ကမ္ဘောဇဘဏ်လုပ်ငန်းရှင် ဦးအောင်ကိုဝင်း၏ ဇနီး လုပ်ကိုင်ခွင့်ရသည့် မြေဧက ၁၆၀၀၀ ကျော် သိမ်းဆည်းခံရ

News

တနင်္သာရီ၊ ဇူလိုင် ၇

လူငယ့်ခေတ်

ကမ္ဘောဇဘဏ် လုပ်ငန်းစု ထိပ်တန်းစီးပွါးရေး လုပ်ငန်းရှင် ဖြစ်သည့် ဦးအောင်ကိုဝင်း၏ ဇနီးဖြစ်သူ အမည်ပေါက် မြေယာ ဧကပေါင်း ၁၆၀၀၀ ကျော်ကို လုပ်ကိုင်ခြင်းမရှိသဖြင့်ဟုဆိုကာ စစ်ကောင်စီ လက်အောက်ခံ မြေလွတ်၊ မြေလပ် မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မီက သိမ်းဆည်းလိုက်သည်။

KBZ Bank ပိုင်ရှင် ဦးအောင်ကိုဝင်း ၏ ဇနီး နန်းသန်းထွေး မှ ရွှေကမ္ဘာဇကုမ္ပဏီ နာမည်ဖြင့် လုပ်ကိုင်ခွင့် ရရှိထားသော တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ် တမုတ်ချုံးကျေးရွာတွင် လုပ်ပိုင်ခွင့်ရရှိထားသည်စုစုပေါင်း မြေဧက ၁၅၈၁၁ ဧက အနက် လုပ်ကိုင်ခြင်း မရှိသည့် ဧက ၁၄၈၂၆ ဒသမ ၆၆ နှင့် သိန်ခွန်း၊ တမုတ်ချုံး ရှိ မြေဧက ၅၃၀၀ ဧက အနက် လုပ်ကိုင်ခြင်းမရှိသည့် ၁၆၇၉ ဧက ကို ပြန်လည်သိမ်းဆည်းမည်ဟု အဆိုပါ ကော်မတီက ယခုရက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

အဆိုပါ ပြန်လည်သိမ်းယူမည်မြေများမှာ မြေယာများ လုပ်ကိုင်ခွင့် ရရှိပြီးနောက် သတ်မှတ်ကာလ ၄ မှစ်အတွင်း တစ်စိတ်တစ်ပိုင်း ဖော်ထုတ် စိုက်ပျိုးပြီး လုပ်ကိုင်ခြင်းမရှိခြင်းကြောင့် မေလ ၁၁ ရက် နေ့မှ စ၍ ပြန်လည်သိမ်းယူခြင်းဖြစ်ကြောင်း၊ အာမခံကြေး များကိုပါ နိုင်ငံတော်ဘဏ္ဍာ အဖြစ်သိမ်းဆည်းလိုက်ကြောင်း သိရသည်။

ထို့ပြင် တနင်္သာရီမြို့နယ် သိန်ခွန်းကျေးရွာရှိ လုံးဝလုပ်ကိုင်ခြင်းမရှိသည့် မြေဧက ၄၈၀၄ ဧကကိုလည်း ပြန်လည် သိမ်းဆည်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါလုပ်ကိုင်ခွင့်ရရှိထားသည့် လုပ်ငန်းများမှာ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၄ ခုနှစ်က ခွင့်ပြုပေးခဲ့သည့် မြေနေရာများ ပါဝင်သလို စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေလက်ထက်က ခွင့်ပြုပေးထားသည့် မြေနေရာများလည်း ဖြစ်သည်။

ဓာတ်ပုံ/ ကမ္ဘောဇဘဏ် လုပ်ငန်းစု ထိပ်တန်းစီးပွါးရေး လုပ်ငန်းရှင် ဖြစ်သည့် ဦးအောင်ကိုဝင်း/ KBZ bank

Crd

Unicode

Leave a Reply

Your email address will not be published.