ထိုင်းလူမျိုးတွေက စစ်ရှောင်ပြည်သူတွေကို ပြန်မောင်းမထုတ်တော့ဘူး….

News

ဒီတစ်ကြိမ်တော့ ထိုင်းစစ်သားတွေနဲ့ထိုင်းလူမျိုးတွေက စစ်ရှောင်ပြည်သူတွေကို ပြန်မောင်းမထုတ်တော့ဘူး….

   

ထိုင်းစစ်သားတွေ ထိုင်းအာဏာပိုင်တွေက နွေးထွေးစွာနဲ့ ကြိုဆိုပေးတယ်….

နယ်မြေခံထိုင်းလူမျိုး ခြံပိုင်ရှင်တစ်ဦးကသူခြံထဲက အမိုးအကာလုံခြုံတဲ့ တဲကြီးတွေမှာ နေရာထိုင်ခင်းပေးတယ်….စားသောက်စရာများလည်း ပေးတယ်၊

   

ကျတော် ပိတိမျက်ရည်ကျမိတယ်၊

လိုအပ်ချက်တွေကတော့ အများကြီးပါ၊စစ်ရှောင်ပြည်သူ ၄၅၀ ဦး ကျော်ပါ၊

   

ခလေးငယ်လေးတွေ တော်တော်များများပါတယ်၊မဲဆောက်မြို့ရောက် မြန်မာလုပ်သားများဝိုင်းဝန်းကူညီထောက်ပံ့ပေးကြပါ၊

NUG အစိုးရ ပြည်ထောင်စုဝန်ကြီးဒေါက်တာဝင်းမြတ်အေးထံ ကျတော် တင်ပြထားပြီးလိုအပ်တာများကို ဘေး/စီမံဝန်ကြီးကစီစဉ်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါသည်။

   

ပုံ-1-6-2021 ရက်နေ့ မြဝတီမြို့တောင်ဘက်

ဖလူးရွာအနီး ဖြစ်တဲ့ တိုက်ပွဲများကြောင့် သောင်ရင်းမြစ်ဖြတ်ကူးပြီး နီးစပ်ရာထိုင်းဘက်ကမ်းသို့ရောက်ရှိလာသော စစ်ဘေးရှောင်များ…..

   

ထိုင်းနိုင်ငံဆိုင်ရာ ရိက္ခာနှင့်ထောက်ပံ့ရေးပစ္စည်းပို့ဆောင်ရေး၊ဆက်သွယ် ညှိနိူင်းရေးတာဝန်ခ

Crd

Leave a Reply

Your email address will not be published. Required fields are marked *