ပြည်သူ့ကာကွယ်ရေးထောက်ပံ့တပ်စု(CSC)နှင့်ပြည်သူ့အားနွေဦးသံစဉ်အဖွဲ့မှ ကျင်းပသည့်(PDF)ရံပုံငွေဖျော်ဖြေရေးပွဲတော်

News

ပြည်သူ့ကာကွယ်ရေးထောက်ပံ့တပ်စု(CSC)နှင့်ပြည်သူ့အားနွေဦးသံစဉ်အဖွဲ့မှ ကျင်းပသည့်(PDF)ရံပုံငွေဖျော်ဖြေရေးပွဲတော်

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများခဗျာ

မလေးရှားနိုင်ငံ ဆီလန်ကောပြည်နယ် စမုန်ညှင်းမြို့မှာကျင်းပမည့် (PDF)ရံပုံငွေဖျော်ဖြေရေးပွဲတော်ကို ကြွရောက်ကြပါရန် ဖိတ်ကြားအပ်ပါတယ်ခဗျာ

(1.2.2021)ရက်နေ့ စစ်အစိုးရအာဏာသိမ်းပြီး အချိန်တည်းက တော်လှန်ရေးကာလတစ်နှစ်ကျော်လာသည်အထိ ကျုပ်တို့ရောက်ရှိနေရာ (မလေးရှားနိုင်ငံ)မွာ ကိုးဗစ်ကာလကိုကျော်ဖြတ်ရတဲ့အခြေအနေကြောင့် ဘယ်လိုလှုပ်ရှားမှုမျိုးမှ ပြုလုပ်ခွင့်မရခဲ့သည့်အတွက် ကျုပ်တို့ဘယ်လောက်ပဲထောက်ပံ့နေကြပေမဲ့ လိပ်ပြာမလုံသလိုတော့ခံစားရကြမှာပါ

ဒီတစ်ခါတော့ ကျုပ်တို့ရဲ့ ရင်ထဲက ခံစားချက်တွေကို ဖွင့်ချပြီး အသံကုန်ဟစ်အော်လိုက်ကြရအောင်ဗျာ

ကျုပ်တို့ရဲ့(PDF)ရံပုံငွေဖျော်ဖြေရေးပွဲတော်နှင့်အတူ မလေးရှားရောက်မြန်မာနိုင်ငံသားများရဲ့အသံ တွေကို ကမ္ဘာသိအောင် အော်ပြောကြမယ်

ကျုပ် တို့ ပြည်ပရောက်မြန်မာနိုင်ငံသားတွေ ဒီတော်လှန်ရေးမှာ ပြည်တွင်းက သူရဲကောင်းတွေနဲ့အတူ တိုက်ပွဲဝင်သွားမယ်ဆိုတာကို သူတို့သိအောင်အော်ပြောကြမယ်

ဖျော်ဖြေရေးပွဲတော်နှင့်အတူ တော်လှန်ရေးအတွက်ခွန်အားတွေဖြည့်ကြမယ်

စျေးရောင်းပွဲတော်မှာ မြန်မာပြည်ကိုပြန်လွမ်းသွားစေလောက်မဲ့ မြန်မာအစားအစာများကိုစားသောက်ရင်း အလှူငွေများထည့်ဝင်ကြမယ်

စျေးရောင်းပွဲတော်က အမှတ်တရလက်ဆောင် အဝတ်အစားများကိုဝယ်ယူအားပေးရင်း လှူကြမယ်

ကဲ…..ဘာလိုသေးလဲ….မြန်မာပြည်ကြီးရဲ့အငွေ့အသက်တွေလည်းခံစားရမယ်

မြန်မာရိုးရာနဲ့ တော်လှန်ရေးသံစဉ်များပေါင်းစပ်ထားတဲ့ ဖျော်ဖြေရေး ပွဲတော်ကိုလည်း ပါဝင်ဆင်နွဲ့ရမယ်

မလေးရှားမြေက ရွှေမြန်မာတွေက ဒီတော်လှန်ရေးကိုအဆုံးထိ လျှောက်မယ်ဆိုတာ သတ်သေပြ ကြရအောင် ပွဲတော်ဆီသို့အရောက်လှမ်းခဲ့ကြပါလို့ဖိတ်ခေါ်ပါတယ်

အလှူရှင်များနှင့် စျေးရောင်းပွဲတော်မှာပါဝင်ကြမည် အလှူရှင်များကြိုတင်စာရင်းပေးပို့ကြပါ

#PDFရံပုံငွေဖျော်ဖြေရေးပွဲတော်ကျင်းပရေးကော်မတီ

ဆက်သွယ်ရန်…..+60109660273

မှတ်ချက်…..Bus Car များစီစဉ်လာမည့် နေရာများမှဦးဆောင်သူများကလည်း ကြိုတင်ဆက်သွယ်ပေးကြပါခဗျာ

Crd

Leave a Reply

Your email address will not be published.