“PDF များ၏ ဒရုန်းတိုက်ခိုက်မှုကို စိုးရိမ်သဖြင့် စစ်ကောင်စီက လေတပ်စခန်းနှင့် အရေးကြီးသည့် နေရာများတွင် Jammer များ တပ်ဆင်ထား”
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) များက ဒရုန်းအသုံးပြု၍ စစ်ကောင်စီစခန်းများကို ဗုံးကြဲ တိုက်ခိုက်မှု များပြားလာသောကြောင့် လေတပ်စခန်းနှင့် အရေးကြီးသည့် နေရာများတွင် ဒရုန်းကို ဖျက်ချနိုင်သည့် Jammer များကို အရေးပေါ်တပ်ဆင်လာသည်ဟု လေတပ်တွင် တာဝန်ထမ်းဆောင်ခဲ့သည့် စစ်သား CDM တစ်ဦးက သံလွင်ခက်ကို ပြောသည်။




သူက “ အရင်ကဆိုရင် Jammer တွေ မရှိဘူးဗျ။ လူကြီးလမ်းကြောင်းတွေမှာပဲ သုံးတာ များတယ်။ PDF တွေ ဒရုန်းနဲ့တိုက်ခိုက်တာတွေ များလာတော့မှ Jammer တွေ တပ်ထားတာ။ လေတပ်စခန်းတွေမှာ တပ်တယ်။ စစ်ဌာနချုပ်တွေမှာ တပ်တယ်။ အရေးကြီးတဲ့ နေရာ အတော်များများမှာ တပ်ထားတယ်” ဟုဆိုသည်။
Jammer သည် ရေဒီယိုလှိုင်းများကို ဖြတ်တောက်နိုင်ပြီး ဒရုန်းပျံသန်းမှုများကို တာဆီးနိုင်သည်။ ယခင်က တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာနမှ ထုတ်လုပ်သည့် Jammer များကို အသုံးပြုသော်လည်း ယခုနောက်ပိုင်းကာလများတွင် တရုတ်နိုင်ငံက ထုတ်လုပ်သည့် Jammer များကို အသုံးပြုထားသည်ဟု တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ CDM အရာရှိတစ်ဦးက ပြောသည်။




“Jammer ဆိုတာ အမျိုးမျိုး ရှိတယ်။ ၃၀၆ ဒီဂရီ၊ ၅၀ ဒီဂရီ၊ ၁၀၀ ဒီဂရီ အမျိုးမျိုး ရှိတယ်။ ဒရုန်းက လာတဲ့ ဆူညံသံကို ဖမ်းပြီး ဆားကတ်က ထွက်လာတဲ့ signal ကို ဖြတ်ချပစ်တာ။ အဲဒီလိုဆိုတော့ ဒရုန်းကို ထိန်းချုပ်တဲ့ ခလုတ်က ထိန်းချုပ်လို့ မရတော့ဘူး။ မီတာ ၅၀၀ အထိ ထိန်းချုပ်နိုင်တယ်” ဟု CDM အရာရှိက ဆိုသည်။
မန္တလေးတိုင်း ၊ သပိတ်ကျင်းမြို့နယ်ရှိ တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန (သလန- ၁)၊ မကွေးတိုင်း ၊ ပခုက္ကူကူခရိုင် မြိုင်မြို့နယ်ရှိ တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန (သလန-၂)၊ မန္တလေးတိုင်း ပြင်ဦးလွင်မြို့နယ် တပ်မတော်သိပ္ပံနှင့် နည်းပညာသုတေသနဌာန (သလန-၃) တို့မှ စစ်ကောင်စီက အသုံးပြုနေသည့် Jammer များကို ထုတ်လုပ်လျက်ရှိသည်ဟု CDM အရာရှိက သံလွင်ခက်ကို ပြောသည်။




ပုံစာ- ဒရုန်းပျံသန်းမှုကို တားဆီးရန် လေတပ်စခန်းများတွင် အသုံးပြုသည့် Jammer တစ်မျိုး။
သံလွင်ခက် (5 Jul 2022)
Crd
Unicode
“PDF မ်ား၏ ဒ႐ုန္းတိုက္ခိုက္မႈကို စိုးရိမ္သျဖင့္ စစ္ေကာင္စီက ေလတပ္စခန္းႏွင့္ အေရးႀကီးသည့္ ေနရာမ်ားတြင္ Jammer မ်ား တပ္ဆင္ထား”
ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ (PDF) မ်ားက ဒ႐ုန္းအသုံးျပဳ၍ စစ္ေကာင္စီစခန္းမ်ားကို ဗုံးၾကဲ တိုက္ခိုက္မႈ မ်ားျပားလာေသာေၾကာင့္ ေလတပ္စခန္းႏွင့္ အေရးႀကီးသည့္ ေနရာမ်ားတြင္ ဒ႐ုန္းကို ဖ်က္ခ်နိုင္သည့္ Jammer မ်ားကို အေရးေပၚတပ္ဆင္လာသည္ဟု ေလတပ္တြင္ တာဝန္ထမ္းေဆာင္ခဲ့သည့္ စစ္သား CDM တစ္ဦးက သံလြင္ခက္ကို ေျပာသည္။




သူက “ အရင္ကဆိုရင္ Jammer ေတြ မရွိဘူးဗ်။ လူႀကီးလမ္းေၾကာင္းေတြမွာပဲ သုံးတာ မ်ားတယ္။ PDF ေတြ ဒ႐ုန္းနဲ႔တိုက္ခိုက္တာေတြ မ်ားလာေတာ့မွ Jammer ေတြ တပ္ထားတာ။ ေလတပ္စခန္းေတြမွာ တပ္တယ္။ စစ္ဌာနခ်ဳပ္ေတြမွာ တပ္တယ္။ အေရးႀကီးတဲ့ ေနရာ အေတာ္မ်ားမ်ားမွာ တပ္ထားတယ္” ဟုဆိုသည္။
Jammer သည္ ေရဒီယိုလွိုင္းမ်ားကို ျဖတ္ေတာက္နိုင္ၿပီး ဒ႐ုန္းပ်ံသန္းမႈမ်ားကို တာဆီးနိုင္သည္။ ယခင္က တပ္မေတာ္သိပၸံႏွင့္ နည္းပညာသုေတသနဌာနမွ ထုတ္လုပ္သည့္ Jammer မ်ားကို အသုံးျပဳေသာ္လည္း ယခုေနာက္ပိုင္းကာလမ်ားတြင္ တ႐ုတ္နိုင္ငံက ထုတ္လုပ္သည့္ Jammer မ်ားကို အသုံးျပဳထားသည္ဟု တပ္မေတာ္သိပၸံႏွင့္ နည္းပညာသုေတသနဌာနတြင္ တာဝန္ထမ္းေဆာင္ခဲ့ဖူးသူ CDM အရာရွိတစ္ဦးက ေျပာသည္။




“Jammer ဆိုတာ အမ်ိဳးမ်ိဳး ရွိတယ္။ ၃၀၆ ဒီဂရီ၊ ၅၀ ဒီဂရီ၊ ၁၀၀ ဒီဂရီ အမ်ိဳးမ်ိဳး ရွိတယ္။ ဒ႐ုန္းက လာတဲ့ ဆူညံသံကို ဖမ္းၿပီး ဆားကတ္က ထြက္လာတဲ့ signal ကို ျဖတ္ခ်ပစ္တာ။ အဲဒီလိုဆိုေတာ့ ဒ႐ုန္းကို ထိန္းခ်ဳပ္တဲ့ ခလုတ္က ထိန္းခ်ဳပ္လို႔ မရေတာ့ဘူး။ မီတာ ၅၀၀ အထိ ထိန္းခ်ဳပ္နိုင္တယ္” ဟု CDM အရာရွိက ဆိုသည္။
မႏၲေလးတိုင္း ၊ သပိတ္က်င္းၿမိဳ႕နယ္ရွိ တပ္မေတာ္သိပၸံႏွင့္ နည္းပညာသုေတသနဌာန (သလန- ၁)၊ မေကြးတိုင္း ၊ ပခုကၠဴကူခရိုင္ ၿမိဳင္ၿမိဳ႕နယ္ရွိ တပ္မေတာ္သိပၸံႏွင့္ နည္းပညာသုေတသနဌာန (သလန-၂)၊ မႏၲေလးတိုင္း ျပင္ဦးလြင္ၿမိဳ႕နယ္ တပ္မေတာ္သိပၸံႏွင့္ နည္းပညာသုေတသနဌာန (သလန-၃) တို႔မွ စစ္ေကာင္စီက အသုံးျပဳေနသည့္ Jammer မ်ားကို ထုတ္လုပ္လ်က္ရွိသည္ဟု CDM အရာရွိက သံလြင္ခက္ကို ေျပာသည္။




ပုံစာ- ဒ႐ုန္းပ်ံသန္းမႈကို တားဆီးရန္ ေလတပ္စခန္းမ်ားတြင္ အသုံးျပဳသည့္ Jammer တစ္မ်ိဳး။
သံလြင္ခက္ (5 Jul 2022)
Crd