စစ်ကြောရေးက ထွက်ပြေးလာတဲ့ လူငယ် ၃ ဦးမှာ ၂ ဦး လွတ်မြောက်ပြီး ၁ ဦးပြန်ဖမ်းခံရ
မြေလတ်အသံ၊ ဇူလိုင် ၅၊ ၂၀၂၂။
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ခေါင်းဆောင်တဦးနဲ့ ဒီပဲယင်းနယ်ခံ လူငယ် ၂ ဦးတို့ ဖမ်းဆီးခံရပြီး စစ်ကြောရေးက ထွက်ပြေးလာချိန်မှာ ၁ ဦး ပြန်ဖမ်းခံရပြီး သေဆုံးသွားပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။




ဇူလိုင်လ ၂ ရက်က ဘုတလင်မြို့နဲ့ ဒီပဲယင်းမြို့နယ်ကြား ကတိုးရွာအနီးမှာ ချင်းတွင်းမြစ်အနောက်ဘက်ကမ်းလူငယ်သပိတ်ခေါင်းဆောင် ဝင်းမိုးဇော်(ခ) အဝင်းလေးနဲ့အတူ ဒီပဲယင်းနယ်ခံ လူငယ် ၂ ဦးတို့ စစ်ကောင်စီကင်းပုန်းနဲ့ ထိပ်တိုက်တိုးပြီး ဖမ်းဆီးခံခဲ့ရတယ်လို့ မုံရွာပင်မသပိတ်စစ်ကြောင်းကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ် ဝင်းမိုးဇော်နဲ့အတူ ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၂ ဦးတို့ကို ဘုတလင်မြို့နယ် ကူတော်ကျေးရွာရဲစခန်းမှာ နှိပ်စက်စစ်ဆေးခံရပြီး ဇူလိုင်လ ၃ ရက် မနက်မှာ သူတို့ ၃ ဦး ထွက်ပြေးခဲ့ကြပြီး ၂ ဦး လွတ်မြောက်လာခဲ့တယ်လို့ ပြောပါတယ်။




“သူတို့ ၃ ယောက်မှာ လွတ်လာတဲ့ ၂ ယောက်ထဲက တယောက်က ကြိုးဖြည်သွားတယ်။ ကြိုးဖြည်တော့ ဘေးကတယောက်ကို အရင်ကြိုးဖြေပေးတယ်။ ပြီးတော့ ဝင်းမိုးဇော်ကို သူတို့ ၂ ယောက်သွားပြီး ဖြေပေးတယ်။ ဖြေပေးတဲ့ အချိန်မှာ ဝင်းမိုးဇော်က မျက်လုံးကိုလည်း ကြိုးစည်းခံထားရတယ်။ လက်ကိုလည်း နောက်ပြန်ကြိုးတုတ်ခံထားရတယ်။ အဲ့ချိန်မှာ သူတို့ နှိုးပြီးတော့ ကြိုးဖြေပေးတယ်။ ပြီးတော့ ထွက်ပြေးကြမယ်ဆိုပြီး တနှစ်သုံး တိုင်ပင်ခေါ်ပြီး ထွက်ပြေးခဲ့ကြတယ်” လို့ ပြောပါတယ်။
လွတ်မြောက်ပြီးလို့ထင်ရတဲ့ ကွင်းပြင်တနေရာ အရောက်မှာ နောက်လှည့်ကြည့်ချိန် ဝင်းမိုးဇော်မပါလာပဲ သူတို့ ၂ ဦးတည်း ဖြစ်နေတာကို သိလိုက်ရကြောင်း ပြန်ပြောပြတယ်လို့ သိရပါတယ်။




လွတ်မြောက်လာသူ ၂ ဦးကတော့ ဘေးကင်းတဲ့နေရာ ရောက်နေပြီဖြစ်ပေမယ့် ထွက်မပြေးနိုင်ပဲ ကျန်နေခဲ့တဲ့ ဝင်းမိုးဇော်ကတော့ ပြန်အဖမ်းခံရပြီး စစ်ကြောရေးမှာ သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပြီး အတည်မပြုနိုင်သေးဘူးလို့ သိရပါတယ်။
#မြေလတ်အသံ
Crd
Unicode
စစ္ေၾကာေရးက ထြက္ေျပးလာတဲ့ လူငယ္ ၃ ဦးမွာ ၂ ဦး လြတ္ေျမာက္ၿပီး ၁ ဦးျပန္ဖမ္းခံရ
ေျမလတ္အသံ၊ ဇူလိုင္ ၅၊ ၂၀၂၂။
စစ္ကိုင္းတိုင္း၊ ခ်င္းတြင္းျမစ္အေနာက္ဘက္ကမ္း သပိတ္ေခါင္းေဆာင္တဦးနဲ႔ ဒီပဲယင္းနယ္ခံ လူငယ္ ၂ ဦးတို႔ ဖမ္းဆီးခံရၿပီး စစ္ေၾကာေရးက ထြက္ေျပးလာခ်ိန္မွာ ၁ ဦး ျပန္ဖမ္းခံရၿပီး ေသဆုံးသြားၿပီလို႔ သတင္းေတြ ထြက္ေပၚေနပါတယ္။




ဇူလိုင္လ ၂ ရက္က ဘုတလင္ၿမိဳ႕နဲ႔ ဒီပဲယင္းၿမိဳ႕နယ္ၾကား ကတိုးရြာအနီးမွာ ခ်င္းတြင္းျမစ္အေနာက္ဘက္ကမ္းလူငယ္သပိတ္ေခါင္းေဆာင္ ဝင္းမိုးေဇာ္(ခ) အဝင္းေလးနဲ႔အတူ ဒီပဲယင္းနယ္ခံ လူငယ္ ၂ ဦးတို႔ စစ္ေကာင္စီကင္းပုန္းနဲ႔ ထိပ္တိုက္တိုးၿပီး ဖမ္းဆီးခံခဲ့ရတယ္လို႔ မုံရြာပင္မသပိတ္စစ္ေၾကာင္းေကာ္မတီ တာဝန္ရွိသူတဦးက ေျပာပါတယ္။
အသက္ ၁၉ ႏွစ္အရြယ္ ဝင္းမိုးေဇာ္နဲ႔အတူ ဖမ္းဆီးခံလိုက္ရတဲ့ လူငယ္ ၂ ဦးတို႔ကို ဘုတလင္ၿမိဳ႕နယ္ ကူေတာ္ေက်းရြာရဲစခန္းမွာ ႏွိပ္စက္စစ္ေဆးခံရၿပီး ဇူလိုင္လ ၃ ရက္ မနက္မွာ သူတို႔ ၃ ဦး ထြက္ေျပးခဲ့ၾကၿပီး ၂ ဦး လြတ္ေျမာက္လာခဲ့တယ္လို႔ ေျပာပါတယ္။




“သူတို႔ ၃ ေယာက္မွာ လြတ္လာတဲ့ ၂ ေယာက္ထဲက တေယာက္က ႀကိဳးျဖည္သြားတယ္။ ႀကိဳးျဖည္ေတာ့ ေဘးကတေယာက္ကို အရင္ႀကိဳးေျဖေပးတယ္။ ၿပီးေတာ့ ဝင္းမိုးေဇာ္ကို သူတို႔ ၂ ေယာက္သြားၿပီး ေျဖေပးတယ္။ ေျဖေပးတဲ့ အခ်ိန္မွာ ဝင္းမိုးေဇာ္က မ်က္လုံးကိုလည္း ႀကိဳးစည္းခံထားရတယ္။ လက္ကိုလည္း ေနာက္ျပန္ႀကိဳးတုတ္ခံထားရတယ္။ အဲ့ခ်ိန္မွာ သူတို႔ ႏွိုးၿပီးေတာ့ ႀကိဳးေျဖေပးတယ္။ ၿပီးေတာ့ ထြက္ေျပးၾကမယ္ဆိုၿပီး တႏွစ္သုံး တိုင္ပင္ေခၚၿပီး ထြက္ေျပးခဲ့ၾကတယ္” လို႔ ေျပာပါတယ္။
လြတ္ေျမာက္ၿပီးလို႔ထင္ရတဲ့ ကြင္းျပင္တေနရာ အေရာက္မွာ ေနာက္လွည့္ၾကည့္ခ်ိန္ ဝင္းမိုးေဇာ္မပါလာပဲ သူတို႔ ၂ ဦးတည္း ျဖစ္ေနတာကို သိလိုက္ရေၾကာင္း ျပန္ေျပာျပတယ္လို႔ သိရပါတယ္။




လြတ္ေျမာက္လာသူ ၂ ဦးကေတာ့ ေဘးကင္းတဲ့ေနရာ ေရာက္ေနၿပီျဖစ္ေပမယ့္ ထြက္မေျပးနိုင္ပဲ က်န္ေနခဲ့တဲ့ ဝင္းမိုးေဇာ္ကေတာ့ ျပန္အဖမ္းခံရၿပီး စစ္ေၾကာေရးမွာ ေသဆုံးသြားၿပီဆိုတဲ့ သတင္းေတြ ထြက္ေပၚေနၿပီး အတည္မျပဳနိုင္ေသးဘူးလို႔ သိရပါတယ္။
#ေျမလတ္အသံ
Crd