ဇူလိုင်လ ၁၃ ရက် ညမှာ မြင်တွေ့ရမယ့် ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာကနေ အကြီးဆုံးမြင်ရမယ့် ဆူပါမွန်း (Supermoon)
၂၀၂၂ ခုနှစ် ယခုနှစ်အတွက် ကမ္ဘာကနေအကြီးဆုံးမြင်ရမယ့် ဆူပါမွန်း (Supermoon) ကို လာမယ့် အပတ် ဇူလိုင်လ ၁၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ ညဖက်မှာ တွေ့မြင်ရမယ်လို့ BBC ရဲ့ SKY at Night မဂ္ဂဇင်းဖော်ပြချက်အရ သိရပါတယ်။




ဒီလို Supermoon မျိုးကို ကမ္ဘာနဲ့ လ အနီးကပ်ဆုံးဖြစ်တဲ့ အချိန်အခါမျိုးနဲ့ လပြည့်ညနဲ့ကြုံတဲ့ အခါမျိုးမှာ တွေ့ရတတ်တယ်လို့ဆိုပါတယ်။ဒီလို ကမ္ဘာနဲ့လ အနီးဆုံးဖြစ်တဲ့ဖြစ်စဉ်ကို lunar perigee လို့ခေါ်ပါတယ်။
ဒီနှစ်အတွက် ကမ္ဘာနဲ့လ အနီးဆုံးရောက်မယ့်ကာလနဲ့ လပြည့်ညတိုက်ဆိုင်မှုဟာ အခုလာမယ့် ဇူလိုင် ၁၃ ရက်နေ့မှာကျရောက်မှာဖြစ်ပါတယ်။
အချိန်အတိအကျပြောရရင် ကမ္ဘာနဲ့လအနီးဆုံးဖြစ်မယ့်အချိန်ဟာ မြန်မာစံတော်ချိန်အားဖြင့် ဇူလိုင် ၁၃ နေ့လယ် ၃:၃၉ အချိန်မှာကျရောက်မှာဖြစ်ပါတယ်။လပြည့်မယ့်အချိန်ကတော့ ဇူလိုင် ၁၄ ရက်နေ့မနက် ၁:၀၈ အချိန်ဖြစ်ပါတယ်။(လအတိအကျ ပြည့်မယ့် အချိန်က မနက် ၁ နာရီ ၈ မိနစ်အချိန်ပါ။




ဒါ့ကြောင့် လာမယ့်အပတ် လပြည့်ချိန်ဟာ ကမ္ဘာနဲ့လ အနီးကပ်ဆုံးရောက်ပြီးတဲ့အချိန်ကနေတွက်ရင် ၉ နာရီ နဲ့ ၂၉ မိနစ်ပဲကွာမှာဖြစ်ပါတယ်။ဒီအချိန်ကွာခြားမှုဟာ ၂၀၂၂ ခုနှစ်အတွက်ကွာခြားချက် အကျဉ်းမြောင်းဆုံးဖြစ်ပါတယ်။
ဒါ့ကြောင့်လဲဒီလာမယ့်လပြည်ညဟာ ၂၀၂၂ ခုနှစ်အတွက်အကောင်းဆုံး ဆူပါမွန်းဖြစ်လာမှာဖြစ်ပါတယ်။
ဘာလို့ ဆူပါမွန်းဖြစ်ရတာလဲ




လရဲ့ပတ်လမ်းဟာစက်ဝိုင်းပုံတိတိကျကျမဟုတ်ပဲဘဲဥပုံလိုခပ်ရှည်ရှည်လေးဖြစ်နေပါတယ်။ဒါ့ကြောင့် လဟာ
အချို့အချိန်တွေမှာကမ္ဘာနဲ့နည်းနည်းပိုဝေးသွားပြီးအချို့အချိန်တွေမှာတော့ကမ္ဘာနဲ့ နီးကပ်လာပါတယ်။အကယ်လို့ ကမ္ဘာ့နဲ့နီးကပ်တဲ့အချိန်နဲ့ လပြည့်ညနဲ့တိုးမယ်ဆိုရင် လကိုအခြား အချိန်တွေထွက်ပိုပြီး အရွယ်ကြီးကြီးမြင်ကြရမှာဖြစ်ပါတယ်။ ဒါကို Supermoon လို့ ခေါ်တာဖြစ်ပါတယ်ဆိုတဲ့အကြောင်းကို BBC ရဲ့ SKY at Night မဂ္ဂဇင်းဖော်ပြချက်အား ထပ်ဆင့်ပြန်လည်မျှဝေပေးလိုရပါတယ်။
Credit
ဇူလိုင္လ ၁၃ ရက္ ညမွာ ျမင္ေတြ႕ရမယ့္ ၂၀၂၂ ခုႏွစ္အတြက္ ကမာၻကေန အႀကီးဆုံးျမင္ရမယ့္ ဆူပါမြန္း (Supermoon)
၂၀၂၂ ခုႏွစ္ ယခုႏွစ္အတြက္ ကမာၻကေနအႀကီးဆုံးျမင္ရမယ့္ ဆူပါမြန္း (Supermoon) ကို လာမယ့္ အပတ္ ဇူလိုင္လ ၁၃ ရက္ေန႔ ဗုဒၶဟူးေန႔ ညဖက္မွာ ေတြ႕ျမင္ရမယ္လို႔ BBC ရဲ႕ SKY at Night မဂၢဇင္းေဖာ္ျပခ်က္အရ သိရပါတယ္။




ဒီလို Supermoon မ်ိဳးကို ကမာၻနဲ႔ လ အနီးကပ္ဆုံးျဖစ္တဲ့ အခ်ိန္အခါမ်ိဳးနဲ႔ လျပည့္ညနဲ႔ႀကဳံတဲ့ အခါမ်ိဳးမွာ ေတြ႕ရတတ္တယ္လို႔ဆိုပါတယ္။ဒီလို ကမာၻနဲ႔လ အနီးဆုံးျဖစ္တဲ့ျဖစ္စဥ္ကို lunar perigee လို႔ေခၚပါတယ္။
ဒီႏွစ္အတြက္ ကမာၻနဲ႔လ အနီးဆုံးေရာက္မယ့္ကာလနဲ႔ လျပည့္ညတိုက္ဆိုင္မႈဟာ အခုလာမယ့္ ဇူလိုင္ ၁၃ ရက္ေန႔မွာက်ေရာက္မွာျဖစ္ပါတယ္။
အခ်ိန္အတိအက်ေျပာရရင္ ကမာၻနဲ႔လအနီးဆုံးျဖစ္မယ့္အခ်ိန္ဟာ ျမန္မာစံေတာ္ခ်ိန္အားျဖင့္ ဇူလိုင္ ၁၃ ေန႔လယ္ ၃:၃၉ အခ်ိန္မွာက်ေရာက္မွာျဖစ္ပါတယ္။လျပည့္မယ့္အခ်ိန္ကေတာ့ ဇူလိုင္ ၁၄ ရက္ေန႔မနက္ ၁:၀၈ အခ်ိန္ျဖစ္ပါတယ္။(လအတိအက် ျပည့္မယ့္ အခ်ိန္က မနက္ ၁ နာရီ ၈ မိနစ္အခ်ိန္ပါ။




ဒါ့ေၾကာင့္ လာမယ့္အပတ္ လျပည့္ခ်ိန္ဟာ ကမာၻနဲ႔လ အနီးကပ္ဆုံးေရာက္ၿပီးတဲ့အခ်ိန္ကေနတြက္ရင္ ၉ နာရီ နဲ႔ ၂၉ မိနစ္ပဲကြာမွာျဖစ္ပါတယ္။ဒီအခ်ိန္ကြာျခားမႈဟာ ၂၀၂၂ ခုႏွစ္အတြက္ကြာျခားခ်က္ အက်ဥ္းေျမာင္းဆုံးျဖစ္ပါတယ္။
ဒါ့ေၾကာင့္လဲဒီလာမယ့္လျပည္ညဟာ ၂၀၂၂ ခုႏွစ္အတြက္အေကာင္းဆုံး ဆူပါမြန္းျဖစ္လာမွာျဖစ္ပါတယ္။
ဘာလို႔ ဆူပါမြန္းျဖစ္ရတာလဲ
လရဲ႕ပတ္လမ္းဟာစက္ဝိုင္းပုံတိတိက်က်မဟုတ္ပဲဘဲဥပုံလိုခပ္ရွည္ရွည္ေလးျဖစ္ေနပါတယ္။ဒါ့ေၾကာင့္ လဟာ




အခ်ိဳ႕အခ်ိန္ေတြမွာကမာၻနဲ႔နည္းနည္းပိုေဝးသြားၿပီးအခ်ိဳ႕အခ်ိန္ေတြမွာေတာ့ကမာၻနဲ႔ နီးကပ္လာပါတယ္။အကယ္လို႔ ကမာၻ႔နဲ႔နီးကပ္တဲ့အခ်ိန္နဲ႔ လျပည့္ညနဲ႔တိုးမယ္ဆိုရင္ လကိုအျခား အခ်ိန္ေတြထြက္ပိုၿပီး အ႐ြယ္ႀကီးႀကီးျမင္ၾကရမွာျဖစ္ပါတယ္။ ဒါကို Supermoon လို႔ ေခၚတာျဖစ္ပါတယ္ဆိုတဲ့အေၾကာင္းကို BBC ရဲ႕ SKY at Night မဂၢဇင္းေဖာ္ျပခ်က္အား ထပ္ဆင့္ျပန္လည္မွ်ေဝေပးလိုရပါတယ္။
Credit