သူမရဲ့ မင်္ဂလာဦးဆွမ်းကျွေးနေ့မှာ ရတနာတွေစီခြယ်ထားတဲ့ သတို့သမီးဝတ်စုံလေးကို ဆင်မြန်း ဝတ်ဆင်ခဲ့တဲ့စုလင်းရှိန်…
News
ပရိတ်သတ်ကြီးရေ….MRTV-4 ရုပ်သံလိုင်းမှာ ထုတ်လွှင့် ပြသခဲ့တဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲကတော့ မြန်မာပရိသတ်တွေကြည့်ဖူးနေကျမဟုတ်တဲ့ သဘာဝလွန်ဇာတ်လမ်းအမျိုးအစားဖြစ်တာကြောင့် ကြိုက်နှစ်သက်သူ ပရိသတ်အများအပြားရရှိနေတာပဲဖြစ်ပါတယ်။
“စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲဟာ ဇာတ်လမ်းဇာတ်အိမ်တောင့်တင်းတင်းခိုင်မာရုံသာမကပဲ ပါဝင်ကြတဲ့ သရုပ်ဆောင် တစ်ယောက်ချင်းစီတိုင်းကလည်း တော်ကြတာမို့ ပရိသတ်တွေအသည်းစွဲဖြစ်နေတာပဲဖြစ်ပါတယ်။
အဲ့ဒီပထဲမှာမှ စကားမပြောတတ်တဲ့ကောင်မလေးခတ္တာ အဖြစ်ပါဝင်ထားတဲ့သူကတော့စုလင်းရှိန်ပဲဖြစ်ပါတယ်နော်.။စုလင်းရှိန်ဟာဆိုရင်နောက်ပိ်ုင်းမှာတော့ လူမှုကွန်ယက်စာမျက်နှာပေါ်ကနေ အချိန်အတော်ကြာ ပျောက်ကွယ်သွားခဲ့တာပဲဖြစ်ပါတယ်။
အခုဆိုရင်တော့စုလင်းရှိန်ကအိမ်ထောင်ကျပြီး မင်္ဂလာပွဲတွေဆက်တိုက်ကျင်းပဖြစ်နေတာပဲဖြစ်ပါတယ်နော်။ဒီတစ်ခါဆိုရင်လည်း စုလင်းရှိန်က သူမရဲ့ မင်္ဂလာဆွမ်းကျွေး အမှတ်တရဓာတ်ပုံတွေကို သူမရဲ့လူမှုကွန်ယက်စာမျက်နှာကနေပြသလာခဲ့တာပဲဖြစ်ပါတယ်နော်။
စုလင်းရှိန်က ပိုက်ဆံချမ်းသာတဲ့အသိုင်းအဝိုင်းကမွေးလာတဲ့သူတစ်ယောက်ပီပီ သူမရဲ့ မင်္ဂလာဦးဆွမ်းကျွေးနေ့မှာ ရတနာတွေစီခြယ်ထားတဲ့ သတို့သမီးဝတ်စုံလေးကို ဆင်မြန်း ဝတ်ဆင်ခဲ့တာပဲဖြစ်ပါတယ်နော်။
တန်ဖိုးကြီးရတနာတွေစီခြယ်ထားတဲ့ မင်္ဂလာဝတ်စုံကို ထားတဲ့ စုလင်းရှိန်ရဲ့ ခမ်းနားကြီးကျယ်လှတဲ့မင်္ဂလာဦးဆွမ်းကျွေးပုံရိပ်တွေကို အခုလိုပဲတစ်ဆင့်ကူးယူဖော်ပြပေးလိုက်ပါတယ်နော်။ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလည်း သာယာပျော်ရွှင် ဖွယ်ကောင်းတဲ့နေ့လေးတစ်နေ့ကိုပိုင်ဆိုင်နိုင်ပါစေ။
Source: Su Lin Shein’s fb
Credit ; Celebrity Platforms
zawgyi
Source: Su Lin Shein’s fb
Credit
Leave a Reply
Your email address will not be published.