KNU တိုက်နေတဲ့ ဥကရစ်ထစခန်း ဘယ်လောက် အရေးပါလဲ (ရုပ်/သံ)

News

KNU တိုက္ေနတဲ့ ဥကရစ္ထစခန္း ဘယ္ေလာက္ အေရးပါလဲ (႐ုပ္/သံ)

ဧရာ၀တီ၊ ဇူလိုင္ ၄၊ ၂၀၂၂

ကရင္ျပည္နယ္၊ ျမ၀တီၿမိဳ႕ ေတာင္ဘက္ ၃ မိုင္ခန႔္အကြာက ဥကရစ္ထ စခန္းသိမ္းတိုက္ပြဲဟာ တပတ္ေက်ာ္ ၾကာျမင့္လာၿပီ ျဖစ္ေပမယ့္ ႏွစ္ဖက္တိုက္ပြဲ ျပင္းထန္ေနဆဲျဖစ္ၿပီး၊ စစ္ေကာင္စီေရာ၊ KNLA/ KNDO ဦးစီးတဲ့ ျပည္သူ႔ကာကြယ္ေရး ပူးေပါင္းတပ္ ႏွစ္ဘက္စလုံးမွာပါ ထိခိုက္က်ဆုံးမႈေတြ ရွိေနတယ္လို႔ စစ္ေျမျပင္ သတင္းအခ်က္ အလက္ေတြအရ သိရပါတယ္။

ေဝါေလေဒသ ဥကရစ္ထ စစ္ေကာင္စီ စစ္ဆင္ေရး ေျခကုတ္စခန္းကို ဇြန္လ ၂၆ ရက္ နံနက္ပိုင္းက ကရင္အမ်ိဳးသား လြတ္ေျမာက္ေရး တပ္မေတာ္ (KNLA) က ဦးေဆာင္ၿပီး KNDO အထူးကြန္မန္ဒို တပ္ရင္းက ဗိုလ္မႉးေစာဝင္းျမင့္ ဦးစီးတဲ့ ဆင္ျဖဴစစ္ ေၾကာင္း၊ ဗိုလ္အယ္ေစးဝါး ဦးေဆာင္တဲ့ ေကာ္ဘရာစစ္ေၾကာင္းတို႔က ပူးေပါင္းတိုက္ခိုက္ေနတာ ျဖစ္ပါတယ္။

အဲ့ဒီ ဥကရစ္ထ စစ္ဆင္ေရး ေျခကုတ္စခန္းဟာ ျမဝတီ၊ ေသ့ေဘာဘိုး၊ ေဝါေလၿမိဳ႕သစ္အဝင္ လမ္းဆုံေနရာမွာ တည္ေဆာက္ ထားၿပီး၊ ခံစစ္နဲ႔ နယ္ျခားစစ္ဗ်ဴဟာ လက္ေအာက္ခံ အေျခခ်စစ္စခန္း တခု ျဖစ္တယ္လို႔ သိရပါတယ္။

လက္ရွိမွာ ျပည္သူ႔ကာကြယ္ေရး ပူေပါင္းတပ္ဖြဲ႕ေတြဟာ ဥကရစ္ထ စစ္ဆင္ေရး ေျခကုတ္စခန္း အနီးဝန္းက်င္က တပ္စခန္း ေနရာအခ်ိဳ႕ကို သိမ္းယူထားႏိုင္ၿပီး၊ ဥကရစ္ထ စစ္ဆင္ေရး ေျခကုတ္စခန္းကို သိမ္းပိုက္ႏိုင္ဖို႔ ဆက္လက္တိုက္ခိုက္ေနၾကတာ ျဖစ္ပါတယ္။

ကရင္အမ်ိဳးသား အစည္းအ႐ုံး (KNU) ဦးေဆာင္တဲ့ ပူးေပါင္းတပ္ဖြဲ႕ေတြဟာ KNLA တပ္မဟာ ၆ နယ္ေျမအတြင္းက စစ္ေကာင္စီ တပ္စခန္း (၅) ခုကို သိမ္းယူထားတယ္လို႔ သိရပါတယ္။

Crd

Unicode

KNU တိုက်နေတဲ့ ဥကရစ်ထစခန်း ဘယ်လောက် အရေးပါလဲ (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၄၊ ၂၀၂၂

ကရင်ပြည်နယ်၊ မြဝတီမြို့ တောင်ဘက် ၃ မိုင်ခန့်အကွာက ဥကရစ်ထ စခန်းသိမ်းတိုက်ပွဲဟာ တပတ်ကျော် ကြာမြင့်လာပြီ ဖြစ်ပေမယ့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေဆဲဖြစ်ပြီး၊ စစ်ကောင်စီရော၊ KNLA/ KNDO ဦးစီးတဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ် နှစ်ဘက်စလုံးမှာပါ ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့ စစ်မြေပြင် သတင်းအချက် အလက်တွေအရ သိရပါတယ်။

ဝေါလေဒေသ ဥကရစ်ထ စစ်ကောင်စီ စစ်ဆင်ရေး ခြေကုတ်စခန်းကို ဇွန်လ ၂၆ ရက် နံနက်ပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) က ဦးဆောင်ပြီး KNDO အထူးကွန်မန်ဒို တပ်ရင်းက ဗိုလ်မှူးစောဝင်းမြင့် ဦးစီးတဲ့ ဆင်ဖြူစစ် ကြောင်း၊ ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ ကော်ဘရာစစ်ကြောင်းတို့က ပူးပေါင်းတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

အဲ့ဒီ ဥကရစ်ထ စစ်ဆင်ရေး ခြေကုတ်စခန်းဟာ မြဝတီ၊ သေ့ဘောဘိုး၊ ဝေါလေမြို့သစ်အဝင် လမ်းဆုံနေရာမှာ တည်ဆောက် ထားပြီး၊ ခံစစ်နဲ့ နယ်ခြားစစ်ဗျူဟာ လက်အောက်ခံ အခြေချစစ်စခန်း တခု ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာ ပြည်သူ့ကာကွယ်ရေး ပူပေါင်းတပ်ဖွဲ့တွေဟာ ဥကရစ်ထ စစ်ဆင်ရေး ခြေကုတ်စခန်း အနီးဝန်းကျင်က တပ်စခန်း နေရာအချို့ကို သိမ်းယူထားနိုင်ပြီး၊ ဥကရစ်ထ စစ်ဆင်ရေး ခြေကုတ်စခန်းကို သိမ်းပိုက်နိုင်ဖို့ ဆက်လက်တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။

ကရင်အမျိုးသား အစည်းအရုံး (KNU) ဦးဆောင်တဲ့ ပူးပေါင်းတပ်ဖွဲ့တွေဟာ KNLA တပ်မဟာ ၆ နယ်မြေအတွင်းက စစ်ကောင်စီ တပ်စခန်း (၅) ခုကို သိမ်းယူထားတယ်လို့ သိရပါတယ်။

Crd

Leave a Reply

Your email address will not be published.