တိမ်းရှောင်ခဲ့စဥ်က မိခင်ဖြစ်သူကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ အရာတစ်ခုကို ပြသလိုက်တဲ့ ဖွေးဖွေး

News

တိမ်းရှောင်ခဲ့စဥ်က မိခင်ဖြစ်သူကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ အရာတစ်ခုကို ပြသလိုက်တဲ့ ဖွေးဖွေး

ပရိသတ်ကြီးရေ မြန်မာနိုင်ငံရဲ့ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်တဲ့ ဖွေးဖွေး ကတော့ အကယ်ဒမီဆုတွေရရှိထားတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။

ချစ်စဖွယ်ကောင်းတဲ့ ဟန်ပန်အမူအရာလေးတွေနဲ့ ပွင့်လင်းတဲ့ စကားပြောပုံလေးတွေကြောင့် ပရိသတ်တွေအချစ်ပိုနေရတဲ့ မင်းသမီးလေးတစ်လက်ပါ။

ရုပ်ရှင်ဇာတ်ကားပေါင်းများစွာကို ရိုက်ကူးထားပြီး ကျရာကာရိုက်တာတွေကို သဘာဝကျကျအကောင်းဆုံး သရုပ်ဆောင်နိုင်တာကြောင့် သူမရိုက်ကူးခဲ့သမျှ ဇာတ်ကားတိုင်းဟာ ပရိသတ်တွေကြား နာမည်ကျော်ကြားခဲ့ပါတယ်။

ဒါအပြင် သရုပ်ဆောင်ပိုင်းမှာတော်ရုံမက အမှန်တရားကိုချစ်မြတ်နိုးသူ ဖြစ်တာကြောင့် မြန်မာနိုင်ငံကို စစ်အာဏာသိမ်းခဲ့တဲ့အချိန်မှာ ပြည်သူနဲ့အတူ လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ခဲ့ပါသေးတယ်။
ဒီလိုလှုပ်ရှားခဲ့တာကြောင့်လဲ ပုဒ်မ ၅၀၅ က နဲ့ ဖမ်းဝရမ်းထုတ်ခံထားရပြီးနောက် နေအိမ်ကိုစွန့်ခွာပြီး ဘေးကင်းရာကို တိမ်းရှောင်နေခဲ့ရတာပါ။

အနုပညာလှုပ်ရှားမှု့တွေ မရှိတော့ပဲ လူမှု့ကွန်ယက်ပေါ်ကနေ အတော်ကြာပျောက်ကွယ်နေတဲ့ ဖွေးဖွေး ကတော့ Rita Eyes ဆိုတဲ့ နောက်ထပ်လူမှု့ကွန်ယက်အကောင့်တစ်ခုနဲ့ ပရိသတ်တွေကြား ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။
Rita Eyes မှာတော့ မင်းသမီး ဖွေးဖွေး ဆိုတဲ့ဂုဏ်ပုဒ်တွေအားလုံးမေ့ထားပြီး ပရိသတ်တွေနဲ့အတူ လွတ်လွတ်လပ်လပ် ဝေဖန်ပြောဆိုပြီး ပြောချင်တဲ့စကားတိုင်းကို လွတ်လွတ်လပ်လပ် ပြောဆိုလို့ ရနိုင်တဲ့ စာမျက်နှာတစ်ခုလဲ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ ဖွေးဖွေး ဟာ တိမ်းရှောင်ခဲ့စဥ်က မိခင်ဖြစ်သူကိုယ်တိုင် ပြုလုပ်ပေးထားတဲ့ အရာတစ်ခုကို ပြသလိုက်ပါတယ်။

“ဒါ ငါ့အမေချုပ်ပေးထားတဲ့ အုပ်ထုပ် ပြေးနေ ပုန်းနေရတုန်း က အချစ်တွေပြထားတာ “ဆိုပြီး မိခင်ဖြစ်သူချုပ်ပေးထားတဲ့ ဦးထုပ်ဆောင်းထားတဲ့ ဓာတ်ပုံလေးနဲ့အတူ စာသားလေးကိုတွဲတင်ထားတာကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Crd

Unicode









Crd

Leave a Reply

Your email address will not be published.