ဆေးရုံပေါ်မှာ ဒုတိယမြောက် ခွဲစိတ်မှု့ခံယူထားရတဲ့ ဟာသသရုပ်ဆောင်ကြီး မိုးဒီ

Cele News

ဆေးရုံပေါ်မှာ ဒုတိယမြောက် ခွဲစိတ်မှု့ခံယူထားရတဲ့ ဟာသသရုပ်ဆောင်ကြီး မိုးဒီ

တစ်ခေတ်တစ်ခါက နာမည်ကြီး လူရွှင်တော်ကြီးတစ်ဦးဖြစ်တဲ့ ဦးမိုးဒီ ဟာ ပရိသတ်အားလုံးရဲ့ ချစ်ခင်အားပေးမှု့ကို ရရှိခဲ့သူတစ်ဦး ဖြစ်ပါတယ်။ ပရိတ်တွေကို ပြက်လုံးတွေနဲ့အမောပြေစေသူဖြစ်ပြီး သူ့နဲ့အလိုက်ဖက်ဆုံးတွဲဖက်ကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော်ကြီး မော့စ် ပဲ ဖြစ်ပါတယ်။

နောက်ပိုင်းမှာ ဦးမိုးဒီ ဟာ ရုပ်ရုပ်ဇာတ်ကားတွေမှာ ဟာသသရုပ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ အချစ်တွေကို ထပ်မံရရှိခဲ့ပြန်ပါတယ်။ လက်ရှိမှာ ဦးမိုးဒီ ရဲ့ အသက်ကတော့ (၇၄ )နှစ်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။

ဦးမိုးဒီ ဟာ နှလုံးသွေးကြောကျဥ်းရောဂါကို ခံစားနေရပြီး ခွဲစိပ်ကုသမှု့ကို ခံယူနေရတာလဲ ဖြစ်ပါတယ်။ ဆေးရုံတတ်ရောက်ကုသနေတဲ့ ဦးမိုးဒီကတော့ ချစ်တဲ့ပရိသတ်တွေကို စိတ်မပူဖို့နဲ့ အမြန်ဆုံးကျန်းမာအောင် ဆုတောင်းပေးကြဖို့ အမှာစကားပါးထားတာကို တွေ့ရပါတယ်။

သားဖြစ်သူကောင်းစံကတော့ ဖခင်ဖြစ်သူကျန်းမာရေးနဲ့ ပတ်သက်ပြီး”နှလုံးအောင့်ပြီး နှလုံးသွေးကြောကျဥ်းတဲ့အတွက် ခွဲစိပ်တာပါသွေးကြောချဲ့ ကိရိယာ (၃)ချောင်းထည့်သွင်းရပါတယ်၊နေ့လည် (၁)နာရီ ခွဲ မှာ ခွဲစိတ်ခန်း စဝင်ပြီးညနေ (၅)နာရီ ခွဲ မှာ ခွဲစိတ်ပြီးပါတယ်။

အခါလိုခွဲစိပ်ရတာက ဒုတိယအကြိမ်ခွဲစိပ်တာ ပါ ပထမတစ်ခါက ကျောက်ကပ်ကြောင့်ခွဲစိပ်ရပြီး အခုတစ်ခါကတော့ နှလုံးအောင့်လို့ခွဲစိပ်ရတာပါ” လို့ ပရိသတ်တွေကို အသိပေးရေးသားထားတာကို တွေ့ရပါတယ်။

ကဲ…ပရိသတ်ကြီးရေ ချစ်ရတဲ့ဟာသသရုပ်ဆောင် လူရွှင်တော်ကြီး ဦးမိုးဒီ အမြန်ဆုံးကျန်းမာပါစေလို့ ကောမန့်မှာ ဆုတောင်းစကားလေးတွေ ပြောပေးခဲ့ပါအုန်းနော်။

Crd

Unicode








Crd

Leave a Reply

Your email address will not be published.