ငွေတစ်သိန်း တန်ကြေးလေးအတွက်နဲ့ လုပ်ရက်လိုက်တာဗျာ…

News

ပဲခူးတိုင်းဒေသကြီး ရွှေကျင်မြို့နယ် ပဒဲကောကျေးရွာအုပ်စု ငဖယ်အင်းကျေးရွာနေ ဒေါ်ညွှန့်ကြည်(ဘ) ဦးအေးသည်

တစ်အိမ်တည်းအတူနေ မြေးဖြစ်သူ (ဘ) ဦးမီးခဲ၏ သမီးဖြစ်သူ မနော်အေးသန်း(၉)နှစ်နှင့်အတူ မောင်ဇော်သန်းထွေး (၃)နှစ်တို့အား

ကွမ်းရွက်နှင့် မုန့်ဝယ်စားရန်အတွက် ရွာထဲရှိ ဈေးဆိုင်သို့ စေလွှတ်ခဲ့ပြီး ညနေ ၅နာရီခွဲအချိန်တွင်

မောင်ဇော်သန်းထွေးတစ်ဦးတည်း မုန့်၊ ကွမ်းရွက်နှင့် မနော်သန်းအေ ဖိနပ်တို့အား လက်တွင်ကိုင်လျှက် ငိုယိုကာ ပြန်လည်ရောက်ရှိလာသဖြင့် မေးမြန်းခဲ့ရာ

မနော်အေးသန်းအား တစ်ရွာထဲနေ (ဘ)ဦးမောင်တင်ဝင်း၏သမီး မပန်းအိဖြူ အသက်(၂၈)နှစ်မှ ၎င်းအိမ်ပေါ်သို့ ဆွဲခေါ်သွားကြောင်း ပြောပြသိရှိရသဖြင့်

ဒေါ်ညွှန့်ကြည်မှ မပန်းအိဖြူအား သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ရာ ၎င်းခေါ်ဆောင်ထားခြင်းမရှိကြောင်း ငြင်းဆိုသဖြင့် မောင်ဇော်သန်းထွေးအား ထပ်မံမေးမြန်ခဲ့ရာ

မပန်းအိဖြူခေါ်သွားကြောင်း ထပ်မံပြောဆိုသဖြင့် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးတို့နှင့်အတူ ရွာသားလေးဦးခန့်နှင့် နေအိမ်အပေါ်ထပ်သို့ တက်ရောက်ရှာဖွေရာမှာ

အိမ်နောက်ဖေးခန်းတွင် မနော်အေးသန်းအား သေဆုံးလျက် တွေ့ရှိခဲ့ရပါသည်…။

မနော်အေးသန်းအား သေဆုံးအောင်ပြုလုပ်သူ မပန်းအိဖြူအား ဥပဒေအရ အရေးယူပေးပါရန် ဒေါ်ညွှန့်ကြည်မှ တရားလိုပြုလုပ်ပီး တိုင်တန်းခဲ့ရာ ဘောကထာနယ်မြေရဲစခန်းမှ အမှုဖွင့်စစ်ဆေးလိုက်ရာတွင်

သေဆုံးသူ ဝတ်ဆင်ထားသည့် ၁၅ပဲရည် ကာလတန်ဖိုး ကျပ်တစ်သိန်းခန့် ရွှေနားကွင်းအား ရလိုမှုဖြင့် ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု စစ်ဆေးချက်အရ သိရပါသည်…။

ကျော်မိုး(ရွှေကျင်)+ လတ်မင်းထွန်း(ဒုံဇရစ်)

မိဘတွေ အထူးသိထားရမှာက ခုလိုပျက်စီးနေတဲ့ ခေတ်ကြီးထဲမှာ မိမိသားသမီးကို ချစ်တယ်ဆိုရင် ရွှေတို့ ငွေတို့ ဆင်မပေးကြပါနဲ့။

ခုလို ရင်ကျိုးရမည့် အဖြစ်ဆိုးမျိုးတွေ ရှောင်လွှဲနိုင်ကြပါစေ…

unicode

ခုလို ရင်ကျိုးရမည့် အဖြစ်ဆိုးမျိုးတွေ ရှောင်လွှဲနိုင်ကြပါစေ

Crd

Leave a Reply

Your email address will not be published.