“ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ပစ်ခတ်ခံရ၊ သတိမရသေး”
ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ဒီနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ကျင်းပနေတဲ့ နိုင်ငံရေးအခမ်းအနားတစ်ခုကို တက်ရောက်ပြီး မိန့်ခွန်းပြောနေစဥ် ရင်ဘတ်ကို သေနတ်နဲ့ပစ်ခတ်ခံရလို့ သတိလစ်နေတဲ့အနေအထားမှာ ရှိနေတယ်လို့ ဂျပန်သတင်းဌာန NHK နဲ့ ဒေသတွင်းသတင်းမီဒီယာတွေက ဖော်ပြနေပါတယ်။

အသက် ၆၇ နှစ်အရွယ် ၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ ရင်ဘတ်ကို သေနတ်ထိမှန်ဒဏ်ရာရရှိထားပြီး အခင်းဖြစ်ရာအနီးမှာ အမျိုးသားတစ်ဦးကိုဖမ်းဆီးထားပါတယ်။
သံသယရှိသူဟာ လူငယ် ဒါမှမဟုတ်လူလတ်ပိုင်းတစ်ဦးဖြစ်တယ်လို့လည်း NHK သတင်းထောက်ကပြောပါတယ်။
ပစ်ခတ်ခံရမှုဖြစ်ပြီးပြီးချင်းမှာ မစ္စတာအာဘေးကို ဆေးရုံကိုအမြန် ပို့ဆောင်ထားပြီး နှလုံးရပ်သွားတာ ဖြစ်နိုင်ကြောင်း ကျိုဒိုသတင်းက ဖော်ပြပါတယ်။

ဂျပန်နိုင်ငံဟာ သေနတ်ကိုင်ဆောင်ခွင့်နဲ့ပတ်သက်လို့ ဥပဒတွေ တင်းကျပ်တဲ့နိုင်ငံဖြစ်ပြီးအခုလို ပစ်ခတ်မှု ဖြစ်ပွားတာ ရှားပါးတဲ့နိုင်ငံဖြစ်ပါတယ်။
ဓာတ်ပုံ-Reuters
BBC
Crd