“တိုင်းပြည်အာဏာကို ပြည်သူထံပြန်အပ်ရေး တရုတ်နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံသံတို့ ဆွေးနွေး”

News

“တိုင်းပြည်အာဏာကို ပြည်သူထံပြန်အပ်ရေး တရုတ်နိုင်ငံခြားရေး၀န်ကြီးနဲ့ အာဆီယံသံတို့ ဆွေးနွေး”

တိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်လည်အပ်နှင်းရေး အကောင်အထည်ဖော်ဖို့နဲ့ မြန်မာ့အကျပ်အတည်းဖြေရှင်းဖို့အတွက်တရုတ်နဲ့ အာဆီယံ အတူတွန်းအားပေးလမ်းကြောင်းရှာဖွေဖို့ တရုတ်နိုင်ငံခြားဝန်ကြီးဝမ်ယီနဲ့ မြန်မာ့အရေး အာဆီယံအထူးသံ ပရတ်ဆော့ခွန်းတို့ တွေ့ဆုံချိန်မှာဆွေးနွေးခဲ့တယ်လို့ မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ဒီကနေ့ ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်လာပါတယ်။

မဲခေါင် – လန်ချန်း အစည်းအဝေးတက်ဖို့ ပုဂံမှာရောက်နေတဲ့ သူတို့နှစ်ဦးတွေ့ဆုံမှုမှာ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အချက်သုံးရပ်ကို အလေးပေးပြောကြားခဲ့တယ်လို့ဆိုပါတယ်။

အဲဒီအချက်တွေထဲ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဥပဒေမူဘောင်တွေ အောက်မှာ မြန်မာနိုင်ငံက နိုင်ငံရေးပြန်လည်သင့်မြတ်ရေး စဉ်ဆက်မပြတ် တွန်းအားပေးဖော်ဆောင်ဖို့ ၊ မြန်မာအဖွဲ့အစည်းအသီးသီးက နိုင်ငံရဲ့ အခင်းအကျင်း နဲ့ ပြည်သူလူထု အကျိုးစီးပွားကို အလေးထားပြီး ဆင်ခြင်တုံတရားနဲ့ လက်တွေ့ကျမှု၊

အပြန်အလှန်နားလည်သည်းခံမှုတွေနဲ့ ကျိုးကြောင်းဆီလျော်တဲ့ တောင်းဆိုချက်တွေ ထည့်သွင်းစဉ်းစားပြီး တည်ငြိမ်အေးချမ်းရေးကို ဆောလျင်စွာ ဖော်ဆောင်ကြဖို့ ၊ အာဆီယံက “အာဆီယံနည်းလမ်း” ကို လက်ကိုင်စွဲပြီး ပြည်တွင်းရေး ဝင်ရောက်စွက်ဖက်မှုမရှိရေး၊ ပေါင်းစပ်ညှိနှိုင်းရေးအခြေခံမူတွေနဲ့ အညီ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဖို့ ဆိုတာတွေကို ဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။

တစ်ဖက်မှာလည်း လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာ့အကျပ်အတည်းကို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ဖြေရှင်းပေးရေးဆိုတဲ့ တောင်းဆိုအကြံပြုချက်တွေ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ မြန်မာခရီးစဥ်မှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေပါတယ်။

မဲခေါင် – လန်ချန်း အစည်းအဝေးတက်ဖို့ ပုဂံမှာရောက်နေတဲ့ သူတို့နှစ်ဦးတွေ့ဆုံမှုမှာ တရုတ်နိုင်ငံရဲ့ မြန်မာ့အရေး ဖြေရှင်းဖို့ နဲ့ပတ်သက်ပြီး အချက်သုံးရပ်ကို အလေးပေးပြောကြားခဲ့တယ်လို့ဆိုပါတယ်။

Crd

Unicode








Crd

Leave a Reply

Your email address will not be published.