ဖယ်ခုံမြို့နယ် မနေ့ကတိုက်ပွဲတွင် PDFဘက်က

News

ဖယ္ခုံၿမိဳ႕နယ္ မေန႔ကတိုက္ပြဲတြင္ PDFဘက္က က်ဆုံးမႈ မ်ားျပားခဲ့

ရွမ္းျပည္နယ္ ၊ ဇူလိုင္ ၅

ရွမ္းျပည္ေတာင္ပိုင္း ဖယ္ခုံၿမိဳ႕နယ္ ကုန္းဆုံရပ္ကြက္ တိုက္ပြဲေၾကာင့္ ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ဘက္မွ က်ဆုံးမႈ အမ်ားအျပားရွိေနေၾကာင္း စုံစမ္းသိရသည္။

ယမန္ေန႔ (ဇူလိုင္ ၄ ရက္) မနက္ပိုင္းတြင္ စၿပီး ဖယ္ခုံၿမိဳ႕နယ္ ကုန္းဆုံရပ္ကြက္ ႏွင့္ ေ႐ႊျပည္ေအးေက်း႐ြာ ဘက္တြင္ PDF ႏွင့္ စစ္ေကာင္စီတို႔ တိုက္ပြဲျဖစ္ခဲ့ေၾကာင္း သိရသည္။

“က်ေနာ္တို႔ ရဲေဘာ္ဘက္ကလည္း အက်ဆုံးေတြ မ်ားတယ္။ စစ္ေကာင္စီဘက္ကလည္း က်ဆုံးမႈေတြရွိခဲ့တယ္။ သူတို႔ေတြ ရပ္ကြက္တြင္းမွာ အေလာင္းေတြ ျပန္လိုက္ေကာက္ေနတာလည္းရွိတယ္” ဟု အမည္မေဖာ္လိုသည့္ ေဒသခံတစ္ဦးက ေျပာသည္။

ယမန္ေန႔တိုက္ပြဲေၾကာင့္ ဖယ္ခုံၿမိဳ႕နယ္ လြိဳင္ေကာ္ဘက္သို႔ သြားလမ္းကိုလည္း ေခတၱပိတ္ထားလိုက္ရေၾကာင္း သိရသည္။

ရွမ္း-ကရင္နီ(ကယား)ျပည္နယ္အစပ္ ဖယ္ခုံၿမိဳ႕တြင္ တပ္စြဲထားေသာ စစ္ေကာင္စီတပ္စခန္းကို​ေဒသခံကာကြယ္​ေရးတပ္မ်ားကပူး​ေပါင္း၍တိုက္ခိုက္ရာ ႏွစ္ဖက္က်ဆုံးမႈမ်ားရွိ​ေၾကာင္းေဒသတြင္းသတင္းရင္းျမစ္မ်ားက ေျပာသည္။

ယမန္ေန႔(ဇူလိုင္ ၄ ရက္) နံနက္အ​ေစာပိုင္းတြင္ဖယ္ခုံၿမိဳ႕ေျမာက္ဘက္ရွိကုန္ဆုံ႐ြာ တြင္စခန္းခ်ထားသည့္ စစ္ေကာင္စီတပ္ကို ကရင္နီအမ်ိဳးသားမ်ားကာ ကြယ္ေရးတပ္ KNDF ၊ကရင္နီတပ္မေတာ္ KA၊ဖယ္ခုံ PDF ႏွင့္ ရွမ္း ျပည္နယ္ေတာ္လွန္ေရးလူငယ္မ်ားအင္အားစု (SSRY) တို႔ပူးေပါင္းတိုက္ခိုက္ခဲ့ျခင္းျဖစ္သည္။

“ကြၽန္ေတာ္တို႔သိသေလာက္ စခန္းသိမ္းခါနီးမွာရန္သူဘက္ကစစ္ကူေရာ လက္နက္ႀကီးပစ္အား အဆမတန္သုံးလို႔ ပူးေပါင္းတပ္ဖြဲ႕ဝင္အခ်ိဳ႕အ က်အဆုံးရွိခဲ့တာပါ”ဟုကရင္နီေဒသစစ္ေရးသတင္းရင္းျမစ္တစ္ဦးကPeople’s Spring သို႔ ​ေျပာသည္။

စခန္းသိမ္းတိုက္ပြဲတြင္ တပ္ဖြဲ႕ဝင္အခ်ိဳ႕ က်ဆုံး မႈရွိသည္မွာ မွန္ကန္ ၿပီး အေရအတြက္ႏွင့္ ထိခိုက္မႈကို မူ သက္ဆိုင္ရာ မိခင္ တပ္ရင္းမွ ထုတ္ျပန္ေပးလိမ့္မည္ဟု KNDF တပ္ဖြဲ႕ဝင္တစ္ဦးကအသိေပးသည္။

တိုက္ပြဲ၌ စစ္ေကာင္စီတပ္သည္ ​ေသဆုံးထိ့ခိုက္မႈ မ်ားခ်ိန္တြင္အင္အား ၂၀၀ခန္႔ ျဖင့္ စစ္ကူေပးလာျခင္းျဖစ္သည္ဟု ၎က ဆက္​ေျပာသည္။”စစ္​​​ေေတြလည္း အ‌ေသမ်ားတယ္။ ရပ္ကြက္ထဲမွာအေလာင္းေတြ ကားနဲ႔လိုက္ေကာက္ေနရတယ္။ ေ႐ႊျပည္ေအး စစ္ေၾကာင္းမွာလည္းစစ္​​ေေတြ အကုန္နီးပါေသတယ္”ဟု အထက္ပါ တပ္ဖြဲ႕ဝင္က ေျပာသည္။

တိုက္ပြဲအေျခအေန ေၾကာင့္ ဖယ္ခုံ – ပင္ေလာင္း လမ္းမႀကီးကို အသုံးမျပဳရန္လည္းျပည္သူလူထုအားကရင္နီအမ်ိဳးသားမ်ားကာကြယ္ေရးတပ္ KNDF တပ္ရင္း၃ကအသိေပးထားသည္။

ဇြန္ ၁၃ ရက္မွစ၍ စစ္ေကာင္စီတပ္ကေခါင္းအိ႐ြာသစ္အပါအဝင္ ဖယ္ခုံအင္းအေရွ႕ျခမ္း ေဆာင္းနန္းခဲ၊လြယ္ေပါ၊နန္းေပၚလုံ၊နန္းဆြန္႔၊ပိႏၷဲကုန္း၊မေခခမ္း၊လဟယ္ေက်း႐ြာမ်ားစစ္ ေၾကာင္း ထိုးဝင္လာခဲ့ျခင္းျဖစ္သည္။စစ္ေကာင္စီတပ္ႏွင့္အတူ PNO ျပည္သူ႔စစ္အဖြဲ႕ကပူးေပါင္း၍ စစ္ေရွာင္ျပည္သူမ်ား၏ေနအိမ္အေဆာက္အဦးမ်ားကိုမီးရႈိ႕ဖ်က္ဆီးသည့္အျပင္ကိုင္းရွည္စက္၊ေထာ္လာဂ်ီ၊ဆိုင္ကယ္၊ေျမၾသဇာႏွင့္ေျပာင္းမ်ိဳးအိတ္မ်ားပါမက်န္ ေညာင္ေ႐ႊၿမိဳ႕နယ္ ဘက္သို႔ ယူေဆာင္ေနသည္ဟုလည္း ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္မ်ားကေျပာၾကားသည္။

ထို႔အျပင္ ဖယ္ခုံၿမိဳ႕နယ္တြင္ အၾကမ္းဖက္စစ္ေကာင္စီတပ္မွ စစ္အင္အား ျဖည့္တင္းလ်က္ရွိေၾကာင္း KNDF ကမၾကာေသးမီရက္ပိုင္းက ထုတ္ျပန္ထားသည္။ဇူလိုင္ ၁ ရက္ကလည္းဖယ္ခုံၿမိဳ႕၊ လြယ္မကူး႐ြာ‌ေတာင္ ႏွင့္လြယ္ဟယ္႐ြာတို႔တြင္တပ္စြဲထားေသာစစ္ေကာင္ စီတပ္ကို အလယ္ပိုင္းတိုင္းအထူးစစ္ဆင္းေရးအဖြဲ႕ကဝင္တိုက္ရာ စစ္ေကာင္စီတပ္သား ခုႏွစ္ဦးေသဆုံးေၾကာင္း ဇူလိုင္ ၁ ရက္တြင္ထုတ္ျပန္ထားသည္။

Crd

Unicode

ဖယ်ခုံမြို့နယ် မနေ့ကတိုက်ပွဲတွင် PDFဘက်က ကျဆုံးမှု များပြားခဲ့

ရှမ်းပြည်နယ် ၊ ဇူလိုင် ၅

ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုန်းဆုံရပ်ကွက် တိုက်ပွဲကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဘက်မှ ကျဆုံးမှု အများအပြားရှိနေကြောင်း စုံစမ်းသိရသည်။

ယမန်နေ့ (ဇူလိုင် ၄ ရက်) မနက်ပိုင်းတွင် စပြီး ဖယ်ခုံမြို့နယ် ကုန်းဆုံရပ်ကွက် နှင့် ရွှေပြည်အေးကျေးရွာ ဘက်တွင် PDF နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ ရဲဘော်ဘက်ကလည်း အကျဆုံးတွေ များတယ်။ စစ်ကောင်စီဘက်ကလည်း ကျဆုံးမှုတွေရှိခဲ့တယ်။ သူတို့တွေ ရပ်ကွက်တွင်းမှာ အလောင်းတွေ ပြန်လိုက်ကောက်နေတာလည်းရှိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့တိုက်ပွဲကြောင့် ဖယ်ခုံမြို့နယ် လွိုင်ကော်ဘက်သို့ သွားလမ်းကိုလည်း ခေတ္တပိတ်ထားလိုက်ရကြောင်း သိရသည်။

ရှမ်း-ကရင်နီ(ကယား)ပြည်နယ်အစပ် ဖယ်ခုံမြို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်စခန်းကိုဒေသခံကာကွယ်ရေးတပ်များကပူးပေါင်း၍တိုက်ခိုက်ရာ နှစ်ဖက်ကျဆုံးမှုများရှိကြောင်းဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(ဇူလိုင် ၄ ရက်) နံနက်အစောပိုင်းတွင်ဖယ်ခုံမြို့မြောက်ဘက်ရှိကုန်ဆုံရွာ တွင်စခန်းချထားသည့် စစ်ကောင်စီတပ်ကို ကရင်နီအမျိုးသားများကာ ကွယ်ရေးတပ် KNDF ၊ကရင်နီတပ်မတော် KA၊ဖယ်ခုံ PDF နှင့် ရှမ်း ပြည်နယ်တော်လှန်ရေးလူငယ်များအင်အားစု (SSRY) တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့သိသလောက် စခန်းသိမ်းခါနီးမှာရန်သူဘက်ကစစ်ကူရော လက်နက်ကြီးပစ်အား အဆမတန်သုံးလို့ ပူးပေါင်းတပ်ဖွဲ့ဝင်အချို့အ ကျအဆုံးရှိခဲ့တာပါ”ဟုကရင်နီဒေသစစ်ရေးသတင်းရင်းမြစ်တစ်ဦးကPeople’s Spring သို့ ပြောသည်။

စခန်းသိမ်းတိုက်ပွဲတွင် တပ်ဖွဲ့ဝင်အချို့ ကျဆုံး မှုရှိသည်မှာ မှန်ကန် ပြီး အရေအတွက်နှင့် ထိခိုက်မှုကို မူ သက်ဆိုင်ရာ မိခင် တပ်ရင်းမှ ထုတ်ပြန်ပေးလိမ့်မည်ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးကအသိပေးသည်။

တိုက်ပွဲ၌ စစ်ကောင်စီတပ်သည် သေဆုံးထိ့ခိုက်မှု များချိန်တွင်အင်အား ၂၀၀ခန့် ဖြင့် စစ်ကူပေးလာခြင်းဖြစ်သည်ဟု ၎င်းက ဆက်ပြောသည်။”စစ်ေတွေလည်း အ‌သေများတယ်။ ရပ်ကွက်ထဲမှာအလောင်းတွေ ကားနဲ့လိုက်ကောက်နေရတယ်။ ရွှေပြည်အေး စစ်ကြောင်းမှာလည်းစစ်ေတွေ အကုန်နီးပါသေတယ်”ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။

တိုက်ပွဲအခြေအနေ ကြောင့် ဖယ်ခုံ – ပင်လောင်း လမ်းမကြီးကို အသုံးမပြုရန်လည်းပြည်သူလူထုအားကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF တပ်ရင်း၃ကအသိပေးထားသည်။

ဇွန် ၁၃ ရက်မှစ၍ စစ်ကောင်စီတပ်ကခေါင်းအိရွာသစ်အပါအဝင် ဖယ်ခုံအင်းအရှေ့ခြမ်း ဆောင်းနန်းခဲ၊လွယ်ပေါ၊နန်းပေါ်လုံ၊နန်းဆွန့်၊ပိန္နဲကုန်း၊မခေခမ်း၊လဟယ်ကျေးရွာများစစ် ကြောင်း ထိုးဝင်လာခဲ့ခြင်းဖြစ်သည်။စစ်ကောင်စီတပ်နှင့်အတူ PNO ပြည်သူ့စစ်အဖွဲ့ကပူးပေါင်း၍ စစ်ရှောင်ပြည်သူများ၏နေအိမ်အဆောက်အဦးများကိုမီးရှို့ဖျက်ဆီးသည့်အပြင်ကိုင်းရှည်စက်၊ထော်လာဂျီ၊ဆိုင်ကယ်၊မြေသြဇာနှင့်ပြောင်းမျိုးအိတ်များပါမကျန် ညောင်ရွှေမြို့နယ် ဘက်သို့ ယူဆောင်နေသည်ဟုလည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကပြောကြားသည်။

ထို့အပြင် ဖယ်ခုံမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်အင်အား ဖြည့်တင်းလျက်ရှိကြောင်း KNDF ကမကြာသေးမီရက်ပိုင်းက ထုတ်ပြန်ထားသည်။ဇူလိုင် ၁ ရက်ကလည်းဖယ်ခုံမြို့၊ လွယ်မကူးရွာ‌တောင် နှင့်လွယ်ဟယ်ရွာတို့တွင်တပ်စွဲထားသောစစ်ကောင် စီတပ်ကို အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးအဖွဲ့ကဝင်တိုက်ရာ စစ်ကောင်စီတပ်သား ခုနှစ်ဦးသေဆုံးကြောင်း ဇူလိုင် ၁ ရက်တွင်ထုတ်ပြန်ထားသည်။

Crd

Leave a Reply

Your email address will not be published.