” ဒါမျိုးကတော့ ဒါဘော တို့က ရေစက်ချတာပေါ့ ”

News

” ဒါမ်ိဳးကေတာ့ ဒါေဘာ တို႔က ေရစက္ခ်တာေပါ့ ”

ဇြန္လ (၂၇) ရက္ေန႔မွ ဇူလိုင္ (၁) အတြင္း ေလေၾကာင္းတိုက္ခိုက္မႈ (၁၂၅) ႀကိမ္ ျပဳလုပ္ခဲ့ေသာ အၾကမ္းဖက္စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈအတြင္း စစ္ေၾကာင္းမႉး ဗိုလ္ႀကီးဒါေဘာ တို႔၏ ျမင္ကြင္းတစ္ခ်ိဳ႕အား အမွတ္တရ အျဖစ္ ေဖာ္ျပအပ္ပါသည္။

” ဥကရစ္ထ ေျခကုတ္စခန္း တိုက္ပြဲအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ား ”

ကရင့္အမ်ိဳးသားအစည္းအ႐ုံး၊ တပ္မဟာ (၆) နယ္ေျမအတြင္းရွိ အၾကမ္းဖက္စစ္ေကာင္စီ၏ ဥကရစ္ထ ေျခကုတ္စခန္းအား ပူးေပါင္းတပ္ဖြဲ႕မ်ားအား သိမ္းပိုက္ႏိုင္ေရး ႀကိဳးပမ္းမႈတြင္ အၾကမ္းဖက္ စစ္ေကာင္စီ ေလတပ္မွ ေလေၾကာင္းပစ္ကူ အသုံးျပဳ တိုက္ခိုက္ခဲ့ပါသည္။ အဆိုပါ တိုက္ပြဲကာလ တစ္ေလွ်ာက္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေလေၾကာင္း တိုက္ခိုက္မႈေၾကာင့္ ေကာ္ဘရာစစ္သည္ေတာ္မ်ား တစ္စုံတစ္ရာ ထိခိုက္၊က်ဆုံး မရွိခဲ့ပါ။ ဥကရစ္ထ စခန္း တိုက္ပြဲအတြင္း အၾကမ္းဖက္ စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈမ်ားမွာ ေအာက္ပါအတိုင္း ျဖစ္ပါသည္။

၂၀၂၂ ခုႏွစ္ ဇြန္လ (၂၇) ရက္ေန႔တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေမွာ္ဘီေလတပ္စခန္း (HBI-AFB-VYHB) မွ Yak-130 အေမာင္းသင္တိုက္ခိုက္ေရးေလယာဥ္ (၄)စီး ျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈ စုစုေပါင္း (၈) ႀကိမ္ ျဖစ္ပါသည္။

ဇြန္လ (၂၈) ရက္ ေန႔တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေမွာ္ဘီေလတပ္စခန္း (HBI-AFB-VYHB) မွ Yak-130 Glob Turbo တိုက္ခိုက္ေရးေလယာဥ္ (၅)စီးျဖင့္ (၄)ေခါက္၊ ေလေၾကာင္းတိုက္ခိုက္မႈေပါင္း (၁၅) ႀကိမ္ ျဖစ္ပါသည္။ Mi – 17 အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ျဖင့္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ (ေမာ္လၿမိဳင္) မွ ေဝၚေလဗ်ဴဟာကုန္းသို႔ တစ္စီးလွ်င္ ခ်ပ္ဝတ္တန္ဆာႏွင့္ အပို ခဲယမ္းမ်ားတပ္ဆင္ထားေသာ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ (၂၀) ဦးစီ တင္ေဆာင္ကာ စစ္ကူ (၂) ႀကိမ္ ေပးပို႔ခဲ့ပါသည္။

ဇြန္လ (၂၉) ရက္ေန႔တြင္လည္း Mi – 17 အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ (၂) စီးျဖင့္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ (ေမာ္လၿမိဳင္) မွ ေဝၚေလဗ်ဴဟာကုန္းသို႔ တစ္စီးလွ်င္ ခ်ပ္ဝတ္တန္ဆာႏွင့္ အပို ခဲယမ္းမ်ားတပ္ဆင္ထားေသာ အၾကမ္းဖက္ စစ္ေကာင္စီ၏ တပ္မ (၄၄) လက္ေအာက္ခံ အၾကမ္းဖက္ စစ္ေကာင္စီ တပ္ဖြဲ႕ဝင္ (၂၀) ဦးစီ တင္ေဆာင္ကာ စစ္ကူ (၅) ႀကိမ္ ေပးပို႔ခဲ့ပါသည္။

ထို႔အျပင္ ေမွာ္ဘီေလတပ္စခန္း (HBI-AFB-VYHB) ႏွင့္ မဂၤလာဒုံ ေလတပ္စခန္း (RGN-AFB-VYYY) မွ Yak-130 အမ်ိဳးအစား အေမာင္းသင္တိုက္ခိုက္ေရးေလယာဥ္ (၆)စီး ျဖင့္ လည္းေကာင္း၊ MiG – 29 ဘက္စုံသုံး တိုက္ေလယာဥ္ (၂) စီးျဖင့္ ေလေၾကာင္းတိုက္ခိုက္မႈေပါင္း (၄၉) ႀကိမ္ ျပဳလုပ္ခဲ့ပါသည္။ အၾကမ္းဖက္ စစ္ေကာင္စီ၏ မဂၤလာဒုံ ေလတပ္စခန္း (RGN-AFB-VYYY) မွ MPA အမ်ိဳးအစား ATR-42 ကင္းေထာက္ေလယာဥ္ျဖင့္ (၂) ေခါက္၊ ေန႔ေကာ ညပါ ဝဲပ်ံ၍ ပစ္မွတ္အကဲၾကည့္ခဲ့သည္ကို ေတြ႕ရွိရပါသည္။

ဇြန္လ (၃၀) ရက္ေန႔တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေမွာ္ဘီေလတပ္စခန္း (HBI-AFB-VYHB) မွ Yak-130 အေမာင္းသင္တိုက္ခိုက္ေရးေလယာဥ္ (၄)စီး၊ MiG – 29 အမ်ိဳးအစား ဘက္စုံသုံး တိုက္ခိုက္ေရး ေလယာဥ္ (၂) စီး၊ MPA (ATR – 42) ကင္းေထာက္ ေလယာဥ္ တစ္စီး အသုံးျပဳကာ ေလေၾကာင္းတိုက္ခိုက္မႈေပါင္း (၂၂) ႀကိမ္ ျပဳလုပ္ခဲ့ပါသည္။

Mi – 17 အမ်ိဳးအစား သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ (၂) စီးျဖင့္ အေရွ႕ေတာင္တိုင္း စစ္ဌာနခ်ဳပ္ (ေမာ္လၿမိဳင္) မွ ေဝၚေလဗ်ဴဟာကုန္းသို႔ စစ္ကူ (၃) ႀကိမ္ ေပးပို႔ခဲ့ပါသည္။ MiG – 29 တိုက္ေလယာဥ္သည္ ထိုင္းႏိုင္ငံဘက္အျခမ္းသို႔ ဝင္ေရာက္ပ်ံသန္းခဲ့ၿပီး ေလေၾကာင္းတိုက္ခိုက္မႈ လုပ္ေဆာင္ခဲ့ပါသည္။

ဇူလိုင္လ (၁) ရက္ေန႔တြင္ အၾကမ္းဖက္ စစ္ေကာင္စီ၏ ေမွာ္ဘီေလတပ္စခန္း (HBI-AFB-VYHB) မွ Yak-130 အေမာင္းသင္တိုက္ခိုက္ေရးေလယာဥ္ (၂)စီး၊ MiG – 29 အမ်ိဳးအစား ဘက္စုံသုံး တိုက္ခိုက္ေရး ေလယာဥ္ (၁) စီး၊ MPA (ATR – 42) ကင္းေထာက္ ေလယာဥ္ တစ္စီး အသုံးျပဳကာ ေလေၾကာင္းတိုက္ခိုက္မႈေပါင္း (၃‌၁) ႀကိမ္ ျပဳလုပ္ခဲ့ပါသည္။ Mi – 17 ရဟတ္ယာဥ္ တစ္စီးျဖင့္ ေဝၚေလဗ်ဴဟာကုန္းသို႔ စစ္ကူ (၂) ႀကိမ္ ေပးပို႔ခဲ့ပါသည္။

အၾကမ္းဖက္စစ္ေကာင္စီ ေလတပ္မွ မဂၤလာဒုံေလတပ္စခန္း၊ ေမွာ္ဘီေလတပ္စခန္း၊ ေမာ္လၿမိဳင္ (ရတခ) တို႔မွMiG – 29 ဘက္စုံသုံး တိုက္ခိုက္ေရးေလယာဥ္ (၂)စီး၊ Yak – 130 အေမာင္းသင္တိုက္ခိုက္ေရး ေလယာဥ္ (၆)စီး၊ Mi – 17 သယ္ယူပို႔ေဆာင္ေရး ရဟတ္ယာဥ္ (၂) စီး၊ MPA ATR-42 ကင္းေထာက္ေလယာဥ္ (၂) စီး အသုံးျပဳကာ Cluster Bomb မ်ား၊

မီးေလာင္ဗုံးမ်ား၊ ေပါင္ (၂၀၀) ႏွင့္ (၅၀၀) ဗုံးမ်ား ၊ ေဝဟင္မွ ေျမျပင္ပစ္ ဒုံးမ်ား၊ စက္လတ္မ်ား အသုံးျပဳတိုက္ခိုက္ခဲ့ပါသည္။ ဥကရစ္ထ တိုက္ပြဲသို႔ အၾကမ္းဖက္စစ္ေကာင္စီ၏ ေလေၾကာင္းတိုက္ခိုက္မႈ စတင္သည့္ ဇြန္လ (၂၇) ရက္ေန႔မွ ဇူလိုင္ (၁) အထိ ေလေၾကာင္းတိုက္ခိုက္မႈ စုစုေပါင္း (၁၂၅) ႀကိမ္ ျပဳလုပ္ခဲ့ပါသည္။

Crd

Unicode

” ဒါမျိုးကတော့ ဒါဘော တို့က ရေစက်ချတာပေါ့ ”

ဇွန်လ (၂၇) ရက်နေ့မှ ဇူလိုင် (၁) အတွင်း လေကြောင်းတိုက်ခိုက်မှု (၁၂၅) ကြိမ် ပြုလုပ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုအတွင်း စစ်ကြောင်းမှူး ဗိုလ်ကြီးဒါဘော တို့၏ မြင်ကွင်းတစ်ချို့အား အမှတ်တရ အဖြစ် ဖော်ပြအပ်ပါသည်။

” ဥကရစ်ထ ခြေကုတ်စခန်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများ ”

ကရင့်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆) နယ်မြေအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဥကရစ်ထ ခြေကုတ်စခန်းအား ပူးပေါင်းတပ်ဖွဲ့များအား သိမ်းပိုက်နိုင်ရေး ကြိုးပမ်းမှုတွင် အကြမ်းဖက် စစ်ကောင်စီ လေတပ်မှ လေကြောင်းပစ်ကူ အသုံးပြု တိုက်ခိုက်ခဲ့ပါသည်။ အဆိုပါ တိုက်ပွဲကာလ တစ်လျှောက် အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှုကြောင့် ကော်ဘရာစစ်သည်တော်များ တစ်စုံတစ်ရာ ထိခိုက်၊ကျဆုံး မရှိခဲ့ပါ။ ဥကရစ်ထ စခန်း တိုက်ပွဲအတွင်း အကြမ်းဖက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

၂၀၂၂ ခုနှစ် ဇွန်လ (၂၇) ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်း (HBI-AFB-VYHB) မှ Yak-130 အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် (၄)စီး ဖြင့် လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၈) ကြိမ် ဖြစ်ပါသည်။

ဇွန်လ (၂၈) ရက် နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်း (HBI-AFB-VYHB) မှ Yak-130 Glob Turbo တိုက်ခိုက်ရေးလေယာဉ် (၅)စီးဖြင့် (၄)ခေါက်၊ လေကြောင်းတိုက်ခိုက်မှုပေါင်း (၁၅) ကြိမ် ဖြစ်ပါသည်။ Mi – 17 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) မှ ဝေါ်လေဗျူဟာကုန်းသို့ တစ်စီးလျှင် ချပ်ဝတ်တန်ဆာနှင့် အပို ခဲယမ်းများတပ်ဆင်ထားသော အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၀) ဦးစီ တင်ဆောင်ကာ စစ်ကူ (၂) ကြိမ် ပေးပို့ခဲ့ပါသည်။

ဇွန်လ (၂၉) ရက်နေ့တွင်လည်း Mi – 17 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် (၂) စီးဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) မှ ဝေါ်လေဗျူဟာကုန်းသို့ တစ်စီးလျှင် ချပ်ဝတ်တန်ဆာနှင့် အပို ခဲယမ်းများတပ်ဆင်ထားသော အကြမ်းဖက် စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂၀) ဦးစီ တင်ဆောင်ကာ စစ်ကူ (၅) ကြိမ် ပေးပို့ခဲ့ပါသည်။

ထို့အပြင် မှော်ဘီလေတပ်စခန်း (HBI-AFB-VYHB) နှင့် မင်္ဂလာဒုံ လေတပ်စခန်း (RGN-AFB-VYYY) မှ Yak-130 အမျိုးအစား အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် (၆)စီး ဖြင့် လည်းကောင်း၊ MiG – 29 ဘက်စုံသုံး တိုက်လေယာဉ် (၂) စီးဖြင့် လေကြောင်းတိုက်ခိုက်မှုပေါင်း (၄၉) ကြိမ် ပြုလုပ်ခဲ့ပါသည်။ အကြမ်းဖက် စစ်ကောင်စီ၏ မင်္ဂလာဒုံ လေတပ်စခန်း (RGN-AFB-VYYY) မှ MPA အမျိုးအစား ATR-42 ကင်းထောက်လေယာဉ်ဖြင့် (၂) ခေါက်၊ နေ့ကော ညပါ ဝဲပျံ၍ ပစ်မှတ်အကဲကြည့်ခဲ့သည်ကို တွေ့ရှိရပါသည်။

ဇွန်လ (၃၀) ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်း (HBI-AFB-VYHB) မှ Yak-130 အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် (၄)စီး၊ MiG – 29 အမျိုးအစား ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် (၂) စီး၊ MPA (ATR – 42) ကင်းထောက် လေယာဉ် တစ်စီး အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုပေါင်း (၂၂) ကြိမ် ပြုလုပ်ခဲ့ပါသည်။

Mi – 17 အမျိုးအစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် (၂) စီးဖြင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (မော်လမြိုင်) မှ ဝေါ်လေဗျူဟာကုန်းသို့ စစ်ကူ (၃) ကြိမ် ပေးပို့ခဲ့ပါသည်။ MiG – 29 တိုက်လေယာဉ်သည် ထိုင်းနိုင်ငံဘက်အခြမ်းသို့ ဝင်ရောက်ပျံသန်းခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပါသည်။

ဇူလိုင်လ (၁) ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ၏ မှော်ဘီလေတပ်စခန်း (HBI-AFB-VYHB) မှ Yak-130 အမောင်းသင်တိုက်ခိုက်ရေးလေယာဉ် (၂)စီး၊ MiG – 29 အမျိုးအစား ဘက်စုံသုံး တိုက်ခိုက်ရေး လေယာဉ် (၁) စီး၊ MPA (ATR – 42) ကင်းထောက် လေယာဉ် တစ်စီး အသုံးပြုကာ လေကြောင်းတိုက်ခိုက်မှုပေါင်း (၃‌၁) ကြိမ် ပြုလုပ်ခဲ့ပါသည်။ Mi – 17 ရဟတ်ယာဉ် တစ်စီးဖြင့် ဝေါ်လေဗျူဟာကုန်းသို့ စစ်ကူ (၂) ကြိမ် ပေးပို့ခဲ့ပါသည်။

အကြမ်းဖက်စစ်ကောင်စီ လေတပ်မှ မင်္ဂလာဒုံလေတပ်စခန်း၊ မှော်ဘီလေတပ်စခန်း၊ မော်လမြိုင် (ရတခ) တို့မှMiG – 29 ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ် (၂)စီး၊ Yak – 130 အမောင်းသင်တိုက်ခိုက်ရေး လေယာဉ် (၆)စီး၊ Mi – 17 သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် (၂) စီး၊ MPA ATR-42 ကင်းထောက်လေယာဉ် (၂) စီး အသုံးပြုကာ Cluster Bomb များ၊

မီးလောင်ဗုံးများ၊ ပေါင် (၂၀၀) နှင့် (၅၀၀) ဗုံးများ ၊ ဝေဟင်မှ မြေပြင်ပစ် ဒုံးများ၊ စက်လတ်များ အသုံးပြုတိုက်ခိုက်ခဲ့ပါသည်။ ဥကရစ်ထ တိုက်ပွဲသို့ အကြမ်းဖက်စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု စတင်သည့် ဇွန်လ (၂၇) ရက်နေ့မှ ဇူလိုင် (၁) အထိ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း (၁၂၅) ကြိမ် ပြုလုပ်ခဲ့ပါသည်။

Crd

Leave a Reply

Your email address will not be published.