ဂျင်း ဆနွင်းနဲ့ မိတ်သလင်

News

ဂျင်း ဆနွင်းနဲ့ မိတ်သလင်

စိတ်တွေလည်းညစ်ရတယ်။ ကျောက်မျက်ရတနာဆိုတာ အသားက ဖန်သားမှန်သားလိုကြည်နေမှ၊ အစင်း အမျှင် အရေးအကြောင်း အမြှုပ် အဆံ ဂေါ် အပြစ် တွင်းပြစ် ခေါစာကင်းမှ တန်တယ်ဆိုတာ ကျောက်မျက်လုပ်ငန်းနှီးနွယ်သူလောကထဲကသူတိုင်း သိကြတယ်။

ပတ္တမြားဆိုတာ မီးနဲ့တော့သွားထိုးမကြည့်နဲ့၊ဓာတ်မီးကအလင်းပတ္တမြားထဲဖြတ်သန်းတဲ့အခါ အလင်းရဲ့အရောင်ခုနှစ်ရောင်ထဲက အနီရောင်ကိုပဲစစ်ထုတ်ပြီး တောက်ပတတ်တာပတ္တမြားရဲ့ဂုဏ်သတ္တိ။

ပြီးတော့ ဓာတ်မီးရောင်ထဲကမျက်စိနဲ့မမြင်ရတဲ့ခရမ်းလွန်ရောင်ခြည်ကို ပတ္တမြားထဲဖြတ်ခိုင်းတဲ့အခါ ပတ္တမြားရဲ့ ဖွဲ့စည်းပုံထဲက trace element ဖြစ်တဲ့ စိုးစဉ်းပါဝင်နေတဲ့ chromium ဒြပ်စင်က မြင်ရတဲ့အနီရောင်အလင်းအဖြစ်တောက်ပစေပါတယ်။ ဒီတော့ ပတ္တမြားဆိုတာ အနီတကာ့အနီထဲမှာ အနီဆုံးအရောင်တောက်နေရတာဖြစ်တယ်။ LASER လေဆာအလင်းဆိုတာ ပတ္တမြားကိုဖြတ်သန်းပြီးမှ ရရှိတာဖြစ်တယ်။

တကယ်တန်းက နီဝါရဲ နီပြာရဲစူးစူးအရည်တွေက တကယ်ရှားတာပါ။ခိုသွေး ယုန်သွေး ငရှဉ့်သွေး အရည်ကူး ကြက်လည်သီးရည်ဆိုတဲ့အရည်တွေက တကယ်ကိုရှားပါတယ်။စျေးကလည်း (၃၁) ဘုံမှာအမြင့်ဆုံးရောက်နေတာ။ရတနာတန်းဝင်တွေကိုပြောတာနော်၊ပိတ်ပိတ်ကြီးတွေကိုပြောတာမဟုတ်ဘူး။

အပြင်စျေးကွက်ထဲမှာက ပန်းဖျော့ ပန်းရဲ ခရမ်းရဲတွေပဲပေါတာ။ ဒါတောင် ပတ္တမြားရဲ့သတ္တိက ကာလာသိပ်စူး သိပ်တောက်ပါတယ်။
အခုခေတ်မှာချက်ကျောက်ပတ္တမြားတွေက အရမ်းပေါတော့ လေဆာကိုချက်ကျောက်ပတ္တမြားနဲ့ပဲထုတ်ကြတော့တယ်။ သဘာဝကစျေးကြီးတာကိုး။

ပြောချင်တာက ပတ္တမြားအတုံးအခဲပိတ်ပိတ်ကြီးကို မီးနဲ့သွားထိုးမိရင်လည်း နီရဲစူးပြီးတောက်လာမှာဖြစ်တယ်။

ကိုယ်ဆိုရင် ပတ္တမြားပိတ်ပိတ်ကြီးတွေလက်သီးဆုပ်လောက်အတုံးတွေများ တွေ့ရတာများလွန်းလို့မှတ်ကိုမမှတ်မိ၊နီလာတုံးကြီးတွေဆို ဓာတ်ဘူးလောက်ထိရှိတယ်။ ခက်တာက ပတ္တမြားအစစ်၊နီလာအစစ်တော့ဟုတ်တယ်။ ဘာမှကိုသုံးစားလို့မရတာပဲ။ အဲ့လောက်အကြီးကြီး ပိတ်ပိတ်ကြီး၊လုံးချောသွေးတောင် တွင်းပြစ်တွေအနာတွေမွစာကျဲနေတာ ဘာမှကိုသုံးလို့မရတာ။

မြန်မာမှာ ဒီလိုပတ္တမြားနဲ့နီလာအတုံးကြီးတွေကို အပူတောလို့ခေါ်တဲ့ သပိတ်ကျင်းတဝိုက်နဲ့ တွင်းငယ်၊မလယ်၊စပ္ပါယ်နဂိုနားထိထွက်တယ်။ အများကြီးကိုထွက်တာ။

တစ်ခါကရန်ကုန်မှာ ပြည်တန်ပတ္တမြားပြမယ်ဆိုပြီး မနည်းချိန်းယူရတယ်။ သွားတော့ အပေါက်မှာ လူအစောင့်နဲ့ဘာနဲ့။ အထဲရောက်တော့ ကတ္တီပါအိတ်ရှုံ့လေးနဲ့ခိုးကြောင်ခိုးဝှက်ပြတယ်။

ပြတဲ့သူက တအားကြောက်နေတာ။ သူ့ဟာ လုပြေးမှာ သူခိုးဓားပြသိမှာကြောက်တာတဲ့။ ပြပါဗျာဆိုတော့ ပြတော့ အခုလိုအပူတောကျောက်ကြီး။

ဖယောင်းတိုင်အနီ​တွေအရည်ပျော်တဲ့ အခဲလိုလို ကာဘော်လစ်ဆပ်ပြာလိုလို။ တန်လားဆိုတော့ စိတ်ထဲ ဆယ်သိန်းတောင်မထင်။ ခမျာက ပြည်တန်ပတ္တမြားတန်ဖိုးဖြတ်မရဆိုပဲ။

ကိုင်တာတောင်အမြန်ကြည့်ပြီး ပြန်ပေးလိုက်ရတယ်။ တော်ကြာလက်ထဲမှာ ပဲ့ကျမှအလကားနေရင်းထီပေါက်နေမှာစိုးလို့။

ဟုတ်ကဲ့ပါ၊ကျွန်တော်ဒီလိုကျောက်ကြီးမျိုး စျေးမဖြတ်တတ်၊မလုပ်တတ်လို့ သင့်တော်တဲ့သူနဲ့ပြပြီးတိုင်ပင်ပါခင်ဗျာဆိုပြီး အသာထွက်လာရတယ်။

ကိုယ်က ညာမှမပြောတာ ၊သူ့ဟာကကျောက်ကြီးလေ၊ဒါပေမယ့်ကျောက်ကြီးတိုင်းကျောက်ကောင်းမဟုတ်တဲ့အကြောင်းတော့ မပြောဘူး။ တော်ကြာသူ့ဟာကြီး ဘာမှမတန်ဘူးပြောချလိုက်ရင် သူပဲတက်သွားမလား ကိုယ့်ပဲဓားနဲ့လိုက်ခံရမလားမသိလို့။

အာဖရိကတိုက်ကထွက်တဲ့ပတ္တမြားကတော့ အခုလိုပိတ်ပိတ်ကြီးတွေများ ဆိုဒ်ကြီးချက်၊တစ်တုံးတစ်တုံးကို ပေါင်မုန့်တုံးလောက်ရှိတာ။ ဒီလောက်ကြီးနေလည်း စျေးကအရမ်းပေါ။

ပန်းပုထုတဲ့သူတွေကတော့ဝယ်ကြတာပဲ။
ကျောက်မျက်ဆိုတာ ရတနာတန်းဝင်အဆင့်နဲ့ ရတနာတန်းမဝင်အဆင့်ဆိုပြီးခွဲရတယ်။ မြန်မာမှာမခွဲကြလို့ ဥပဒေကိုက အမှားကြီးမှားနေတာ။ နောက်မှဒါကိုသပ်သပ်ရေးမယ်။

အခုလည်း ဘယ်သူဂျင်းဆနွင်းမိဿလင်ထည့်လိုက်တယ်မသိ။
ကိုယ်တော့ဒီသတင်းဖတ်မိပြီး ရှက်လွန်းလို့။

Credit

Unicode

Leave a Reply

Your email address will not be published.