓာတ်ဆီ ၉၅ တစ်လီတာကိုလည်း ကျပ် ၂၀၁၀ ထိ ဈေးနှုန်း ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။ ယနေ့ ထုတ်ပြန်တဲ့ ဈေးနှုန်းတွေမှာလည်း စက်သုံးဆီ ဈေးတွေ ထပ်မံကျဆင်းသွားတာကို တွေ့ရပါတယ်။




စက်သုံးဆီ ဈေးနှုန်း ကျဆင်းနေပေမယ့် လိုသလောက် ဝယ်ယူလို့ မရသေးတဲ့အတွက် အခက်ကြုံနေရပါတယ်။ ယာယီအရောင်းပိတ်ထားတဲ့ စက်သုံးဆီဆိုင်တွေကိုလည်း ပိတ်သိမ်းတဲ့အထိ အရေးယူသွားမယ်လို့ စကစဖက်က ခြိမ်းခြောက်ထားပါတယ်။
“ဟိုအရင်လိုတော့ ပေါပေါသီသီ ဝယ်လို့ မရသေးဘူးပေါ့၊ မရသေးဘူး ခွဲတမ်း တင်ရတာပေါ့လေ၊ ခွဲတမ်း တင်တဲ့ နေရာမှာ သူကတော့ ရှင်းရှင်းပြောရင် လစ်မစ်နဲ့ပေါ့၊ ကိုယ် (၄)သောင်း တင်လို့ ကိုယ့်ရဲ့ နဂို သူတို့ကို တင်ပြထားတဲ့ လစ်မစ်တွေပါ့နော်၊ စာရင်း အရ လက်ရှိ အနေအထားကို သီလဝါကနေ ခွဲတမ်း ပြန်ချပေးရင် တစ်ခါတလေလည်း အပြည့်နီးပါး ရတယ်၊




တစ်ခါတလေလည်း လျော့ပြီး ရတာပေါ့ ခွဲတမ်းတွေကလေ၊ အကယ်လို့ အဲ့ဒီဆိုင်မှာ ဆီလုံလုံလောက်လောက် မရှိရင် သူတို့ရဲ့ အတွင်းရုံးကို ပြန်တင်ပြ၊ တင်ပြပြီးလို့ ရှိရင် အတွင်းရုံးက ပြန်စီစဉ် ပေးတာပေါ့၊ အခုကတော့ ဘယ်လိုပြောမလည်း ဆိုတော့ ဆီဆိုင်ကို သူတို့ ခွဲတမ်း ပေးလို့ ခွဲတမ်း မထုတ်ဘဲနဲ့ အဲ့လို ဆီဆိုင် ပိတ်ထားတာတို့ ရပ်နား ထားတာတို့ဆို ပိတ်သိမ်းတဲ့ထိ အရေးယူမယ်၊ အဲ့လိုမျိုး အမိန့်တွေက ထွက်ထားတယ်”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ စကစက စက်သုံးဆီ ဈေးကွက်ကို ထိန်းချုပ်ထားတာကြောင့် နေ့စဉ်နဲ့ အမျှ ဈေးနှုန်း ပြောင်းလဲမှုတွေ ဖြစ်ပေါ်နေပြီး အရင် မှာယူထားတဲ့ စက်သုံးဆီ မရောက်ခင်မှာဘဲ ဈေးနှုန်း ပြန်လည် ကျဆင်းလာတဲ့ အတွက် အရှုံးနဲ့ ရင်ဆိုင် နေရတယ်လို့ စက်သုံးဆီ လုပ်ငန်းရှင်တွေက ဆိုကြပါတယ်။




စက်သုံးဆီ ဈေးနှုန်းတွေဟာ ကမ္ဘာ့ ရေနံဈေးကွက် အပေါ် အခြေခံတာ ဖြစ်ပေမယ့် ပြည်တွင်းမှာ ဒေါ်လာ ဝယ်ယူဖို့ ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ဈေးကွက် မတည်ငြိမ်မှုတွေ ဖြစ်ပေါ်နေသလို လိုသလောက် ဝယ်ယူလို့ မရတဲ့ အခြေအနေနဲ့ ဆက်လက် ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာတော့ စက်သုံးဆီဈေးနှုန်းဟာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ကျော်ကာလအတွင်း တစ်လီတာကို ကျပ် ၂၇၀၀ ကျော်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်ခဲ့တာပါ။




စက်သုံးဆီ ဈေးနှုန်းများ အဆမတန် မြင့်တက်မှုတွေကြောင့် ကုန်ဈေးနှုန်းများလည်း ထပ်မံမြင့်တက်ခဲ့တာကြောင့် မြန်မာပြည်သူတွေအနေနဲ့ စားဝတ်နေရေး ကျပ်တည်းမှုတွေ ဖြစ်ပါ်နေပါတယ်။ အခုလို စက်သုံးဆီဈေးကျတာဟာ အများကြီး တက်ချင်လို့ အကျပြတာ ဖြစ်ကြောင်း၊ ကားဈေးတက် စက်သုံးဆီဈေးတွေလည်း တက်နေတဲ့ အချိန်မှာ ဘာမှ လုပ်စားလို့ မရတော့ကြောင့် ယာဉ်မောင်းတဦးက ပြောပါတယ်
crd