ဒေါ်အောင်ဆန်းစုကြည်ပစ္စည်းများခြံအမှတ်၅၄ကိုပြောင်းရွှေ့ ၊ထိုက်ချီတိုလည်းရန်ကုန်အိမ်ရောက်ရှိ
စွပ်စွဲခံထားရတဲ့အဂတိအမှုတချို့အတွက် ဒီကနေ့ဒေါ်အောင်ဆန်းစုကြည် ထွက်ဆို




ထောင်တွင်းပြောင်းရွှေ့ခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ရဲ့ နေပြည်တော်မြနန်းဘုံသာနေအိမ်ကပစ္စည်းတွေကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရန်ကုန်က နေအိမ်ဖြစ်တဲ့ ခြံနံပါတ် ၅၄ ကို ပြန်လည်ပို့ဆောင်လိုက်ပြီလို့ နီးစပ်သူတွေထံကသိရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အချစ်တော်ခွေးလေးထိုက်ချီတိုတို့လည်း ရန်ကုန်နေအိမ်မှာ ပြန်လည်ထားရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
” နဂိုကတည်းက သူထောင်ထဲသွားရမယ်ဆိုရင် သူပစ္စည်းတွေကို ရန်ကုန်အိမ်ကိုရွှေ့ဖို့စီစဥ်ထားတာပါ။ ပြီးခဲ့တဲ့စနေနေ့က ရန်ကုန်အိမ်ကိုအကုန်ရွှေ့လိုက်ပါပြီ။ ထိုက်ချီတိုလည်းပါတယ်။ စစ်ကောင်စီနေအိမ်အကျယ်ချုပ်မှာအတူနေခဲ့သူတွေကပဲ ဆက်စောင့်ရှောက်မယ်ထင်ပါတယ်။ အသေးစိတ်တော့မသိရပေမဲ့ ပစ္စည်းတွေရွှေ့လိုက်တာသေချာပါတယ်” လို့ နီးစပ်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။




ဒီကနေ့ ဇူလိုင်၅ရက် မှာတော့ နေပြည်တော်က လရောင် တောမြေနေရာကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲခံထားရတဲ့အဂတိအမှုအတွက်စွပ်စွဲခံရသူဒေါ်အောင်ဆန်းစုကြည်ကိုနှစ်ဖက်ရှေ့နေတွေက နေပြည်တော်အချုပ်ထောင် ထောင်တွင်းတရားရုံးမှာစစ်ဆေးခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သူ့မှာ အပြစ်မရှိကြောင်းနဲ့ ဥပဒေနဲ့ အညီသာဆောင်ရွက်ခဲ့ကြောင်းထွက်ဆိုခဲ့တယ်လို့ ထောင်တွင်းတရားရုံးနဲ့နီးစပ်သူတွေကပြောပါတယ်။




နေပြည်တော် ပုဗ္ဗသီရိမြို့နယ်ရာဇသင်္ဂဟလမ်းမကြီးဘေးမှာရှိတဲ့ လရောင်တောမြေနေရာကိုဒေါ်ခင်ကြည်ဖောင်ဒေရှင်းမြေနေရာအတွက် နေပြည်တော်စည်ပင်သာယာရေးကော်မတီက ဂရန်ချ ထားပေးခဲ့တဲ့အပေါ်မှာ စစ်ကောင်စီက မသမာမှုတွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီကနေ့ မှာတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကောင်းမွန်ပြီး ပြည်သူတွေရဲ့ အခြေအနေတွေကို မေးမြန်းတာရှိတယ်လို့ ဆိုပါတယ်။
ဘီဘီစီမြန်မာပိုင်း
Crd
Unicode
ေဒၚေအာင္ဆန္းစုၾကည္ပစၥည္းမ်ားၿခံအမွတ္၅၄ကိုေျပာင္းေရႊ႕ ၊ထိုက္ခ်ီတိုလည္းရန္ကုန္အိမ္ေရာက္ရွိ
စြပ္စြဲခံထားရတဲ့အဂတိအမႈတခ်ိဳ႕အတြက္ ဒီကေန႔ေဒၚေအာင္ဆန္းစုၾကည္ ထြက္ဆို




ေထာင္တြင္းေျပာင္းေရႊ႕ခံထားရတဲ့ နိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ရဲ့ ေနျပည္ေတာ္ျမနန္းဘုံသာေနအိမ္ကပစၥည္းေတြကို ေဒၚေအာင္ဆန္းစုၾကည္ရဲ့ ရန္ကုန္က ေနအိမ္ျဖစ္တဲ့ ၿခံနံပါတ္ ၅၄ ကို ျပန္လည္ပို႔ေဆာင္လိုက္ၿပီလို႔ နီးစပ္သူေတြထံကသိရပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ အခ်စ္ေတာ္ေခြးေလးထိုက္ခ်ီတိုတို႔လည္း ရန္ကုန္ေနအိမ္မွာ ျပန္လည္ထားရွိထားၿပီးျဖစ္တယ္လို႔ ဆိုပါတယ္။
” နဂိုကတည္းက သူေထာင္ထဲသြားရမယ္ဆိုရင္ သူပစၥည္းေတြကို ရန္ကုန္အိမ္ကိုေရႊ႕ဖို႔စီစဥ္ထားတာပါ။ ၿပီးခဲ့တဲ့စေနေန႔က ရန္ကုန္အိမ္ကိုအကုန္ေရႊ႕လိုက္ပါၿပီ။ ထိုက္ခ်ီတိုလည္းပါတယ္။ စစ္ေကာင္စီေနအိမ္အက်ယ္ခ်ဳပ္မွာအတူေနခဲ့သူေတြကပဲ ဆက္ေစာင့္ေရွာက္မယ္ထင္ပါတယ္။ အေသးစိတ္ေတာ့မသိရေပမဲ့ ပစၥည္းေတြေရႊ႕လိုက္တာေသခ်ာပါတယ္” လို႔ နီးစပ္သူတစ္ဦးက ဘီဘီစီကိုေျပာပါတယ္။




ဒီကေန႔ ဇူလိုင္၅ရက္ မွာေတာ့ ေနျပည္ေတာ္က လေရာင္ ေတာေျမေနရာကိစၥနဲ႔ပတ္သက္ၿပီး စြပ္စြဲခံထားရတဲ့အဂတိအမႈအတြက္စြပ္စြဲခံရသူေဒၚေအာင္ဆန္းစုၾကည္ကိုႏွစ္ဖက္ေရွ႕ေနေတြက ေနျပည္ေတာ္အခ်ဳပ္ေထာင္ ေထာင္တြင္းတရား႐ုံးမွာစစ္ေဆးခဲ့ပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္က သူ႔မွာ အျပစ္မရွိေၾကာင္းနဲ႔ ဥပေဒနဲ႔ အညီသာေဆာင္ရြက္ခဲ့ေၾကာင္းထြက္ဆိုခဲ့တယ္လို႔ ေထာင္တြင္းတရား႐ုံးနဲ႔နီးစပ္သူေတြကေျပာပါတယ္။




ေနျပည္ေတာ္ ပုဗၺသီရိၿမိဳ႕နယ္ရာဇသဂၤဟလမ္းမႀကီးေဘးမွာရွိတဲ့ လေရာင္ေတာေျမေနရာကိုေဒၚခင္ၾကည္ေဖာင္ေဒရွင္းေျမေနရာအတြက္ ေနျပည္ေတာ္စည္ပင္သာယာေရးေကာ္မတီက ဂရန္ခ် ထားေပးခဲ့တဲ့အေပၚမွာ စစ္ေကာင္စီက မသမာမႈေတြရွိတယ္ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ တရားစြဲဆိုထားတာျဖစ္ပါတယ္။
ဒီကေန႔ မွာေတာ့ ေဒၚေအာင္ဆန္းစုၾကည္ရဲ့ က်န္းမာေရးေကာင္းမြန္ၿပီး ျပည္သူေတြရဲ့ အေျခအေနေတြကို ေမးျမန္းတာရွိတယ္လို႔ ဆိုပါတယ္။
ဘီဘီစီျမန္မာပိုင္း
Crd