တစ်ကျော့ပြန်ခေတ်စားလာတဲ့R2P

News

တစ်ကျော့ပြန်ခေတ်စားလာတဲ့R2P

NCA အဖွဲ့တွေက R2P မျိုး ASEAN အထူးသံကိုတောင်းသလို မီဒီယာတွေမှာလည်း R2P အသံပြန်ထွက်လာပါတယ်။ အားလုံးကတော့ ဘောမတွေကလွဲရင် R2P ကို မျှော်ပေမဲ့ သတိထားရမှာတွေ ရှိပါတယ်။ R2P ဟာ မြန်မာပြည်အတွက် ငါး ကိုအဝေမတည့်တာနဲ့ ဗိုက်သားကို အချောင်သမားကိုပေးလိုက်ရတဲ့ ပုံပြင်တစ်ခုဖြစ်လာနိုင်ပါတယ်။

ဘာလို့လဲဆိုတော့ R2P ဝင်မယ်ဆိုရင် ASEAN ကနေဝင်လည်း တရုပ်မပါရင် R2P မဖြစ်နိုင်ပါဘူး။ တရုပ်ကလည်း အခုအနေအထားမှာ မအလ နိုင်ငံ ငြိမ်အောင်မထိန်းနိုင်ဘူးဆိုတာသိနေလို့ R2P ကို မြန်မာပြည်တွင်းက သူ့နိုင်ငံ အကျိုးစီးပွားတွေကိုကာကွယ်ဖို့ သူသြဇာညောင်းပြီး နိုင်ငံကိုတည်ငြိမ်အောင်ထိမ်းနိုင်တဲ့ အစိုးရတစ်ခု ဖြစ်ပေါ်လာဖို့အတွက် option တစ်ခုအနေနဲ့စဥ်းစားပါလိမ့်မယ်။

ဒါကြောင့်မို့ ကယ်တင်ရှင် မျှော်သလို R2P ကို မျှော်တာထက် R2P ဝင်ချိန်မှာ တော်လှန်ရေးတပ်အင်အားစုတွေ အားလုံး under one command မှာ စုစုစည်းစည်းရှိနေဖို့၊ စိုးမိုးထားတဲ့နယ်မြေတွေမှာ ညီညီညွတ်ညွတ်ရှိနေဖို့ကအရေးကြီးပါတယ်။

EROs တွေ LPDF တွေ NUG, NUCC အင်အားစုတွေအားလုံး တစ်စုတစ်စည်းထည်း တစ်သံတည်းထွက်ဖို့ဟာ အခုအချိန်မှာ ပိုအရေးပါလာပါတယ်။ R2P လို အပြင်ကဝင်ထိန်းရင် ကိုယ်ပိုင်ဆိုင်စိုးမိုးထားတဲ့နယ်မြေရှိမှ၊ R2P တပ်တွေကို စုစုစည်းစည်း ညှိနိုင်းပြောဆိုနိုင်မှာပါ။

တစ်ယောက်တစ်ပေါက် ကိုယ့်ရွာ ကိုယ့်ဒေသ ကို network မရှိ၊ စုစည်းမှုမရှိ၊ ထိန်းထားတာဆို အဖွဲ့ငယ်လေးတွေကွဲနေတဲ့ လက်နက်ကိုင်ခုခံရေးအင်အားစုငယ်လေးတွေအနေနဲ့ မြင်နေရင် အမြင်မလှပါဘူး။

ဒါကြောင့် ပထမဆုံးအဆင့်အနေနဲ့ နာမည်တွေ ကိုထင်ရာကိုယ်ပေးထားတဲ့ နှလုံးလှလူမိုက်ကြီးများတို့၊ God Hand တို့၊ Brave Eagle တို့ အမည်တွေပေးတာကနေ ကရင်နီတွေလို တပ်ရင်း ၁,၂, ၃ အစဥ်လိုက် စုစည်းကြပါ။ မဝေးတဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ကြပါ။

စကစ ဟာ သံတမန် ရေးရာမှာ နောက်ကွယ်ကနေ ခြေသွက်နေတာ ကိုမြင်အောင်ကြည့်ဖို့လိုပါတယ်။ စကစ စစ်ရေးမှာ အခြေမလှတာကို ဘောမတွေပဲယုံတာပါ၊ တရုပ်က အကုန်သိနေပါတယ်။

Credit:-jia jia

Lin Maw

Unicode

#တစ္ေက်ာ့ျပန္ေခတ္စားလာတဲ့R2P

NCA အဖြဲ႕ေတြက R2P မ်ိဳး ASEAN အထူးသံကိုေတာင္းသလို မီဒီယာေတြမွာလည္း R2P အသံျပန္ထြက္လာပါတယ္။ အားလုံးကေတာ့ ေဘာမေတြကလြဲရင္ R2P ကို ေမၽွာ္ေပမဲ့ သတိထားရမွာေတြ ရွိပါတယ္။ R2P ဟာ ျမန္မာျပည္အတြက္ ငါး ကိုအေဝမတည့္တာနဲ႔ ဗိုက္သားကို အေခ်ာင္သမားကိုေပးလိုက္ရတဲ့ ပုံျပင္တစ္ခုျဖစ္လာနိုင္ပါတယ္။

ဘာလို႔လဲဆိုေတာ့ R2P ဝင္မယ္ဆိုရင္ ASEAN ကေနဝင္လည္း တ႐ုပ္မပါရင္ R2P မျဖစ္နိုင္ပါဘူး။ တ႐ုပ္ကလည္း အခုအေနအထားမွာ မအလ နိုင္ငံ ၿငိမ္ေအာင္မထိန္းနိုင္ဘူးဆိုတာသိေနလို႔ R2P ကို ျမန္မာျပည္တြင္းက သူ႔နိုင္ငံ အက်ိဳးစီးပြားေတြကိုကာကြယ္ဖို႔ သူၾသဇာေညာင္းၿပီး နိုင္ငံကိုတည္ၿငိမ္ေအာင္ထိမ္းနိုင္တဲ့ အစိုးရတစ္ခု ျဖစ္ေပၚလာဖို႔အတြက္ option တစ္ခုအေနနဲ႔စဥ္းစားပါလိမ့္မယ္။

ဒါေၾကာင့္မို႔ ကယ္တင္ရွင္ ေမၽွာ္သလို R2P ကို ေမၽွာ္တာထက္ R2P ဝင္ခ်ိန္မွာ ေတာ္လွန္ေရးတပ္အင္အားစုေတြ အားလုံး under one command မွာ စုစုစည္းစည္းရွိေနဖို႔၊ စိုးမိုးထားတဲ့နယ္ေျမေတြမွာ ညီညီညြတ္ညြတ္ရွိေနဖို႔ကအေရးႀကီးပါတယ္။

EROs ေတြ LPDF ေတြ NUG, NUCC အင္အားစုေတြအားလုံး တစ္စုတစ္စည္းထည္း တစ္သံတည္းထြက္ဖို႔ဟာ အခုအခ်ိန္မွာ ပိုအေရးပါလာပါတယ္။ R2P လို အျပင္ကဝင္ထိန္းရင္ ကိုယ္ပိုင္ဆိုင္စိုးမိုးထားတဲ့နယ္ေျမရွိမွ၊ R2P တပ္ေတြကို စုစုစည္းစည္း ညႇိနိုင္းေျပာဆိုနိုင္မွာပါ။

တစ္ေယာက္တစ္ေပါက္ ကိုယ့္ရြာ ကိုယ့္ေဒသ ကို network မရွိ၊ စုစည္းမႈမရွိ၊ ထိန္းထားတာဆို အဖြဲ႕ငယ္ေလးေတြကြဲေနတဲ့ လက္နက္ကိုင္ခုခံေရးအင္အားစုငယ္ေလးေတြအေနနဲ႔ ျမင္ေနရင္ အျမင္မလွပါဘူး။

ဒါေၾကာင့္ ပထမဆုံးအဆင့္အေနနဲ႔ နာမည္ေတြ ကိုထင္ရာကိုယ္ေပးထားတဲ့ ႏွလုံးလွလူမိုက္ႀကီးမ်ားတို႔၊ God Hand တို႔၊ Brave Eagle တို႔ အမည္ေတြေပးတာကေန ကရင္နီေတြလို တပ္ရင္း ၁,၂, ၃ အစဥ္လိုက္ စုစည္းၾကပါ။ မေဝးတဲ့ အနာဂတ္အတြက္ ႀကိဳတင္ျပင္ဆင္ၾကပါ။

စကစ ဟာ သံတမန္ ေရးရာမွာ ေနာက္ကြယ္ကေန ေျခသြက္ေနတာ ကိုျမင္ေအာင္ၾကည့္ဖို႔လိုပါတယ္။ စကစ စစ္ေရးမွာ အေျခမလွတာကို ေဘာမေတြပဲယုံတာပါ၊ တ႐ုပ္က အကုန္သိေနပါတယ္။

Credit

Leave a Reply

Your email address will not be published.