ယနေ့ အွန်လိုင်းပေါ်မှာလူပြောများနေတဲ့ သရုပ်ဆောင် သင်ဇာဝင့်ကျော်ရဲ့ SSPP/SSARMY ၀တ်စုံ ၀တ်ဆင်ရတဲ့ အကြောင်းရင်း ပြောပြီ

News


RiSE News | ဇူလိုင် ၎




ဓါတ်ပုံ – SSPP

သရုပ်ဆောင် သင်ဇာဝင့်ကျော် ဝမ်ဟိုင်းဒေသဖွံ့ဖြိုးရေးမှတ်တမ်းရိုက်ကူးနေတယ်လို့ SSPP ထုတ်ပြန်

RiSE News | ဇူလိုင် ၄

သရုပ်ဆောင် သင်ဇာဝင့်ကျော်အနေနဲ့ ဟိုက်ပါ ရေတံခွန်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ ကျေးသီးမြို့နယ် ဝမ်ဟိုင်းဒေသ ဖွံ့ဖြိုးရေး အတွက် Documentary မှတ်တမ်း ရုပ်သံ ရိုက်ကူးဖို့ကို ရှမ်းပြည်တိုးတက်ရေးပါတီ SSPP/SSAက ကမ်းလှမ်းဖိတ်ကြားခဲ့ပြီး မနေ့က (ဇူလိုင် ၃ရက်) စတင်ရိုက်ကူးခဲ့တယ်လို့ SSPPက ဆိုပါတယ်။

သရုပ်ဆောင် သင်ဇာဝင့်ကျော်အနေနဲ့ တခြားမည်သည့်နိုင်ငံရေးရည်ရွယ်ချက်နဲ့မှ ရိုက်ကူးတာမဟုတ်ပဲ သာသနာရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး စတဲ့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေကို ရိုက်ကူးဖို့အတွက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်က ကမ်းလှမ်းရိုက်ကူးခဲ့တာလို့ SSPP/SSAက ထုတ်ပြန်ထားပါတယ်။

သူမအနေနဲ့ ဝမ်ဟိုင်းဌာနချုပ်မှာ ကျင်းပပြု့လုပ်တဲ့ SSPP/SSA) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းဆု ရဲ့ သမီး မင်္ဂလာပွဲကိုလည်း ရိုက်ကူးရေးအပြီးမှာတက်ရောက်ခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဓါတ်ပုံ – SSPP


RiSE News | ဇူလိုင် ၎




ဓါတ်ပုံ – SSPP

Leave a Reply

Your email address will not be published.