မိဘနှစ်ပါးအပေါ် အရမ်းသိတတ်တဲ့ သားလိမ္မာလေးဖြစ်ကြောင်းကို သက်သေပြလိုက်တဲ့ ပိုင်တံခွန်

News

Unicode

မိဘနှစ်ပါးအပေါ် အရမ်းသိတတ်တဲ့ သားလိမ္မာလေးဖြစ်ကြောင်းကို သက်သေပြလိုက်တဲ့ ပိုင်တံခွန်

မော်ဒယ်လောက ကနေတစ်ဆင့် အနုပညာလမ်းပေါ်ကို လျှောက်လှမ်းလာခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့သူကတော့ ပြည်သူ့မင်းသားချော ပိုင်တံခွန်ပဲဖြစ်ပါတယ်။ ပိုင်တံခွန်က မြန်မာနိုင်ငံမှာသာမက အရှေ့တောင် အာရှ

နိုင်ငံများဖြစ်တဲ့ ထိုင်း ဗီယက်နမ် တရုတ် စတဲ့နိုင်ငံတွေ အပြင် ဥရောပနိုင်ငံတစ်ချို့က ပရိတ်သတ်တွေပါအားပေးခြင်းခံခဲ့ရတဲ့မင်းသားတစ်ဦးဖြစ်ပါတယ်။ ကြင်နာတတ်ပြီး စိတ်ထားနူးညံ့တဲ့ ပိုင်တံခွန်က

တိရစ္ဆာန်လေးတွေကိုလည်း ချစ်တဲ့သူဖြစ်ပြီး သူ့ရဲ့အိမ်မှာလည်းကြောင်လေး ခွေးလေးတွေ အပြင် ရေသတ္တဝါမျိုးစုံ၊ လိပ်လေးတွေ၊ ကမ္ဘာ့အသေးဆုံး ဆိတ်လေး၊ ခရုနဲ့ ပုတ်သင်ညိုလေးပါတွေ မွေးထားတာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ပိုင်တံခွန်က မိဘနှစ်ပါးကို အရမ်းတန်ဖိုးထား သူဖြစ်ပြီး ကိုယ်တိုင်ရှာဖွေထားတဲ့ အနုပညာကြေးတွေနဲ့ လုပ်ကျွေးပြုစုနေတာ ဖြစ်ပါတယ်။ သားလိမ္မာလေး ပိုင်တံခွန်က လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မိဘနှစ်ပါးစိတ်ကြိုက်

အိမ်ကြီးကို တည်ဆောက်ပြီး Surprised လုပ်ပေးခဲ့တဲ့ Videoလေးကို ပြန် Share ပြီး မိဘအပေါ်မှာ ထားတဲ့ သူ့ခံစားချက်လေးကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။ ပိုင်တံခွန်က “ကို ဒုက္ခရောက်တဲ့အချိန်ဆို ကို့မိဘကို အရင် စိတ်ပူတယ်

ငါမရှိရင် ငါမိဘတွေ ဘယ်လိုနေမလဲဆိုပြီး” ပြီး သူ့ရဲ့ လူမှုကွန်ယက်ထက်မှာ ရေးသားထားတာပဲ ဖြစ်ပါတယ်။ မိဘအပေါ်ကို သိတတ်လွန်းတဲ့ပိုင်တံခွန်လေး ဒီထက်မက အောင်မြင်ပါစေနော်

Crd

Zawgyi

မိဘနှစ်ပါးအပေါ် အရမ်းသိတတ်တဲ့ သားလိမ္မာလေးဖြစ်ကြောင်းကို သက်သေပြလိုက်တဲ့ ပိုင်တံခွန်







Crd

Leave a Reply

Your email address will not be published.