ရန်ကုန်မှာ ဒီမနက် ငလျင်လှုပ်ခတ်သွားတာကို သိရှိပါသလား။

News

ရန်ကုန်မှာ ဒီမနက် ငလျင်လှုပ်ခတ်သွားတာကို သိရှိပါသလား။

ရန်ကုန်က ဘယ်မြို့နယ်တွေမှာ ငလျင်လှုပ်ခတ်တာကို ခံစားသိရှိရပါသလဲ။ မှတ်ချက်မှာ လာရောက်မျှ၀ေပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်။
အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု ဒီနေ့ဇူလိုင် ၅ ရက်မနက် ၈ နာရီမထိုးခင်မှာ လှုပ်ခတ်သွားတယ်လို့ ငလျင်လှုပ်တာကိုခံစားသိရှိသူတွေက လူမှုကွန်ရက်မှာပြောနေကြပါတယ်။ ဒီလှုပ်ခတ်မှုကို သာကေတ၊ အင်းစိန်၊ စမ်းချောင်း၊ ကမာရွတ် စတဲ့ ရန်ကုန်မြို့တွင်းက မြို့နယ်နေသူ အတော်များများ သိရှိလိုက်ကြတယ်လို့ သိရပါတယ်။

မိမိတို့နေထိုင်ရာ မြို့နယ် နေရာ ဒေသမှာ ဒီမနက်လှုပ်ခတ်တဲ့ငလျင်ကိုခံစားသိရှိလိုက်ကြတာရှိရင်မှတ်ချက်မှာလာရောက်မျှေ၀ေရေးသားပေးကြဖို့လေးစားစွာဖိတ်ခေါ်အပ်ပါတယ်။

ဓာတ်ပုံ-ရွှေအင်းသားခင်မောင်၀င်း
ပုံစာ-ရန်ကုန်မြို့တစ်နေရာ/ပုံဟောင်း
ရန်ကုန်တွင် ငလျင်လှုပ်ပြီး ပြည်သူအများစု သိရှိလိုက်ရ၊ လှိုင်မြို့နယ်ကို ဗဟိုပြု၍ ရစ်ချက်တာစကေး ၃ အဆင့်ရှိ ငလျင်လှုပ်

ရန်ကုန်၊ ဇူလိုင် ၅

ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အများစုတွင် ယနေ့ နံနက် ၇ နာရီ ၃၇ မိနစ်အချိန်တွင် ငလျင်တစ်ခု လှုပ်ခတ်သွားပြီး ပြည်သူအများစု သိရှိလိုက်ရကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုသည်။

“ငလျင်တော်တော်လှုပ်သွားတယ်။ တိုက်တွေ အိမ်တွေများ ပြိုကျမတတ် လှုပ်ခတ်သွားပါတယ်။ အိမ်မှာရှိတဲ့သူတွေ တချို့ဆို ​ခေါင်းမူး​နောက်တဲ့အထိဖြစ်သွားခဲ့ပါတယ်” ဟု မင်္ဂလာဒုံဒေသခံတစ်ဦးက ပြောဆိုသည်။

ရန်ကုန်မြို့ခံအများစုကလည်း ငလျင်ကိုသိသိသာသာခံစားရကြောင်း ရန်ကုန်ခေတ်သစ်သတင်းဌာနထံ ပြောဆိုနေကြသည်။

လတ်တလော ငလျင်လှုပ်မှုကို သိသိသာသာ ခံစားခဲ့ရသော မြို့နယ်များတွင် မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ အင်းစိန်၊ တာမွေ၊ တောင်ဥက္ကလာ၊ စမ်းချောင်း၊ မရမ်းကုန်း၊ လှိုင်မြို့နယ်၊ သင်္ဃန်းကျွန်း၊ မင်္ဂလာတောင်ညွှန့် ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ စသည်ဖြင့် နေရာအများစုက ခံစားသိရှိရကြောင်း ဒေသခံများက ဆိုကြသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ ယနေ့ ဇူလိုင်လ ၅ ရက်နေ့၊ မြန်မာစံတော်ချိန် ၇ နာရီ၊ ၃၉ မိနစ်၊ ၀၃ စက္ကန့်အချိန်တွင် ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် ၂ မိုင် ခန့်ကွာဝေးသော ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် ၁ မိုင် ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး ၃ အဆင့်ရှိ အင်အားအနည်း ငယ် ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွား ကြောင်း ထုတ်ပြန်ထားသည်။

Crd

Unicode

ရန္ကုန္တြင္ ငလ်င္လႈပ္ၿပီး ျပည္သူအမ်ားစု သိရွိလိုက္ရ၊ လွိုင္ၿမိဳ႕နယ္ကို ဗဟိုျပဳ၍ ရစ္ခ်က္တာစေကး ၃ အဆင့္ရွိ ငလ်င္လႈပ္

ရန္ကုန္၊ ဇူလိုင္ ၅

ရန္ကုန္တိုင္းအတြင္းရွိ ၿမိဳ႕နယ္အမ်ားစုတြင္ ယေန႔ နံနက္ ၇ နာရီ ၃၇ မိနစ္အခ်ိန္တြင္ ငလ်င္တစ္ခု လႈပ္ခတ္သြားၿပီး ျပည္သူအမ်ားစု သိရွိလိုက္ရေၾကာင္း ေဒသခံမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုသည္။

“ငလ်င္ေတာ္ေတာ္လႈပ္သြားတယ္။ တိုက္ေတြ အိမ္ေတြမ်ား ၿပိဳက်မတတ္ လႈပ္ခတ္သြားပါတယ္။ အိမ္မွာရွိတဲ့သူေတြ တခ်ိဳ႕ဆို ​ေခါင္းမူး​ေနာက္တဲ့အထိျဖစ္သြားခဲ့ပါတယ္” ဟု မဂၤလာဒုံေဒသခံတစ္ဦးက ေျပာဆိုသည္။

ရန္ကုန္ၿမိဳ႕ခံအမ်ားစုကလည္း ငလ်င္ကိုသိသိသာသာခံစားရေၾကာင္း ရန္ကုန္ေခတ္သစ္သတင္းဌာနထံ ေျပာဆိုေနၾကသည္။

လတ္တေလာ ငလ်င္လႈပ္မႈကို သိသိသာသာ ခံစားခဲ့ရေသာ ၿမိဳ႕နယ္မ်ားတြင္ ေျမာက္ဥကၠလာ၊ မဂၤလာဒုံ၊ အင္းစိန္၊ တာေမြ၊ ေတာင္ဥကၠလာ၊ စမ္းေခ်ာင္း၊ မရမ္းကုန္း၊ လွိုင္ၿမိဳ႕နယ္၊ သဃၤန္းကၽြန္း၊ မဂၤလာေတာင္ညႊန႔္ ၊ ေျမာက္ဒဂုံ၊ ေတာင္ဒဂုံ စသည္ျဖင့္ ေနရာအမ်ားစုက ခံစားသိရွိရေၾကာင္း ေဒသခံမ်ားက ဆိုၾကသည္။

မိုးေလဝသႏွင့္ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန၏ ထုတ္ျပန္ခ်က္အရ ယေန႔ ဇူလိုင္လ ၅ ရက္ေန႔၊ ျမန္မာစံေတာ္ခ်ိန္ ၇ နာရီ၊ ၃၉ မိနစ္၊ ၀၃ စကၠန္႔အခ်ိန္တြင္ ကမၻာေအးေျမငလ်င္စခန္းမွ အေနာက္-အေနာက္ေတာင္ဘက္ ၂ မိုင္ ခန္႔ကြာေဝးေသာ ရန္ကုန္တိုင္း၊ လွိုင္ၿမိဳ႕နယ္၏ အေရွ႕ေျမာက္ဘက္ ၁ မိုင္ ခန္႔အကြာ) ကို ဗဟိုျပဳ၍ အင္အားရစ္(ခ္)တာစေကး ၃ အဆင့္ရွိ အင္အားအနည္း ငယ္ ရွိေသာ ေျမငလ်င္တစ္ခု လႈပ္ရွားသြား ေၾကာင္း ထုတ္ျပန္ထားသည္။

Crd

Leave a Reply

Your email address will not be published.