ကရင်နီပြည်နယ်တိုက်ပွဲတွင် သေဆုံးသွားသော စစ်တပ်ဒုဗိုလ်မှူး ကြီးရာထူးအဆင့်တံဆိပ် အဆောင် အယောင်များကို ရဲဘော် Buddy တွင် တပ်ဆင်ပေးထား
ရန်ကုန်| ဇူလိုင် ၆
ကရင်နီတိုက်ပွဲမှာ သေဆုံးသွားသော စစ်တပ် ဒုဗိုလ်မှူးကြီးရာထူး အဆင့် အဆောင် အယောင်တွေကို နွေဦးကျန်းမာဆေးရုံရဲ့ရဲဘော်တစ်ဦးဖြစ်တဲ့ Buddyမှာ တပ်ဆင်ပေးထားတာကို ဓာတ်ပုံနဲ့တကွ ဆေးတက္ကသိုလ် (၂) ကျောင်းသားကော်မတီက ထုတ်ပြန်ပါတယ်။




ရဲဘော် Buddy ဟာ သူငယ်ငယ် လက်တစ်ဝါးစာအရွယ်ကတည်းက ဆရာဝန်တွေ လူနာကြည့်လည်းလိုက်၊ စစ်ရှောင်သွားလည်းလိုက် ၊ အကုန် အားကိုးရတဲ့ရဲဘော်ဖြစ်တယ်လို့ ဖော်ပြပါတယ်။
“လက်နက်ကြီး ကျခါနီးဆို အကုန်ပတ်ဟောင်ပြီးနှိုးပေး ဆရာဝန်တွေ မအိပ်ရင် သူမအိပ် တဲ့ရဲဘော်တစ်ဦးပါ” လို့ ဆေးတက္ကသိုလ်(၂) ကျောင်းသားကော်မတီက ပြောပါတယ်။




ရဲဘော် BUDDY ကို တပ်ဆင်ပေးထားတဲ့ အဆောင်အယောင်ဟာ ကရင်နီဒေသ နန်းဖဲ-ထားလဲ ထောက်ပို့ယာဉ်တန်းမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီတပ် ဒုဗိုလ်မှုးကြီး အပွင့်တွေဖြစ်တယ်လို့ ဖော်ပြပါတယ်။
တိုက်ပွဲမှာပါခဲ့ကြတဲ့ တပ်ရင်းတွေကို ပြန်လည်ထောက်ပို့ပေးနိုင်ဖို့ ရဲဘော် Buddy ရဲ့ လည်ပတ်ကို ရန်ပုံငွေရှာဖွေပေးကြနိုင်ဖို့ ကူညီပေးကြဖို့လည်း တိုက်တွန်းထားပါတယ်။
ဓာတ်ပုံ-UM(2)SC
Crd
Unicode
ကရင္နီျပည္နယ္တိုက္ပြဲတြင္ ေသဆုံးသြားေသာ စစ္တပ္ဒုဗိုလ္မႉး ႀကီးရာထူးအဆင့္တံဆိပ္ အေဆာင္ အေယာင္မ်ားကို ရဲေဘာ္ Buddy တြင္ တပ္ဆင္ေပးထား
ရန္ကုန္| ဇူလိုင္ ၆
ကရင္နီတိုက္ပြဲမွာ ေသဆုံးသြားေသာ စစ္တပ္ ဒုဗိုလ္မႉးႀကီးရာထူး အဆင့္ အေဆာင္ အေယာင္ေတြကို ေႏြဦးက်န္းမာေဆး႐ုံရဲ့ရဲေဘာ္တစ္ဦးျဖစ္တဲ့ Buddyမွာ တပ္ဆင္ေပးထားတာကို ဓာတ္ပုံနဲ႔တကြ ေဆးတကၠသိုလ္ (၂) ေက်ာင္းသားေကာ္မတီက ထုတ္ျပန္ပါတယ္။




ရဲေဘာ္ Buddy ဟာ သူငယ္ငယ္ လက္တစ္ဝါးစာအရြယ္ကတည္းက ဆရာဝန္ေတြ လူနာၾကည့္လည္းလိုက္၊ စစ္ေရွာင္သြားလည္းလိုက္ ၊ အကုန္ အားကိုးရတဲ့ရဲေဘာ္ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။
“လက္နက္ႀကီး က်ခါနီးဆို အကုန္ပတ္ေဟာင္ၿပီးႏွိုးေပး ဆရာဝန္ေတြ မအိပ္ရင္ သူမအိပ္ တဲ့ရဲေဘာ္တစ္ဦးပါ” လို႔ ေဆးတကၠသိုလ္(၂) ေက်ာင္းသားေကာ္မတီက ေျပာပါတယ္။




ရဲေဘာ္ BUDDY ကို တပ္ဆင္ေပးထားတဲ့ အေဆာင္အေယာင္ဟာ ကရင္နီေဒသ နန္းဖဲ-ထားလဲ ေထာက္ပို႔ယာဥ္တန္းမွာ ေသဆုံးခဲ့တဲ့ စစ္ေကာင္စီတပ္ ဒုဗိုလ္မႈးႀကီး အပြင့္ေတြျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။
တိုက္ပြဲမွာပါခဲ့ၾကတဲ့ တပ္ရင္းေတြကို ျပန္လည္ေထာက္ပို႔ေပးနိုင္ဖို႔ ရဲေဘာ္ Buddy ရဲ့ လည္ပတ္ကို ရန္ပုံေငြရွာေဖြေပးၾကနိုင္ဖို႔ ကူညီေပးၾကဖို႔လည္း တိုက္တြန္းထားပါတယ္။
ဓာတ္ပုံ-UM(2)SC
Crd