ကျွန်တော့်ဘက်က ချစ်လားလို့ မမေးပဲ ” ချစ်တယ် ” လို့ ပြောလာတဲ့ အချိန်တိုင်း ပျော်ပါတယ်

Knowledge

















Crd

Unicode

ကျွန်တော့်ထပ် စောပြီး ” လွမ်းလိုက်တာ ” လို့ ပြောလာတဲ့အချိန်တိုင်း ပျော်ပါတယ် …ကျွန်တော့်ထပ် အရင်” ဂရုစိုက်နော် ” လို့ မှာတဲ့ အချိန်တိုင်း ပျော်ပါတယ် …

ကျွန်တော်တို့ စကားများတိုင်း” နင်နဲ့ငါ ” လို့ မပြောပဲချစ်စရာကောင်းတဲ့ Nick name ကိုပဲအဆက်မပြတ်ခေါ်ရင်း ပြေလည်ဖို့
ကြိုးစားတဲ့ အချိန်တိုင်း ပျော်ပါတယ် …

ကျွန်တော့် အပေါ် သဲသဲလူပ်ချစ်တတ်တဲ့ အပြု အမူ့လေးတွေ
မရှိပေမယ့် အရမ်းချစ်တယ်ဆိုတာခံစားမိလို့ ပျော်ပါတယ် ….

ကျွန်တော် သဝန်တိုတဲ့ အချိန်ပေါက်ရတွေ ပြောလာတိုင်းသဘောကျ တဲ့ ရီသံကြီးနဲ့ အော် ရယ် ချိန်တိုင်း ပျော်ပါတယ် …

ကျွန်တော် အိမ်နဲ့ ရန်ဖြစ်ချိန်တိုင်း” စိတ်လိုလက်ရမလုပ်ပါနဲ့ ” လို့တား တဲ့ အချိန်တိုင်း ပျော်ပါတယ် …

ချစ်ရင်ချစ်သလောက်ထုတ်ပြတတ်တဲ့ ကျွန်တော်နဲ့ချစ်တတ်တာကို သိမ်းထားတတ်တဲ့ ခင်ဗျာလေး နဲ့ ဘယ်လို ရေစက်တွေကြောင့်များ
လာ ဆုံဆည်းရလည်း မသိဘူးနော် …

ထုတ်မပြပဲ သိမ်းထားလည်းကျွန်တော်က ကြံဖန် ယူတတ်သူမို့
ကိုယ့် အတွေးနဲ့ ကိုယ် ပျော်ပါတယ် …

ဘယ်သူ့စကားမှ နားထောင်ချင်စိတ်မရှိတဲ့ ကျွန်တော်က
ခင်ဗျာလေး စကားဆို သိပ် နားထောင်ပေးချင်တယ် …

ကျွန်တော့်ကို ချစ်လို့ ကောင်းစေချင်လို့ ပြောတဲ့စကားတွေလို့ စိတ်က မှတ်ပြီးလိမ်မာတဲ့ သူဖြစ်ပေးချင်တယ် …

ကျွန်တော် ခင်ဗျာလေး အတွတ်အကောင်းဆုံးပဲ ဖြစ်ချင်တယ် …အရမ်းလွမ်းလို့ ခိုးငိုမိတဲ့ အချိန်တွေလည်း ရှိတယ် …

ကျွန်တော် စိတ်ဆိုးနေမှန်းမသိတဲ့ အခါတိုင်း ရွဲ့စောင်းမိတဲ့ အချိန်တွေလည်း ရှိတယ် …ကျွန်တော်က စိတ်အတတ်အကျသိပ်လွယ်တယ် …

ခင်ဗျာလေးနဲ့ ပြေလည်နေရင်စိတ်ကအတော်လေး ကြည်တယ်ခင်ဗျာလေးနဲ့ မပြေလည်ရင်စိတ်ကအတော်လေး နောက်တယ်

ကျွန်တော့်ဘက်က အမြဲတမ်းနားလည်ပေးမှာမို့ အမြဲတမ်းတမ်း အဆင်ပြေပြေ ရှိနေချင်တာမို့ရင်ထဲ နှလုံးသားထဲ အထိ
ကျွန်တော့်ကိုပဲ အပြည့်ဖြည့်ထားပေးပါ

ခင်ဗျာလေး ပြောခဲ့တဲ့စကားလေး အတိုင်းပေါ့” မအားလတ်တဲ့ အချိန်တွေမှာတောင်ကျွန်တော့်အကြောင်းတွေ စဉ်းစားနေမိတာ “လို့လေ …

မအားလတ်တဲ့ အချိန်မျိ ုးတွေမှာတောင်ကျွန်တော့်ကို သတိရနေပေးပါ ဟင့်အင်း လုံးဝ လွမ်းနေပေးပါ …လွမ်းတဲ့ အချိန်တိုင်း
ကောင်းကင်ကြီးကို ငေးကြည့်ရင်းခပ်ယေးယေးလေး ပြုံးမိတယ်

စိတ်နဲ့ ပို့လိုက်တဲ့ အလွမ်းတွေ
ခင်ဗျာလေးဆီ ရောက်ဖို့ မျှော်လင့်တယ် …

Crd

Leave a Reply

Your email address will not be published.