အစိုးရကို မဖျက်ဆီးရန်နှင့် အစားမထိုးရန် ပြုလုပ်နေပါက နိုင်ငံအတွက် နတ်ဆေးမရှိကြောင်း၊ မှော်အစွမ်းလည်း မရှိကြောင်းမင်းအောင်လှိုင် ပြောကြား

News

အစိုးရကို မဖျက်ဆီးရန်နှင့် အစားမထိုးရန်၊ ၂၀၀၈ အခြေခံဥပေဒကို ငြိမ်းချမ်းရေးဆွေးနွေးမှု အခြေခံမူ အဖြစ်ထားရှိရန်လိုအပ်ကြောင်း ၊ပြုလုပ်နေပါက နိုင်ငံအတွက် နတ်ဆေးမရှိကြောင်း၊ မှော်အစွမ်းလည်း မရှိကြောင်းမင်းအောင်လှိုင် ပြောကြား

ဇူလိုင်လ ၇ ရက်နေ့။

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်စေလိုပါက ကြိုတင်သတ်မှတ်ချက် ၃ ချက်ကို ထုတ်ဖော်ပြောဆိုလိုက်ပြီး အစိုးရကို မဖျက်ဆီးရန်နှင့်အစားမထိုးရန်၊

၂၀၀၈ အခြေခံဥပဒေကို ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ အခြေခံမူအဖြစ် သတ်မှတ်ရန် ဟူသော အချက် ၃ ချက်ကို အာဆီယံအထူးသံတမန်ကို ပြောဆိုလိုက်ကြောင်း ထိုင်း The Nation သတင်းဌာနက သတင်းဖော်ပြထားပါသည်။

မြန်မာနိုင်ငံသို့ ဇွန် ၂၉ ရက်မှ ဇူလိုင် ၃ ရက် အဖြစ် အာဆီယံအထူးသံတမန် ကမ္ဘောဒီးယား နိုင်ငံခြားရေးဝန်ကြီး ပရက်ခ် ဆိုခွန်း သွားရောက်ခဲ့ပြီး ဤခရီးစဉ်များနှင့်ပတ်သက်၍ ဇူလိုင်လ ၆ ရက်နေ့ သံတမန်များနှင့် သတင်းထောက်များကို ဖနွမ်းပင်မြို့တွင် ပြန်လည် ရှင်းလင်းပြောဆိုစဉ် ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါသည်။

စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်ခိုက်မှုများကို ရပ်စဲပါက အတိုက်အခံတချို့နှင့် တွေ့ဆုံဆွေးနွေးရန် ဆန္ဒရှိပြီး ကြိုတင်သတ်မှတ်ချက် အခြေအနေများအောက်တွင် တွေ့ဆုံဆွေးနွေးလိုသည်ဟု အရိပ်အမြွတ်ပြောဆိုကြောင်း သိရှိရသည်။

“စစ်ကောင်စီရဲ့အဓိက သတ်မှတ်ချက်ကတော့ အတိုက်အခံအုပ်စုတွေအနေနဲ့ သူတို့ရဲ့ စိတ်နေစိတ်ထားကို ပြောင်းလဲရမယ်။

စိတ်နေစိတ်ထားပြောင်းလဲဖို့ဆိုရာမှာလည်း ကြိုတင်သတ်မှတ်ချက် အချက် ၃ ချက်ပါဝင်ပါတယ်။ ပထမ အချက်ကတော့ အစိုးရအဖွဲ့ကို သူတို့အနေနဲ့ ပူးပေါင်းမယ်ဆိုရင် လက်ရှိအစိုးရအဖွဲ့ကို ဖျက်ဆီးဖို့ ကြိုးစားနေတာတွေကို ဆက်မလုပ်ရဘူး။

ဒုတိယအချက်ကတော့ အစိုးရအဖွဲ့ကို အစားမထိုးဘူး။ တတိယအချက်ကတော့ ငြိမ်းချမ်းရေးဆွေးနွေးမှုဆိုင်ရာ အခြေခံမူအဖြစ် ၂၀၀၈ အခြေခံဥပဒေကို ထားရမယ်” ဟု အာဆီယံအထူးသံတမန်ပရက်ခ် ဆိုခွန်းက ပြောဆိုသည်။

အဆိုပါသတ်မှတ်ချက်များကို အာဆီယံအထူးသံတမန်နှင့် မင်းအောင်လှိုင်တို့ ၂ နာရီအကြာ တွေ့ဆုံမှုအတွင်း ပြောဆိုခြင်းဖြစ်ကြောင်း သိရှိရပါသည်။

“ကြိုတင်သတ်မှတ်ချက်တွေရှိပေမယ့်လည်း အနည်းဆုံးတော့ စေ့စပ်ညှိနှိုင်းမှုစတင်ဖို့ လမ်းခင်းထားတယ်လို့ ကျနော်ထင်ပါတယ်။

ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေက ပြန်စတင်နိုင်တဲ့ အခြေအနေရှိနေပြီး ရှေ့ဆက်တိုးသွားနိုင်ဖို့လိုတယ်။

ဒီလိုအခြေအနေတွေ ဖြစ်လာနိုင်ဖို့က နှစ်ဖက်စလုံးပေါ်မှာ မူတည်ပါတယ်။ အနည်းဆုံးတော့ တံခါးဖွင့်ထားတယ်၊ တံခါးကို ဝင်သည်ဖြစ်စေ မဝင်သည်ဖြစ်စေ စောစောကပြောခဲ့သလိုပဲ သူတို့အပေါ်မှာပဲ မူတည်တယ်” ဟု ၎င်းက ဆိုပါသည်။

Sokhonnn သည် မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေးကိစ္စအပါအဝင် ကဏ္ဍပေါင်းစုံကို အသေးစိတ်ရှင်းလင်းခဲ့ပြီး မြန်မာ ပြည်သူအားလုံးအား ခွဲခြားမှုမရှိဘဲ ပံ့ပိုးပေးသင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ၎င်း၏ နောက်ဆုံးတောင်းဆိုမှုကို စစ်တပ်က တရားစီရင်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို အကြောင်းပြပြီး ငြင်းပယ်ခဲ့ကြောင်း၊

သမ္မတကတော် ဒေါ်စုစုလွင်နှင့် တွေ့ဆုံရန် တောင်းဆိုမှုကိုလည်း ကျန်းမာရေးအကြောင်းပြ၍ စစ်ကောင်စီက ငြင်းဆိုခဲ့ကြောင်း သိရှိရပါသည်။

အတိုက်အခံအုပ်စုများက အရပ်သားများကို သကြောင်း၊မိုင်း ကျဲမှုများ၊ လုပ်ကြံမှုများကို မင်းအောင်လှိုင်က အာဆီယံ အထူးသံတမန်ကို ပြသခဲ့ပြီး ထိုသို့ ကြံစည်မှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် အဆုံးမရှိသော ဂလဲ့စားချေမှုနှင့်ခြိမ်းခြောက်မှုများ ဖြစ်ပေါ်လိမ့်မည်ဟု မင်းအောင်လှိုင်က ပြောဆိုကြောင်း သိရှိရသည်။

အာဆီယံအထူးသံတမန်က နိုင်ငံရေးပါတီခေါင်းဆောင်များ၊ နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံပြီးနောက် အတိုက်အခံ လက်နက်ကိုင်အဖွဲ့များသည်၊

ပြည်သူ ပိုင်ပစ္စည်းများကို ဖျက်ဆီးခြင်းနှင့် အစိုးရဝန်ထမ်းများကို လုပ်ကြံခြင်းအပါ အဝင် ၎င်းအမှုများအတွက် အနည်းဆုံး တစ်စိတ်တစ်ပိုင်း တာဝန်ရှိသည်ဟု ကောက်ချက်ချပြောဆိုပါသည်။

ပဋိပက္ခတွင် ပါဝင်ပတ်သက်သူများအားလုံး၏ ပူးပေါင်းပါဝင်မှုဖြင့်သာ မတရားမှုများ ရပ်စဲရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ၊

၎င်းတွေ့ဆုံခဲ့သည့် အဖွဲ့ များအားလုံးက ခြိမ်း ခြောက် မှု့များနှင့် ကြောက်ရွံ့နေရမှုများအတွက် စိုးရိမ်ကြောင်း ပြောဆိုကြောင်း သိရှိရသည်။

လက်ရှိအချိန်တွင် အာဆီယံအထူးသံတမန်၏ သက်တမ်းသည် ၆ လသာ ကျန်ရှိတော့ပြီး မြန်မာ့အရေး အကျပ်အတည်းကို ဖြေရှင်းရန် နတ်ဆေးမရှိကြောင်း၊ မှော်အစွမ်းလည်း မရှိကြောင်း အာဆီယံအထူးသံတမန်က ဆိုပါသည်။

“ကျနော်ရဲ့ လုပ်ပိုင်ခွင့်က ၆ လထက်နည်းနေပါပြီ။ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းဖို့ နတ်ဆေးမရှိဘူးလို့ ပြောရမယ်။

ကျနော်က မှော်ဆရာလည်း မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရရင် အာဆီယံနဲ့ ကျွန်တော် ပြီးမြောက်အောင် လုပ်နိုင်တာက ဘက်ပေါင်းစုံက အားလုံးလက်ခံနိုင်တဲ့ ၊

အားလုံးပါဝင်နိုင်တဲ့ ဆွေးနွေးပွဲကို မြှင့်တင်ခြင်းအားဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ချောမွေ့အောင် လုပ်ဖို့ပါပဲ” ဟု အာဆီယံ အထူးသံတမန်က ပြောဆိုခဲ့ပါသည်။

Crd

Leave a Reply

Your email address will not be published.