စစ်ခေါင်းဆောင် များကို အနိုင်မရမချင်း ဆက်လက်ချီတက်တော်လှန်မည် ဟု ဒေါက်တာဆာဆာ‌‌‌ပြောဆို

News

စစ်ခေါင်းဆောင် များကို အနိုင်မရမချင်း ဆက်လက်ချီတက်တော်လှန်မည် ဟု ဒေါက်တာဆာဆာ‌‌‌ပြောဆို

အကြမ်းဖက် စစ်ခေါင်းဆောင် အာဏာရှင် နေဝင်းက မတ်လ၊ (၂) ရက်နေ့၊ ၁၉၆၂ ခုနှစ်တွင် ပြည်သူ့အာဏာကို စစ်လက်နက်များ အသုံးပြုပြီး မသိမ်းခဲ့လျှင် မြန်မာနိုင်ငံသည် အာဆီယံတွင်သာမကပဲ ကမ္ဘာ့အလယ်တွင် အချမ်းသာဆုံး၊ အကောင်းဆုံးနိုင်ငံ တစ်နိုင်ငံဖြစ်မည်ကို မြန်မာနိုင်ငံ၏ အရင်က ချမ်းသာကြွယ်ဝမှုများက သက်သေ ပြနေပါသည်။

အကယ်၍ လွန်ခဲ့သော နှစ်ပေါင်း (၆၀)တွင် ဤကဲ့သို့သော အကြမ်းဖက် စစ်ခေါင်းဆောင်များ မထွန်းကားခဲ့လျှင် မြန်မာနိုင်ငံသည် G7 တွင် ပါဝင်သောနိုင်ငံ၊ အာရှတိုက် တစ်ခုလုံးကို အကျိုးပြုသော နိုင်ငံ၊ အဖွံ့ဖြိုးဆုံး၊ အတိုးတက်ဆုံးနိုင်ငံဖြစ်မည်ကို မြန်မာနိုင်ငံ၏ ချမ်းသာကြွယ်ဝခဲ့သော သမိုင်းက သက်သေပြ လျက်ရှိပါသည်။

မီးလောင်နေသော မြန်မာနိုင်ငံကို မီးငြိမ်း စေဖို့ရန် ကျွန်တော်တို့ ပြည်သူလူထု တစ်ဦးချင်းစီတိုင်းမှာ တာဝန်ရှိသကဲ့သို့ သက်ဆိုင်ရာ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် အစိုးရများတွင်လည်း တာဝန်ရှိပါသည်။

သွေးထွက်နေသော မြန်မာနိုင်ငံကို သွေးတိတ်စေဖို့ရန်အတွက် ကျွန်တော်တို့ တစ်ဦး ချင်းစီတိုင်းတွင် တာဝန်ရှိသကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရများတွင်လည်း တာဝန်ရှိသည်။

ကျွန်တော်တို့အားလုံးသည်ကျွန်တော်တို့ကို သတ်ဖြတ် နေသော စစ်ခေါင်းဆောင် များကို အနိုင်မရမချင်း ဆက်လက်ချီတက်တော်လှန်မည် ဖြစ်သလို အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ အစိုးရများအနေဖြင့်လည်း အကြမ်းဖက် စစ်ခေါင်းဆောင်များနှင့် ၎င်းတို့၏ အပေါင်းအပါများကို ပြင်းထန်စွာ ဒဏ်ခတ်ပိတ်ဆို့ အရေးယူပြီး မြန်မာပြည်သူလူထု၏ လွတ်လပ်ရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီအရေး အတွက် တော်လှန်ရေးကို အားပေးကူညီထောက်ပံ့ရန် တာဝန်ရှိ ပါသည်။

Crd

Unicode

စစ်ခေါင်းဆောင် များကို အနိုင်မရမချင်း ဆက်လက်ချီတက်တော်လှန်မည် ဟု ဒေါက်တာဆာဆာ‌‌‌ပြောဆို






Crd

Leave a Reply

Your email address will not be published.